ဘင်ဖီကာအသင်း ကမ်းလှမ်းချက်ကို မော်ရင်ဟို ပယ်ချ

မန်ယူမှ ထွက်ခွာသွား သည့် ပေါ်တူဂီလူမျိုးနည်းပြ မော် ရင်ဟိုကို ပေါ်တူဂီကလပ် ဘင်ဖီကာက ခေါ်ယူရန် ကမ်းလှမ်း သော်လည်း ၎င်းက ပယ်ချခဲ့ ကြောင်း ဥရောပသတင်းဌာနများ က ဖော်ပြသည်။

ဘင်ဖီကာသည် ကြာသပ တေးနေ့က နည်းပြဗီတိုးရီးယားကို ထုတ်ပယ်ပြီးနောက် နည်းပြသစ် ခန့်အပ်ရန် မော်ရင်ဟိုထံ ကမ်းလှမ်းခဲ့သည်။ သို့သော် ပြီးခဲ့သည့်လက မန်ယူမှထွက်ခွာခဲ့သော မော်ရင် ဟိုက မိခင်နိုင်ငံ၌ နည်းပြလုပ်ရန် အခွင့်အလမ်းကို ပယ်ချခဲ့သည်။

Read more

တစ်နှစ်တာအကောင်းဆုံး ကစားသမားအဖြစ် ရွှေကမ္ဘာလုံးဆုကို ရော်နယ်ဒို ငါးကြိမ်မြောက်ရရှိ

ဂျူဗင်တပ်မှ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုသည် ၎င်း၏ ပဉ္စမမြောက် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမား ဆုဖြစ်သော ရွှေကမ္ဘာလုံးဆုကို ကြာသပတေးနေ့က လက်ခံရယူခဲ့သည်။

ပြီးခဲ့သည့် နွေရာသီက ရီးရဲလ်မှ ဂျူဗင်တပ်သို့ ပြောင်းရွှေ့ခဲ့သည့် ရော်နယ်ဒိုသည် ဒူဘိုင်းမြို့ မာဒီနတ်ဂျူမေးရာ့ခ်ျ အပန်းဖြေစခန်းတွင် ကြာသပတေးနေ့က ပြုလုပ်သော ဆုပေးပွဲသို့ တက်ရောက်ကာ ရွှေကမ္ဘာလုံးဆုကို လက်ခံရယူခဲ့သည်။

Read more

မြန်မာပြည် အမျိုးသမီး ရိုးရာလက်ဝှေ့ချန်ပီယံ ရွှေခါးပတ်ကို ဘရော်နီကာဆွတ်ခူး

မြန်မာပြည်အမျိုးသမီး ရိုးရာလက်ဝှေ့ချန်ပီယံရွှေခါးပတ်လုပွဲတွင် မြန်မာ့လက်ဝှေ့မယ် ဘရော်နီကာက ထိုင်းလက်ဝှေ့မယ် နောင့်အော်ကို ပထမအချီအတွင်း အလဲထိုးဖြင့်အနိုင်ရပြီး   ချန်ပီယံရွှေခါးပတ် ဆွတ်ခူးခဲ့သည်။

အဆိုပါ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲနှင့် မြန်မာ ပြည် အမျိုးသမီး ချန်ပီယံရွှေခါး ပတ်လုပွဲကို ဇန်န၀ါရီ ၄ ရက်က တောင်ငူမြို့ရှိ ကေတုမတီမိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။ 

Read more

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့မယ့်နေရာ ညှိနှိုင်းနေကြောင်း သမ္မတ Trump

သမ္မတ Trump နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း တို့ ဇွန်လ ၂၀၁၈ တုန်းက တွေ့ဆုံစဉ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ နောက်တကြိမ် ထိပ်သီးဆွေးနွေးပွဲ ဘယ်မှာ လုပ်မလဲဆိုတာကို ညှိနှိုင်းနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

Read more

ပင်တဂွန်စစ်ဌာနချုပ် ထိပ်တန်းအရာရှိ ကီဗင်ဆွီနေး ရာထူးမှ နုတ်ထွက်

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ် ရာထူးမှ နုတ်ထွက်ပြီး တစ်လအကြာတွင် ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိချုပ် ကီဗင်ဆွီနေး ရာထူးမှ နုတ်ထွက်ခဲ့သည်။

ပုဂ္ဂလိက ကဏ္ဍသို့ ပြန်သွားရန် အချိန်ကျပြီဖြစ်ကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး ဆွီနေးက ထုတ်ပြန်ချက်တွင် ပြောသည်။
ဆီးရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို ရုပ်သိမ်း မည်ဟု သမ္မတ ဒေါ်နယ်ထရန့်က ကြေညာပြီးနောက်ပိုင်း ဆွီနေးသည် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာသည့် ပင်တဂွန် စစ်ဌာနချုပ် ထိပ်တန်းတာဝန်ရှိ တတိယမြောက် ပုဂ္ဂိုလ်ဖြစ်သည်။

Read more

နယူးယောက်၌ အနိမ့်ဆုံးလုပ်ခလစာကို တစ်နာရီ ၁၅ ဒေါ်လာတိုးမြှင့်

နယူးယောက် ဇန်နဝါရီ ၆

ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်သည့် ကြိုးပမ်းမှုတစ်ခုအနေဖြင့် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ၂ဝ၁၉ ခုနှစ်အတွက် အနိမ့်ဆုံးလုပ်ခ လစာကို တစ်နာရီလျှင် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာသို့ တိုးမြှင့် ပေးခဲ့ကြောင်း သိရသည်။

Read more

တစ်နိုင်ငံလုံးတွင် အလုပ်သမား သပိတ်ဆင်နွှဲရန် ပြင်ဆင်

ဟန်ဂေရီနိုင်ငံအတွင်းရှိ အလုပ်သမားသမဂ္ဂများသည် အစိုးရဘက်မှ အလုပ်သမားဥပေဒသစ်ကို ပြင်ဆင်မည့် အရိပ်အယောင် မပြခြင်းကြောင့် တစ်နိုင်ငံလုံးတွင် အလုပ်သမားသပိတ် ဆင်နွှဲရန်နှိုးဆော်ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြသည်။

ဟန်ဂေရီအစိုးရကစတင်ကျင့်သုံးတော့မည့် အလုပ်သမားဥပဒေသစ်ကြောင့် အလုပ်သမားများသည် တစ်နှစ်လျှင် အချိန်ပို အလုပ်ချိန် နာရီ ၄၀၀ အထိ လုပ်ပေးရနိုင်သော အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရခြင်းကို မကျေနပ် သောကြောင့် အလုပ်သမားများက ပြီးခဲ့သည့်လအတွင်းကတည်းက သပိတ်မှောက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Read more

ဆော်ဒီမှာ အမျိုးသမီးတွေဘက်ကစပြီး အိမ်ထောင်ကွာရှင်းခွင့်ပြု

ဆော်ဒီအာရေဗီရ နိုင်ငံမှာ အရင်တုန်းကလို မဟုတ်တော့ပဲ၊ လင်ယောက်ျားတွေက ကိုယ့်ဇနီးမယားကို အသိပေးပြီးမှ လင်မယားကွာရှင်း ပြတ်စဲခွင့်ရှိမယ့် အခွင့်အရေးတရပ်ကို ဆော်ဒီအိမ်ထောင်ရှင် အမျိုးသမီးတွေ ရလိုက်ပြီဖြစ်ပါတယ်။ ကွာရှင်းလိုတဲ့ အိမ်ထောင်ရှင်အမျိုးသားဟာ ကိုယ့်ဇနီးသည်ကို text message ပို့ပြီး အကြောင်းကြားထားတယ် ဆိုတဲ့ သက်သေအထောက် အထားကို တရားရုံးမှာ တင်ပြရမှာဖြစ်တယ်လို့ တနင်္ဂနွေနေ့ တရားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

Read more

လန်ဒန်မှာ တွေ့ရအုံးမယ့် နာဆရီ

အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့မှာ ခြေစွမ်းပြကစားခဲ့ပြီး မန်စီတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ရယူထားနိုင်ခဲ့တဲ့ ကစားသမား နာဆရီကတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းနဲ့အတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီလို့ သိရပါတယ်။

Read more

နိုင်ငံ ၁၁ နိုင်ငံမှာ တန်ကြေးပေါင် သန်း ၂၀၀ ရှိတဲ့ ကစားသမား ၄၂ ဦးကို အငှားချထားတဲ့ ချယ်လ်ဆီး အပြောင်းအရွှေ့ ပေါ်လစီ ဝေဖန်ခံနေရ

ချယ်လ်ဆီးအသင်းဟာဇန်နဝါရီဈေးကွက်မှာ ဒေါ့တ်မန်အသင်းကွင်းလယ်လူပေါ်လစ်ဆစ်ကို ပေါင် ၅၈ သန်းနဲ့ ခေါ်ယူပြီး ပြန်အဌားချထားခဲ့ရာမှာ ခုရာသီအသင်းအနေနဲ့ လူငယ်ကစားသမား အများစု ပါဝင်တဲ့ တခြားအသင်းထံ အဌားချအရေအ တွက်မှာ ၄၂ဦးအထိရှိခဲ့တာကြောင့် အသင်းလူငယ်အပြောင်းအရွှေ့ ပေါ်လစီနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ပြင်းပြင်းထန်ထန်ဝေဖန် သွားခဲ့ကြပါတယ်။

Read more