Author: USDP 2016
ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသူများ ရက်ချိန်းရယူခြင်းကို အွန်းလိုင်းမှ လျှောက်ထားနိုင်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင်ဖြေဆို လိုသူတွေအနေနဲ့ ရက်ချိန်းရယူခြင်းကို အွန်လိုင်းမှ တစ်ဆင့် လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။ ယာဉ်မောင်းလိုင်စင် ရယူလိုသူတွေ များပြားလာတဲ့အတွက် လိုင်စင်ဖြေဆိုလိုသူတွေအနေနဲ့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ အချိန်ကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်းခြင်းစတဲ့ အခက်အခဲတွေ လျော့နည်းသွားစေဖို့ အတွက် လူကိုယ်တိုင်လာရောက်ဖို့ မလိုအပ်တဲ့ (Online Booking System) ကိုပြောင်းလဲ ကျင့်သုံးခြင်းဖြစ်တယ်လို့ သိရပါတယ်။
Read moreဘူးသီးတောင်မြို့နယ်တွင် AA နှင့် လေးနာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားကြောင်း တပ်မတော်ထုတ်ပြန်
ဘူးသီးတောင်မြို့နယ်၌ တပ်မတော်စစ်ကြောင်းနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ လေးနာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ် ကြောင်းသည် ဇန်နဝါရီ ၁၃ ရက်နံနက်တွင် သရက်ပြင်ကျေးရွာ အရှေ့ဘက် မီတာ ၁,၃၀၀ ခန့် အကွာသို့ ရောက်ရှိစဉ် AA အဖွဲ့ မှ အင်အား ၅၀ ခန့်နှင့် နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။
Read moreအစိုးရနှင့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့ ရန်ကုန်မြို့၌ ဆွေးနွေးပွဲ ပြုလုပ်ရန်ကြိုးပမ်းနေ
အစိုးရနှင့် NCA လက် မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ တွေ့ဆုံပြီး ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ ရှေ့ဆက်ဆောင်ရွက်နိုင်ရေး ပြင်ဆင်သည့် အစည်းအဝေးကို ရန်ကုန်မြို့၌ ပြုလုပ်ရန် ကြိုးပမ်းနေကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေက ပြောသည်။ ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေး များတွင် ပါဝင်မှု ယာယီရပ်ဆိုင်းထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ ပါ ပြင်ဆင်မှုအစည်းအဝေးသို့ တက်ရောက်နိုင်ရေး ကြိုးပမ်းနေကြောင်း ၎င်းကဆိုသည်။
Read moreနှစ်ဖက်သဘောတူညီမှုနဲ့ ဟက်ဒါဖီးလ်အသင်းကနေ နည်းပြဒေးဗစ်ဝက်ဂ်နာ ထွက်ခွာ
နည်းပြဒေးဗစ်ဝက်ဂ်နာဟာ နှစ်ဖက်သဘောတူညီမှုနဲ့ ဟက်ဒါဖီးလ်အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ အသက်(၄၇)နှစ်အရွယ် ဂျာမန်လူမျိုးနည်းပြဟာ ၂၀၁၅၊ နိုဝင်ဘာလမှာ ဟက်ဒါဖီးလ်အသင်း ကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၆-၁၇ ရာသီမှာ ချန်ပီယံရှစ် play-offs ကနေ တဆင့် ပရီးမီးယားလိဂ်ကို တက်တက်နိုင်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီကလည်း တန်းဆင်းရမယ့်အသင်းတွေထဲမှာ ရေပန်းစားခဲ့ပေမယ့် နည်းပြ၀က်ဂ်နာဟာ ဟက်ဒါဖီးလ် ကို အဆင့်(၁၆)နေရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
Read moreဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် မန်ယူ ကစားသမားသစ် ခေါ်ယူတော့မည်မဟုတ်
မန်ချက်စတာယူနိုက်တက်အသင်း အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက် အစောပိုင်းမှာ ကစားသမား သစ်တွေ ခေါ်ယူဖို့ သတင်းထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ အထမြောက်နိုင်ဖို့ မရှိတော့ဘူးလို့ သိရပါတယ်။
ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာ ကစားသမားသစ် ခေါ်ယူတော့မှာ မဟုတ်ဘဲ ရာသီအကုန် အမြဲတမ်းနည်းပြသစ် ခန့်အပ်ပြီးမှသာ ခေါ်ယူတော့မယ်လို့ သိရပါတယ်။
Read moreထိုင်းအသင်းနည်းပြသစ်က အာစင်ဝင်းဂါး ဖြစ်လာတော့မှာလား?
ထိုင်းလက်ရွေးစင်အသင်းရဲ့ နည်းပြဆိုတဲ့ စာသားကို Google မှာ ရိုက်ထည့်ရှာဖွေတဲ့အခါ ထင်မှတ်မထားတဲ့ ရှာဖွေ တွေ့ရှိမှုတွေ ရှိလာခဲ့ပါတယ်။ အဲဒါကတော့ အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါးရဲ့ နာမည် ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ရှာဖွေခဲ့တဲ့အခါမှာ ထိုင်းအသင်းနဲ့ အာစင်ဝင်းဂါးတို့ဟာ (၂)နှစ်စာချုပ် ချုပ်ဆိုထားတယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
Read moreဘန်ကောက်တွင် လေထုညစ်ညမ်းမှု မြင့်တက်၊ လေယာဉ်သုံးပြီး မိုးရွာစေရန် စီစဉ်
ဘန်ကောက်မြို့မှာ လတ်တလော သီတင်းပတ်များအတွင်း လေထုညစ်ညမ်းနေမှုကို ဖြေရှင်းရန်အတွက် ထိုင်းအာဏာပိုင်တွေက မိုးတုရွာစေရန် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ရာသီဥတုကို ပြုပြင်တဲ့နည်းပညာအရ လေထုထဲကို ဓာတုဗေဒပစ္စည်းများ ဖြန်းပက်ခြင်းဖြင့် မိုးတိမ်များ ငွေ့ရည်ဖွဲ့စေရန် လုပ်ဆောင်မှုလည်းပါဝင်ပြီး သီအိုရီအရ ထိုသို့လုပ်ဆောင်ခြင်းဖြင့် မိုးရွာသွန်းမှု ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။
Read moreမက်ဆီကိုတံတိုင်းအရေး Trump အခိုင်အမာ ဆက်လက်ရပ်တည်
အမေရိကန် အစိုးရယန္တရား တစိတ်တပိုင်းကို ရပ်ဆိုင်းထားရတာ ကာလကြာရှည်ဖြစ်နေတာဟာ သမ္မတကြောင့်လို့ အမေရိကန် အများစုက အပြစ်တင်နေကြပေမယ့် သမ္မတ Donald Trump ကတော့ ကွန်ဂရက်လွှတ်တော်က အတိုက်အခံ ဒီမိုကရက်အမတ်တွေမှာလည်း တာဝန်တူတူ ရှိနေကြောင်း တနင်္လာနေ့ အမေရိကန် လယ်သမားထုနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။
Read moreကနေဒါနိုင်ငံသားကို တရုတ်သေဒဏ် ချမှတ်
မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ကနေဒါနိုင်ငံသားတဦးကို တရုတ်နိုင်ငံတရားရုံးတခုက သေဒဏ်ချမှတ် လိုက်ပါတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဟာ သေဒဏ်ကို ထင်သလို သုံးစွဲနေတယ်လို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau ကစွပ်စွဲ လိုက်ပါတယ်။
ကနေဒါနိုင်ငံသား အငြိမ်းစား Robert Lloyd Schellenberg ကို မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း တရားရုံးက အစပိုင်းမှာ ထောင်ဒဏ်၁၅နှစ်ချမှတ်ခဲ့ပေမဲ့လည်း ဒီဆုံးဖြတ်ချက်က သက်ညှာလွန်းတယ် ဆိုပြီး သေဒဏ်ပေးကွက်မျက်ဖို့ တနင်္လာနေ့မနေ့နေ့တုန်းက တရက်ကြာ ပြန်လည် တရားစီရင်မှုအတွင်း ဆုံးဖြတ်ခဲ့တာပါ။
Read more