တိုက်စစ်မှူးဟောင်း ဆိုးလ်ရှား မန်ယူယာယီနည်းပြဖြစ်လာ
မန်ယူအသင်းက တိုက် စစ်မှူးဟောင်း ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ယခုရာသီကုန် အထိ ခန့်အပ်ကြောင်း တရားဝင် ကြေညာသည်။
Read moreမန်ယူအသင်းက တိုက် စစ်မှူးဟောင်း ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ယခုရာသီကုန် အထိ ခန့်အပ်ကြောင်း တရားဝင် ကြေညာသည်။
Read moreမန်ယူနည်းပြအဖြစ်ကနေ မော်ရင်ဟို ထုတ်ပယ်ခံရပြီးနောက် လေးစားမှုမရှိတဲ့သဘောနဲ့ တွစ်တာမှာ ဓာတ်ပုံနဲ့ ပို့စ်တင်ခဲ့တဲ့ ပေါ့ဂ်ဘာကို အရေးယူဖို့ရှိတယ်လို့ သိရပါတယ်။
မန်ယူအသင်းက မော်ရင်ဟိုကို ထုတ်ပယ်လိုက်တယ်လို့ ကြောညာပြီးနောက် ဘေးတံစောင်းကြည့်နေတဲ့ သူ့ရဲ့ပုံကိုတင်ပြီး ခေါင်းစဉ်တပ်ပေးပါဆိုတဲ့ပို့စ်ကို တွစ်တာမှာ တင်ခဲ့တာပါ။
ဒီတွစ်တာပို့စ်ကို ၁၀ မိနစ်အတွင်းမှာ ပေါ့ဂ်ဘာက ဖျက်ပစ်လိုက်ပေမယ့် ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။
Read moreဆူဒန်နိုင်ငံတွင် ဆန္ဒပြနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
ခါတွန်၊ ဒီဇင်ဘာ ၂၀ ရက်
ဆူဒန်နိုင်ငံ နာအယ်လ်-နီလ်ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သော အတ်ဘရာမြို့တွင် ဒီဇင်ဘာလ ၁၉ ရက်က အရေးပေါ်အခြေအနေကြေညာလိုက်ပြီး ညဘက်အပြင်မထွက်ရ အမိန့်ထုတ်ပြန်လိုက်ကြောင်း Ashorooq net က သတင်းဖော်ပြထားသည်။
Read moreဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကြားတွင် အပြန်အလှန်ဆက်သွယ်မှုများ ပြုလုပ်ရန် တည်ဆောက်ထားသည့် ဆက်သွယ်ရေးကွန်ရက်ကို ဟက်ကာများက ပစ်မှတ်ထားတိုက်ခိုက်မှု ပြုလုပ်ခြင်းများကို မကြာခဏ ကြုံတွေ့ခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြသည်။
ဥရောပသမဂ္ဂ၏ ဆက်သွယ်ရေးကွန်ရက်ကို အဖွဲ့ဝင်နိုင်ငံများကြား သိုမဟုတ် အဖွဲ့ဝင်နိုင်ငံများနှင့် မဟာမိတ်နိုင်ငံ များကြားတွင် အရေးကြီးသည့်အကြောင်းအရာများ ဆက်သွယ်ပြောဆိုရန် သို့မဟုတ် အရေးကြီးသည့်သတင်း အချက်အလက်များ ပေးပို့ရန်အတွက် တည်ဆောက်ထားခြင်းဖြစ်သည်။ ပြီးခဲ့သည့်လပိုင်းများအတွင်း၌ အမေရိကန်အစိုးရက ကမ္ဘာ့ကုန်သွယ်ရေး ကဏ္ဍနှင့်ဆိုင်သော သတင်းအချက်အလက်များကို ဥရောပသမဂ္ဂ၏ ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ပေးပို့ရာတွင် ဖောက်ထွင်းမှုများ ကြုံတွေ့ခဲ့ကြောင်း သိရသည်။
Read moreဝါရှင်တန် ၊ ဒီဇင်ဘာ ၂၀ ရက်
အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန် နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အစွန်းရောက် တပ်ဖွဲ့ အား တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၉ ရက် တွင် ပြောကြား ခဲ့သည်။
ဒေါ်နယ်ထရမ့် က IS အစွန်းရောက် အဖွဲ့အစည်း အား တိုက်ခိုက်ခြင်း သည် လက်ရှိ အမေရိကန် အစိုးရ ၏ ဆီးရီးယား နိုင်ငံအတွင်း အမေရိကန် တပ်ဖွဲ့ ထားရှိရသည့် တစ်ခုတည်းသော ရည်ရွယ်ချက် ဖြစ်ကြောင်း ကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
ဆော်ဒီဂျာနယ်လစ် ကာရှော့ဂီ ပျောက်ဆုံးနေပြီးနောက် ၎င်း၏ပုံများကို ကိုင်ဆောင်ကာ အစ္စတန်ဘူလ်မြို့ ဆော်ဒီကောင်စစ်ဝန်ရုံးအပြင်ဘက်တွင် ဆန္ဒပြနေသော လူ့အခွင့်အရေးအဖွဲ့ (IHD)၏ အဖွဲ့ဝင်များ (BULENT KILIC / AFP)
၂၀၁၈ အတွင်း ကမ္ဘာတစ်ဝန်း ဂျာနယ်လစ် ၅၃ ဦး သတ်ဖြတ်ခံရပြီး သတ်ဖြတ်ခံရသည့် သတင်းထောက် ဦးရေနှစ်ဆခန့် မြင့်တက်လာကာ သုံးနှစ်အတွင်း အများဆုံးဖြစ်ကြောင်း ဂျာနယ်လစ်များ ကာကွယ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
Read more
ရန်ကုန်၊ ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီရုံးတွင်ဒီဇင်ဘာလ(၁၉)ရက်နေ့လည်(၁:၃၀)နာရီကတိုင်းခရိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌများအတွင်းရေးမှုးမျာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ရန်ကုန်တိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးတိုင်းပါတီအတွင်းရေးမှုးဒေါက်တာကျော်စိုးနှင့်တိုင်းကော်မတီဝင်များခရိုင်လေးခရိုင်မှဥက္ကဌနှင့်ကော်မတီဝင်များမြို့နယ်ပါတီဥက္ကဌအတွင်းရေးမှုးများတက်ရောက်ကြသည်။
အစီအစဉ်အရပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းပါတီဥက္ကဌဦးခင်မောင်စိုးမှ၂၀၂၀ပါတီအောင်နိုင်ရေးအတွက်စည်းရုံးရေးလုပ်ငန်းစဉ်များပါတီတွင်းစည်းလုံးညီညွတ်မှုရှိရေးနှင့်ပါတီဝင်များပြည်သူထံကွင်းဆင်းစည်းရုံးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုပြောကြားသည်။
ဆက်လက်၍ခရိုင်ပါတီဥက္ကဌများမှခရိုင်အလိုက်ဆောင်ရွက်လျှက်ရှိသည့်စည်းရုံးရေးလုပ်ငန်းစဉ်များကိုတင်ပြသည်။
ထို့နောက်တိုင်းအတွင်းရေးမှုးဒေါက်တာကျော်စိုးနှင့်တိုင်းဘဏ္ဍာရေးမှုးဒေါ်အေးမင်းမိုးမှဆွေးနွေးသည်။
နိဂုံးချူ ပ်အဖြစ်ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းပါတီဥက္ကဌဦးခင်မောင်စိုးမှနိဂုံးချူ ပ်အမှာစကားပြောကြားပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ထိန်ဝင်း(YGN)
ဝက်လက် ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် အလည်တောကျေးရွာအုပ်စု အလည်တောကျေးရွာ မြို့နယ်အရန်ပါတီ ကော်မတီဝင် ဦးမောင်မောင်နေအိမ်နှင့် ကွမ်းဘောင်ကျေးရွာအုပ်စု လယ်မှီးကျေး ရွာပါတီအုပ်စုဥက္ကဋ္ဌ ဦးကျော်စိန်နေအိမ် များ၌ ယမန်နေ့နံနက် ၉နာရီခွဲတွင် ကျေးရွာ အုပ်စု ပါတီဆိုင်းဘုတ်အသစ်များတင်ခြင်း ကို ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ယမန်နေ့နံနက် ၁ဝ နာရီ က ဖျာပုံခရိုင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ဖျာပုံ မြို့နယ် ပင်လယ်ဘက်ခြမ်းရှိ အမာ မြို့နယ်ခွဲ နောက်မီး၊ အရှေ့ဖျား၊ ဆိပ်မ၊ ကျောင်းကုန်း၊ ဘဝသစ်၊ ကြက်ဖမွေးဇောင်းကျေးရွာများရှိရပ်မိ ရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် မွန်းလွဲ ၁၂ နာရီခွဲ၌ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ဖျာပုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊အရန်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ် ကွက်၊ ကျေးရွာအုပ်စုဥက္ကဋ္ဌများနှင့် စည်းရုံး ရေးမှူးများအား တွေ့ဆုံခဲ့သည်။