ထွန်းထွန်းမင်းနှင့် လက်ရှိ မြန်မာပြည်ချန်ပီယံ ဒေ့ဗ်တို့ ဒီဇင်ဘာ ၁၆ ရက်တွင် ထိုးသတ်မည်

မြန်မာပြည် ချန်ပီယံဟောင်း လက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့် လက်ရှိ မြန်မာပြည်ချန်ပီယံ ဒေ့ဗ်လက်ဒပ်(ဒေဝ)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည့် မြန်မာပြည် အလွတ်တန်းချန်ပီယံလုပွဲကြီးကို ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

Read more

“ရီးရဲနဲ့ပြန်တွေ့လည်း ဂရုမစိုက်ဘူးဆိုတဲ့ ယာဂင်ကလော့ပ်”

ယမန်နေ့ညက နာပိုလီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး သွင်းဂိုးအသာနဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့တဲ့ လီဗာပူးအသင်းဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ ပြန်လည်တွေ့ဆုံနိုင်ပေမယ့် လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဘယ်အသင်းနဲ့တွေ့မလဲဆိုတာကို စိတ်ထဲမရှိဘူးလို့ ပြောခဲ့ပါတယ်။

ယာဂင်ကလော့ပ်က နောက်ထပ်ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဘယ်အသင်းနဲ့ ပိုပြီးတွေ့ဆုံချင်တယ်ဆိုတာမျိုးနဲ့ လက်ရှိချန်ပီယံရီးရဲမက်ဒရစ်အသင်းကို လက်စားချေဖို့ မတွေးထားကြောင်း ပြောကြားခဲ့ပါတယ်။

Read more

ပရိသတ်တွေ ကန့်ကွက်နေတဲ့ကြားက အမေရိကမှာ လာလီဂါပွဲ သွားကစားဖို့ ဆက်ပြီးစီစဉ်နေတဲ့ ဘာစီလိုနာ

စပိန်​ကလပ်​ဘာစီလိုနာအသင်းဟာ အ​မေရိကန်​နိုင်​ငံမှာလာလီဂါပွဲအချို့ကို ကျင်းပနိုင်​ဖို့ကြိုးစား​နေတဲ့ လာလီဂါ​ဘောလုံးအဖွဲ့ချုပ်​ ဥက္ကဌတီဘက်​စ်​ရဲ့ အစီအစဉ်​ကို ​ထောက်​ခံကာ ဇန်​န၀ါရီ လ ၂၆ ရက်​​နေ့တွင်​ ကစားရမယ့်​ ကက်​တလန်​ဒါဘီပြိုင်​ဖက်​ဂီရိုနာအသင်းနဲ့ ပွဲစဉ်​ကို အ​မေရိကန်​မှာ သွား​ရောက်​ကစားဖို့ကို ဆက်​လက်​စီစဉ်​​နေတယ်​လို့ Marca သတင်းစာရဲ့​ ဖော်​ပြမှုအရ သိရပါတယ်​။ ယခုနှစ်​အ​စောပိုင်းက လာလီဂါ​ဘောလုံးအဖွဲ့ချုပ်​ ဥက္ကဌတီဘက်​စ်​ဟာ အ​မေရိ ကန်​မီဒီယာ ကုမ္ပဏီတစ်​ခုဖြစ်​တဲ့ Relevant နဲ့ တစ်​နှစ်​လျှင်​ လာလီဂါပွဲစဉ်​တစ်​ပွဲကို အ​မေရိကန်​မှာ လာ​ရောက်​ကစားဖို့ ​ငွေ​ကြေး​မြောက်​မြားစွာနဲ့ ၁၅ နှစ်​ စာချုပ်​ ချုပ်​ဆိုထားခဲ့တယ်​လို့ ပရိသတ်​​တွေကို အသိ​ပေးခဲ့ပါတယ်​။

Read more

ဗလင်စီယာနှင့်ပွဲတွင် ပေါ့ဂ်ဘာ ပါဝင်မည်ဟု မော်ရင်ဟို အတည်ပြု

မန်ချက်စတာယူနိုက်တက်အသင်း နည်းပြ မော်ရင်ဟိုဟာ ပေါ့ဂ်ဘာကို ပွဲကစားခွင့် မပေးတော့ပေမယ့် ရောင်းချဖို့တော့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။

ပေါ့ဂ်ဘာဟာ မန်ယူအသင်းရဲ့ ပွဲစဉ်နှစ်ပွဲစလုံးမှာ အရန်ကစားသမားအဖြစ်ပဲ ပါဝင်ခဲ့ရပြီး မော်ရင်ဟိုကလည်း သူ့ရဲ့ နည်းစနစ်အသစ်မှာ အံမဝင်တာကြောင့် ပွဲထွက်အသုံးမပြုခဲ့တာလို့ သိရပါတယ်။

ပရီးမီးယားလိဂ်နှစ်ပွဲမှာ ပေါ့ဂ်ဘာကို ပွဲထွက်ကစားခွင့် မပေးခဲ့ပေမယ့် ဗလင်စီယာနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာတော့ ပေါ့ဂ်ဘာကို ပွဲထွက်ကစားစေမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Read more

မြောက်ကိုရီးယား အကြီးတန်းအာဏာပိုင်သုံးဦးကို အမေရိကန်က ပိတ်ဆို့ရန် လုပ်ဆောင်

ဝါရှင်တန် ဒီဇင်ဘာ ၁၁

အမေရိကန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ ညှိနှိုင်းဆွေးနွေးမှုများ အောင်မြင်တိုးတက်မှု သိသိသာသာ မဖြစ်ထွန်းသေးချိန်တွင် အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားမှ ထိပ်တန်း အာဏာပိုင် သုံးဦးကို လူ့အခွင့်အရေး အလွဲသုံးပြုလုပ်မှုဖြင့် ပိတ်ဆို့မှုများချမှတ်ရန် စီစဉ်နေကြောင်း အင်န်အိတ်ခ်ျကေ သတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။

Read more

ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု၌ အမေရိကန်ကုမ္ပဏီများကြီးစိုးထား

စတော့ဟုမ်း ဒီဇင်ဘာ ၁၁

အမေရိကန်ပြည်ထောင်စုသည် ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့အကြီးမားဆုံး စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် နိုင်ငံအဖြစ် ရပ်တည်ခဲ့ကြောင်း ဆွီဒင်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့တစ်ဖွဲ့က ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားသည်။

Read more

Facebook ဌာနချုပ်မှာ ဗုံးလန့်မှုဖြစ်ပွား

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီယားပြည်နယ်မှာရှိတဲ့ လူမှုကွန်ရက်ကုမ္ပဏီ Facebook ရဲ့ ရုံးဌာနချုပ်ဝန်း အတွင်း ဗုံးလန့်မှု တစ်ခုဖြစ်ခဲ့ပြီး အဆောက်အဦးတစ်ချို့ကို ရှင်းလင်းခဲ့ရကြောင်း ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၁၁ ရက်က ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် Menlo Park မှာ ရှိတဲ့ Facebook ရုံးချုပ်ဝန်းအတွင်းက အဆောက်အအုံ တစ်ချို့မှာ ရှိသူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရပြီး ဗုံးရှာဖွေ ရှင်းလင်းမှုတွေ ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။

Read more

ဝင်ငွေအနည်းဆုံး လုပ်သားများကို လုပ်ခတိုးမြှင့်ပေးမည်ဟု ပြင်သစ်သမ္မတ ကြေညာ

ပြင်သစ်နိုင်ငံအတွင်း သီတင်းပတ်ကြာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို လိုက်လျောတဲ့အနေနဲ့ ဝင်ငွေအနည်းဆုံး လုပ်သားတွေကို လုပ်ခတိုးမြှင့်ပေးပြီး ပင်စင်စားတွေကို အခွန်လျှော့ပေးမယ်လို့ သမ္မတမာခွန်းက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ နိုင်ငံတဝှမ်း အဆိုးရွားဆုံး မငြိမ်သက်မှုတွေ ဖြစ်ပေါ်ပြီးနောက် နိုင်ငံကို ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတ မာခွန်းက တည်ငြိမ်ရိုကျိုးစွာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Read more

ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲ လာမည့်ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပမည်

များစွာနှောင့်နှေးကြန့်ကြာမှုများဖြစ်ပွားနေခဲ့သည့် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို လာမည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပသွားမည်ဟု ရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်တွင် လက်ရှိစစ်အစိုးရ အာဏာယူခဲ့စဉ်မှ စတင်ကာ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုကို တင်းကျပ်စွာတားမြစ်ထားသည်ဖြစ်ရာ တားမြစ်ထားမှုအား ဖယ်ရှားရေးသည် အစိုးရပေါ်တွင် မူတည်သည်ဟု သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂၀၁၈) ပထမနေ့ ကျင်းပ

 

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ(၂၀၁၈)ကို ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ခန်းမဆောင်၌ကျင်းပပြုလုပ်သည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ(၂၀၁၈) ပထမနေ့အခမ်းအနားသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ တက်ရောက်ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

Read more