ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးထုနှင့်တွေ့ဆုံ

 

ရန်ကုန် ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ အမျိုးသမီးညီလာခံသို့တက်ရောက်ခဲ့ကြသည့် ရန်ကုန် တိုင်းမှ အမျိုးသမီးညီလာခံကိုယ်စားလှယ်များနှင့် ပါတီဗဟို အတွင်းရေးမှူး ဗဟိုအမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်း နွယ်၊ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့က တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ကျင်းပကြောင်း သိရသည်။

Read more

အားကစား သတင်းတိုများ

■ ဒီဇင်ဘာ ၂၆ ရက်ပွဲစဉ်များမတိုင်မီ ပရီးမီးယားလိဂ်ဒုတိယရာသီဝက်သို့ ဇယားထိပ်ဆုံးအသင်းအဖြစ် ဝင်ရောက်ရန် ပြင်ဆင်နေစဉ် မိမိအပေါ် ဖိအားပေးနေခြင်းမရှိ ဟု လီဗာပူးနည်းပြ ဂျာဂန် ကလော့ပ် က ပြောသည်။

■  ရိုးမားနှင့် အေစီမီလန်သို့ ပြောင်းမည်ဟု သတင်းထွက်နေသော တိုက်စစ်မှူးဖာဘီယိုကွာဂလီယာရယ်လာ (၃၆) နှစ် အား ဆမ်ဒိုးရီး ယားက ၂၀၂၀ ဇွန်လအထိ စာချုပ်သစ် ချုပ်ဆိုသည်။

Read more

လူမျိုးရေးခွဲခြားမှုကို ထုတ်ဖော် ပြောကြားသော စတာလင်ကို ဆောက်သ်ဂိတ် ချီးကျူး

ဘောလုံးလာကမှ လူ မျိုးရေးခွဲခြားမှု ကိစ္စကိုထုတ်ပြောသော စတာလင်သည် လေးစားစရာ သတ္တိရှိမှုကို ပြသခဲ့ သည်ဟု အင်္ဂလန်အသင်းမန်နေဂျာဂါရတ် ဆောက်သ်ဂိတ်ကပြောသည်။

ယခုလ စောစောပိုင်းက စတမ်းဖို့ဒ်ဘရစ်ခ်ျ၌ မန်စီးတီးက ချယ်လ်ဆီးကို ရှုံးနိမ့်သော ပွဲစဉ်တွင် စတာလင်သည် လူမျိုးရေး ခွဲခြား စော်ကားခံခဲ့ရသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

Read more

ပြင်သစ်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဘာပေ ရရှိ

ပါရီ – ပြင်သစ်နှင့်အတူ ကမ္ဘာ့ ဖလားရရှိခဲ့သော ပီအက်စ်ဂျီလူ ငယ်တိုက်စစ်မှူး မက်ဘီသည် ၎င်း၏ လက်ရွေးစင် အသင်းဖော်များဖြစ်သော ဗာရိန်းနှင့် ဂရစ်ဇ် မန်းတို့ကိုကျော်ဖြတ်၍ ၂၀၁၈ အတွက် တစ်နှစ်တာအကောင်းဆုံး ပြင်သစ်ကစားသမားဆုကို ရရှိခဲ့သည်။

ရုရှားတွင် ပြင်သစ်အသင်း ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့ရာတွင် ၎င်းတို့သုံးဦးစလုံးသည် အသင်း အတွက် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်ခဲ့သော်လည်း မက်ဘီသာ ပြင်သစ်နိုင်ငံ၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။

Read more

ဆာမက်ပရာကန်အသင်းနဲ့ ကျော်ကိုကို တရားဝင်စာချုပ်လိုက်ပြီ

ထိုင်းလိဂ်(၁)ကလပ် ဆာမက်ပရာကန်အသင်းဟာ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကို ကို တစ်နှစ်အငှား စာချုပ်နဲ့ တရားဝင်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကို ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ထိုင်းလိဂ်ကလပ် ချင်းရိုင်အသင်းမှာ ကစားခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ ဆာမက်ပရာကန်အသင်းနဲ့ စာချုပ် လိုက်ပြီဖြစ်ပါတယ်။ ကျော်ကိုကို ဟာ ချင်းရိုင်အသင်းမှာ ဒဏ်ရာရရှိခဲ့လို့ တစ်နှစ်နီးပါးအနားယူခဲ့ရပြီးနောက်မှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာတဲ့အတွက် ရန်ကုန်ယူနိုက်တက် အသင်းကနေ ဆာမက်ပရာကန်အသင်းက အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။

Read more

ထိုင်ဝမ် ရောက် ဗီယက်နမ် ၁၅၀ ကျော် ပျောက်ဆုံးသွား

ထိုင်ဝမ်နိုင်ငံကို ခရီးသွားအလည်အပတ်ဗီဇာနဲ့ ရောက်ရှိလာခဲ့တဲ့ ဗီယက်နမ်နိုင်ငံသား ၁၅၂ ဦး ပျောက်ဆုံး သွားကြတယ်လို့ ထိုင်ဝမ် အာဏာပိုင်တွေက ပြောပါတယ်။

ထိုင်ဝမ်အနေနဲ့ လွန်ခဲ့တဲ့ သုံးနှစ်ကစလို့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆောင်ရွက်ခဲ့ရာမှာ တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေက ခရီးသွားတွေကို ဆွဲဆောင်တဲ့အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာတွေ တိုးမြှင့်ထုတ်ပေးခဲ့ ပါတယ်။

Read more

သမ္မတ Trump ကန်တပ်တွေနှုတ်ဆက်ဖို့ အီရတ်ကို ရုတ်တရက်သွားရောက်

သမ္မတ Trump နဲ့ ဇနီးတို့ အီရတ်မှာရှိတဲ့ တပ်ဖွဲ့တွေနှင့် တွေ့ဆုံစဉ်။

အီရတ်မှာ ရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေဆီကို အမေရိကန်သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ ကြေညာမထားပဲ သွားရောက်ခဲ့ပါတယ်။

သမ္မတ Trump နဲ့ သမ္မတကတော် Melania Trump တို့ဟာ အီရတ်စံတော်ချိန် ညနေ ၇ နာရီ ၁၆ မိနစ်မှာ အီရတ်အနောက်ပိုင်းက al-Asad လေတပ် အခြေစိုက်စခန်းကို ရောက်သွားတာပါ။

Read more

ရွေးကောက်ပွဲ စောကျင်းပဖို့ အစ္စရေး လွှတ်တော်ဖျက်သိမ်း

အစ္စရေးနိုင်ငံမှာ ပုံမှန်အတိုင်း ကျင်းပရမယ့် ရွေးကောက်ပွဲရက်ထက် ၆ လစောပြီး ဧပြီလ ၉ ရက်နေ့မှာ ရွေးကောက်ပွဲအသစ်တွေ ကျင်းပနိုင်ရေးအတွက် လွှတ်တော်ကို ဖျက်သိမ်း လိုက်ကြောင်း လွှတ်တော် အမတ်တွေက ဗုဒ္ဓဟူးနေ့မှာ မဲခွဲဆုံး ဖြတ်လိုက်ကြပါတယ်။

Read more

စီးပွားဖြစ် ဝေလငါးဖမ်းဆီးမှု ဂျပန်ပြန်လည် ခွင့်ပြု

ဂျပန်နိုင်ငံအနေဖြင့် ဝေလငါး ထိန်းသိမ်းစောင့်ရှောက်ရေး နိုင်ငံတကာကော်မရှင်(IWC) မှ နုတ်ထွက်ပြီး လာမည့်နှစ်တွင် စီးပွားဖြစ် ဝေလငါးဖမ်းယူမှု ပြန်လည်စတင်မည်ဖြစ်ကြောင်း နိုင်ငံတကာက ဝေဖန်မည်ဟု မျှော်လင့်ရသော လုပ်ရပ်တစ်ခုအတွင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ယင်းကြေညာချက် ထွက်ပေါ်လာမည်ဟု ကျယ်ကျယ်ပြန့် ပြန့် မျှော်လင့်ထားပြီး ဂျပန်က စီးပွားဖြစ် ဝေလငါးဖမ်းမှု ပြန်လည်စတင်ခွင့်ပြုရေး IWC ကို ယခုနှစ် စောစောပိုင်းက စည်းရုံးရန် ကြိုးပမ်းမှုမအောင်မြင်ဖြစ်ခဲ့ ပြီးနောက် ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

Read more

အမျိုးသမီးရေးရာ အိတ်ထိုး ပန်းထိုးသင်တန်းဖွင့်လှစ်သင်ကြားပေး

 

ရန်ကုန် ဒီဇင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး ရေးရာအဖွဲ့၏ဦးဆောင်မှုဖြင့် တွံတေးမြို့နယ် စက်ကလေးကျေးရွာ၌ အိတ်ထိုး ပန်းထိုး သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက စတင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းသို့ တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်အေးအေးမြင့်၊ ခရိုင်ကော်မတီဝင် သင် တန်းနည်းပြ ဒေါ်လဲ့လဲ့အောင်၊ တွံတေးမြို့ နယ်ပါတီအတွင်းရေးမှူး ဦးတင်ဝင်းထွန်း၊ အမျိုးသမီးရေးရာတာဝန်ခံဒေါ်ညွန့်ညွန့်သိန်း၊ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌနှင့် အမျိုးသမီး ရေးရာတာဝန်ခံများ၊ သင်တန်းသူများတက် ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းအား သုံးရက်ကြာဖွင့် လှစ်သွားမည်ဖြစ်ပြီး သင်တန်းသူ၁၅ဦးတက် ရောက် သင်ကြားကြကြောင်း သိရသည်။

Read more