Author: USDP 2016
မူဝါဒအပြောင်းအလဲကြောင့် ဧရာဝတီကစားသမား ၂၀ ခန့် အသင်းနှင့်လမ်းခွဲ
ပြီးခဲ့သည့်ဘောလုံးရာသီ၌ ဧရာဝတီအသင်းနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)
မြန်မာလိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းသည် ၂၀၁၉ ဘောလုံးရာသီသစ်တွင် အသက်(၃၀)ကျော် ကစားသမားများကို အသင်း၌ ဆက်မထားလိုသည့် မူဝါဒအပြောင်းအလဲကြောင့် စာချုပ်သက်တမ်းကုန်ဆုံးသည့် ကစားသမား ၂၀ ခန့် အသင်းနှင့်လမ်းခွဲခဲ့သည်။
Read moreအာရှတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ကာတာနောက်ခံလူရရှိ
အာရှဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်သည့် အာရှတစ်နှစ်တာ အကောင်းဆုံးကစားသမားအချို့ကို ကာတာ လက်ရွေး စင်အသင်း၏ နောက်ခံလူ အက်ဘ်ဒ်လ်ကာရင်ဟက်ဆန်က ရရှိခဲ့ကြောင် အေပီ သတင်းဌာနက ဖော်ပြသည်။
ဘယ်နောက်ခံလူတစ်ဦးဖြစ်သော အက်ဘ်ဒဲလ်ကာရင်ဟက်ဆန် သည် ပြီးခဲ့သည့်ဘောလုံးရာသီက မိခင်လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးခြေစွမ်းမျိုးဖြင့် ကစားပေးနိုင်ခဲ့သည့်အပြင် မိခင်ကလပ်ဖြစ်သော အယ်လ်ဆတ်အသင်း အာရှချန်ပီယံလိဂ်ပွဲ ဆီမီးဖိုင်နယ်ရောက်စေရန်လည်း စွမ်းဆောင်ပေးနိုင်ခဲ့သည်။
Read moreဝိုင်ဒါနဲ့ထိုးမယ့်ပွဲက ရလာမယ့်ငွေကြေးအားလုံး လှူဒါန်းမယ့် တိုင်ဆန်ဖျူရီ
ဒီယွန်တေးဝိုင်ဒါနဲ့ ထိုးသတ်မယ့်ပွဲစဉ်က ရရှိလာမယ့် ငွေကြေးအားလုံးကို အိမ်ရာမဲ့တွေအတွက် လှူဒါန်း သွားမယ်လို့ တိုင်ဆန်ဖျူရီက ပြောပါတယ်။ လာမယ့်စနေနေ့ညကျရင် ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီနဲ့ အမေရိကန်ဟဲဗီးဝိတ် လက်ဝှေ့သမား ဒီယွန်တေးဝိုင်ဒါတို့ လော့စ်အိန်ဂျလိစ်မြို့မှာ ထိုးသတ်ကြမှာဖြစ်ပြီး တိုင်ဆန်ဖျူရီအနေနဲ့ ဒေါ်လာသန်းချီ ရရှိမှာပါ။ WBC ချန်ပီယံလိဂ်ခါးပတ်ကို ကာကွယ်ရမယ့် အဲဒီပွဲစဉ်မှာ ဘယ်လိုရလဒ်မျိုး ထွက်ပေါ်လာတာပဲဖြစ်ဖြစ် ရရှိလာတဲ့ ငွေကြေးကို သူ့အတွက်၊ ကိုယ်ဝန်ဆောင် ဇနီးသည် အတွက်၊ သားသမီးတွေ အတွက် သုံးမှာမဟုတ်ဘဲ အိမ်ရာမဲ့တွေအတွက် အဆောက်အအုံတွေ ဆောက်လုပ် လှူဒါန်းသွားမယ်လို့ တိုင်ဆန်ဖျူရီက ပြောပါတယ်။
Read moreနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် တစ်ချက်တည်းနဲ့ကျင်းဝင်အောင် ရိုက်နိုင်ခဲ့တဲ့ တိုက်ဂါးဝုဒ်
ဘဟားမားနိုင်ငံမှာ ကျင်းပမယ့် Hero World Challenge ပြိုင်ပွဲအတွက် လေ့ကျင့်နေတဲ့ နာမည်ကျော် ဂေါ့ဖ်ရိုက်သမား တိုက်ဂါးဝုဒ်ဟာ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် တစ်ချက်တည်းနဲ့ ကျင်းဝင်အောင် ရိုက်နိုင်ခဲ့ပါတယ်။ တိုက်ဂါးဝုဒ်ဟာ ဂေါ့ဖ်ပြိုင်ပွဲသမိုင်းကို အကြီးအကျယ် လွှမ်းမိုးနိုင်ခဲ့ပေမဲ့ အဓိကဆုဖလား ၁၄ လုံးအနက် ၁၃ လုံး ဆွတ်ခူးနိုင်ချိန်မှာ တစ်ချက်တည်းနဲ့ ကျင်းဝင်ခဲ့ခြင်းမရှိပါဘူး။
Read moreကမ္ဘာ့စစ်တုရင် ချန်ပီယံသစ်
ကမ္ဘာ့စစ်တုရင်ချန်ပီယံ သစ်တဦးပေါ်ထွက်လာပါပြီ။ နော်ဝေနိုင်ငံသား Magnus Carlsen ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး စစ်တုရင်သမားအဖြစ်ကြေညာပါတယ်။
လန်ဒန်မှာကျင်းပတဲ့ ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲမှာ အမေရိကန်က Fabiano Caruana ကို 3-0 နဲ့ အနိုင်ရခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ နောက်ဆုံးအဆင့်ကစားပွဲတွေမှာ ၁၂ပွဲသရေကျပြီး တပွဲကို အချိန်၇နာရီ အထိကြာ ခဲ့ပါတယ်။
Read moreရုရှားက ခရိုင်းမီးယားဒေသတွင် ဝေဟင်ပစ်ဒုံးကျည်စနစ် ဖြန့်ကြက်
ရုရှားဟာ နိုဝင်ဘာ ၂၉ ရက်နေ့က ခရိုင်းမီးယားဒေသမှာ S-400 ဝေဟင်ပစ်ဒုံးကျည်စနစ်တွေကို ဖြန့်ကြက်ခဲ့ပါတယ်။ ရုရှားလေတပ် ဒုတိယဗိုလ်ချုပ်ကြီးက ဖြန့်ကြက်ထားတဲ့ ဒုံးကျည်တွေဟာ ပစ်မှတ်ရဲ့ အမြင့်နဲ့ အမြန်နှုန်းကို ထည့်တွက်စရာမလိုဘဲ ဝေဟင်ကာကွယ်ရေး လုပ်ဆောင်နိုင်တယ်လို့ ရှင်းပြခဲ့ပါတယ်။
သူက အဲဒီဒုံးကျည်စနစ်ဟာ အမြင့် ကီလိုမီတာ ၃၀ မှာ အမြန်နှုန်း တနာရီ ကီလိုမီတာ ၂,၇၀၀ နဲ့ လှုပ်ရှားနေတဲ့ ပစ်မှတ်တွေကို ထိမှန်အောင် ပစ်ခတ်နိုင်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
Read moreကျောင်းသားတဦးကို သတ်ဖြတ်မှုဖြင့် ဖိလစ်ပိုင်ရဲဝန်ထမ်း ၃ ဦးကို ထောင်ဒဏ် အနှစ် ၄၀ ချမှတ်
အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသားတဦးကို သတ်ဖြတ်မှုနဲ့ ရဲဝန်ထမ်း ၃ ဦးကို ပြစ်မှု ထင်ရှားကြောင်း ဖိလစ်ပိုင်တရားရုံးက နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ သမ္မတ ဒူတာတေးလက်ထက် မူးယစ်တိုက်ဖျက် စစ်ဆင်ရေးအတွင်း ပထမဆုံးအကြိမ် ပြစ်ဒဏ်စီရင်တာပဲ ဖြစ်ပါတယ်။
Read moreဂျော်ဂျီယာတွင် ပထမဦးဆုံးအမျိုးသမီးသမ္မတရွေးကောက်တင်မြှောက်
ဂျော်ဂျီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် Salome Zurabishvili သည် အနိုင်ရရှိခဲ့ပြီး နိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးသမ္မတ ဖြစ်လာမည်ဟု သိရသည်။ ပြင်သစ်နိုင်ငံဖွား သံသမန်ဟောင်း တစ်ဦဖြစ်သူ မစ္စ Zurabishvili သည် ထောက်ခံမဲ ၅၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ဖြစ်ပြီး သူမ၏ ပြိုင်ဘက်ဖြစ်သူ Grigol Vash-adze သည် ထောက်ခံမဲ ရာခိုင်နှုန်း ၄၀ ရရှိခဲ့ခြင်းဖြစ်သည်။
Read moreTrump နဲ့ Putin သီးခြားတွေ့ဆုံမယ့် အစီအစဉ် ဖျက်သိမ်း
အမေရိကန်သမ္မတ Donald Trump အနေနဲ့ ရုရှားသမ္မတ Vladimir Putin နဲ့ G20 စီးပွားရေး အင်အားကြီးနိုင်ငံများထိပ်သီးပွဲ ပြင်ပမှာ တွေ့ဖို့ အရင်ပြင်ထားတာကို ရုတ်တရက် ဖျက်သိမ်းပစ်လိုက်ပါတယ်။
ရုရှားအနေနဲ့ တနင်္ဂနွေနေ့တုန်းက ယူကရိန်း သဘောနဲ့ သဘောင်္သားတွေကို ဖမ်းခဲ့အပြီး၊ ခုချိန်ထိ ပြန်မလွှတ်ပေးခဲ့တာအတွက်၊ စနေနေ့မှာ သမ္မတ Putin နဲ့တွေ့ဖို့ အရင်စီစဉ်ထားတာကို သမ္မတ Trump ဖက်က ဖျက်သိမ်းလိုက်တာပါ။
Read more