အစ္စရေးလ် ကိုယ်စားလှယ်တွေကို မလေးရှား ဝင်ခွင့်ပိတ်

မလေးရှားနိုင်ငံမှာ အစ္စရေးအစိုးရ ပါဝင်ကျင်းပမယ့် ဘယ်လိုအခမ်းအနားမျိုးမဆို ပိတ်ပင်တားမြစ်မယ်လို့ မလေးရှားအစိုးရအဖွဲ့က အစိုးရအဖွဲ့ဝင်တွေရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

NGO ၄၃ ဖွဲ့က ပါလက်စတိုင်း လွတ်မြောက်ရေးလှုပ်ရှားမှုကို ထောက်ခံဖို့ သဘောတူဆုံးဖြတ်ချက် လက်ခံရရှိပြီးတဲ့နောက် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး အဗ်ဒူလာ က ပြောသွားတာဖြစ်ပါတယ်။ တိုင်းပြည်ထဲမှာ ကျင်းပမယ့် အခမ်းအနားတွေ၊ အစည်းအဝေးတွေ၊ အားကစားပွဲတွေကို လာတက်မယ့် အစ္စရေးလ်ကိုယ်စားလှယ်တွေကို ပြည်ဝင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Read more

ရွေးကောက်ပွဲကျင်းပရန် ထိုင်းဘုရင်က အမိန့်ထုတ်ပြန်

ဗန်ကောက် ဇန်နဝါရီ ၂၃

ထိုင်းနိုင်ငံ၌ ကာလရှည်ကြာ စောင့်ဆိုင်းနေခဲ့ရသည့် အထွေထွေရွေးကောက်ပွဲကို ကျင်းပရန် ထိုင်းဘုရင်က အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်က လာမည့် မတ်လ ၂၄ ရက်တွင် ကျင်းပနိုင်ဖွယ် ရှိကြောင်း ပြောကြားခဲ့သည်။

Read more

တိုက်စစ်မှူးဘိုတန်းကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ဘာစီလိုနာ အံ့အားသင့်ဖွယ်ခေါ်ယူ

ဘာစီလိုနာအသင်းဟာ စပါးနဲ့ ပို့စ်မောက်တိုက်စစ်မှူးဟောင်း ဘိုတန်းကို ဆာဆူအိုလိုကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ အံ့အားသင့်ဖွယ်ခေါ်ယူခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်ခန့်က ဆီဗီလာကို ပြောင်းရွှေ့သွားခဲ့တဲ့ မူနီယာနေရာမှာ အစားထိုးဖို့ ဘိုတန်းကို ဘာစီလိုနာအသင်း ခေါ်ယူခဲ့တာပါ။ အသက်(၃၁)နှစ်အရွယ် ကစားသမားဟာ တနင်္လာနေ့ နံနက်ပိုင်းက ဆာဆူအိုလိုအသင်းဖော်တွေကို နှုတ်ဆက်ခဲ့ပြီးနောက် ဘာစီလိုနာကို ရောက်ရှိလာခဲ့ပါတယ်။

Read more

လက်ရှိခြေစွမ်းကို အားမရသေးကြောင်း အောင်သူ ပြော

၂၀၁၉ ထိုင်းလိဂ်အကြို  Leo ဖလားရှုံးထွက်ပြိုင်ပွဲတွင်  မြောင်တောင်ယူနိုက်တက်အသင်း၌ ပါဝင်ကစားခဲ့ သော်လည်း လက်ရှိခြေစွမ်းကို အားရကျေနပ်မှု မရှိသေးကြောင်း မြန်မာ့လက် ရွေးစင် တိုက်စစ်မှူး အောင်သူက ပြောသည်။

အောင်သူသည် ယခုနှစ်တွင် မြန်မာလိဂ်ကလပ် ရတနာပုံအသင်းမှ ထိုင်းကလပ်မြောင်တောင် ယူနိုက်တက်သို့ တစ်ရာသီ အငှား စာချုပ်ဖြင့် ပြောင်းရွှေ့ကစားနေသည်။

Read more

ကန်အစိုးရ တစိတ်တပိုင်းပိတ်မှု ၃၁ ရက် စံချိန်တင်

ဇန်န၀ါရီ ၁၀ ရက်နေ့တုန်းက ကန်အစိုးရ တစိတ်တပိုင်းပိတ်မှုကို ဆန္ဒပြသူများ

အမေရိကန်အစိုးရ ယန္တရား တစိတ်တပိုင်း ပိတ်ထားချိန်အတွင်း လုပ်ခမရပဲ အလုပ်လုပ်နေရတဲ့ သိန်းနဲ့ချီတဲ့ အရပ်ဖက် အစိုးရဝန်ထမ်းတွေ ဟာ ကြီးမြတ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ အမေရိကန်သမ္မတ Donald Trump က တနင်္လာနေ့မှာ ပြောကြားလိုက်ပေမယ့် ရက်ပေါင်း ၃၁ ရက်ကြာ စံချိန်သစ်တင်ခဲ့တဲ့ အစိုးရယန္တရား လေးပုံတပုံ ရပ်ဆိုင်းထားရမှု အဆုံးသတ်ဖို့တော့ အဲဒီနေ့မှာ ဘာမှလုပ်ဆောင်တာ မရှိခဲ့ပါဘူး။

Read more

အာဖဂန် စစ်ဘက်သင်တန်းကျောင်းတခုကို တာလီဘန် တိုက်ခိုက်၊ ၁၀၀ ကျော် သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း မိုင်ဒန် ဝါဒက်ပြည်နယ်မှာ ဇန်နဝါရီ ၂၁ ရက်နေ့က စစ်ဘက်သင်တန်းကျောင်း တခုကို တာလီဘန်သောင်းကျန်းသူတွေ တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂၆ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးကတော့ စုစုပေါင်း သေဆုံးသူ ၁၀၀ ကျော်တယ်လို့ ပြောပါတယ်။

Read more

ကမ္ဘာ့အချမ်းသာဆုံး ၂၆ ဦး၏ ချမ်းသာမှုက အဆင်းရဲဆုံး ထက်ဝက် ပိုင်ဆိုင်မှုနှင့်ညီမျှ

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၂၆ ဦး၏ ချမ်းသာကြွယ်ဝမှုသည် ကမ္ဘာ့အဆင်းရဲဆုံး လူဦးရေ ထက်ဝက်ပိုင်ဆိုင်မှုနှင့် ညီမျှကြောင်း Oxfam အဖွဲ့က ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားပြီး မြင့်တက်လာသော မညီမျှမှုကို တိုက်ဖျက်ရေး ချမ်းသာသူများအပေါ် အခွန်တိုးကောက်ရန် အစိုးရ များအား တိုက်တွန်းပြောကြားသည်။

Read more

ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် မှတ်တမ်းဝင်ခဲ့သူ ကွယ်လွန်

လက်ရှိမှာ ကမ္ဘာ့ အသက်အကြီးဆုံး လူသားအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းမှာ မနှစ်က စာရင်းသွင်း သတ်မှတ်ခံရတဲ့ ဂျပန်နိုင်ငံသား မာဆာဇို နိုနာ့ခါ့ဟာ အသက် ၁၁၃ နှစ်အရွယ် ဇန်နဝါရီ ၂၀ ရက်က သေဆုံးသွားပြီလို့ ဂျပန်မီဒီယာတွေက ဖော်ပြကြပါတယ်။

ဂျပန်နိုင်ငံမြောက်ပိုင်း သူ့ဇာတိ အာရှိုရိုမြို့မှာ ကျင်းပတဲ့ ပွဲအတွင်း ဂင်းနစ်အဖွဲ့ကြီးက သူ့ကို သက်ရှိ အသက်ကြီးဆုံး အမျိုးသားအဖြစ် အတည်ပြုခဲ့တာပါ။

Read more

လုပ်ခငွေ တိုးမြှင့်ရရှိရန် မန်ယူ ဂိုးသမား ဒီဂီယာ လိုလားနေ

ပရီမီယာလိဂ်ကလပ် မန်ယူအသင်း၏ အဓိက ဂိုးသမားဖြစ်သူ ဒေးဗစ်ဒီဂီယာသည် မန်ယူအသင်းနှင့် နှစ်ရှည် စာချုပ် ချုပ်ဆိုသွားရန် ဆန္ဒရှိသော်လည်း သူ၏ လုပ်ခလစာငွေကို လက်ရှိ ရရှိနေသည့် ပမာဏထက် ၅ဝ ရာခိုင်နှုန်း တိုးမြှင့်ရရှိရန် လိုလားလျက်ရှိကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

Read more

အသက်အရွယ်သည် ကိန်းဂဏန်းသာဖြစ်ကြောင်း သက်သေပြမည်ဟု ပက်ကွီအိုပြောကြား

စနေနေ့တွင် လာ့စ်ဗီးဂတ်စ်မြို့၌ အမေရိကန် လက်ဝှေ့သမား အက်ဒရီယန်ဘရို နာနှင့် ထိုးသတ်ချိန်တွင် မိမိ၏ အသက် (၄၀) သည်ကိန်းဂဏန်း တစ်ခုသာဖြစ်ကြောင်း သက်သေ ပြသွားမည်ဟု ဖိလစ်ပိုင်လက်ဝှေ့ ကျော် မန်နီပက်ကွီအိုက ပြော သည်။

ဖိလစ်ပိုင်လက်ဝှေ့ကျော်သည် ယခင် ကမ္ဘာ့ဝိတ်တန်းလေးခု ချန်ပီယံဘရိုနာနှင့် ယှဉ်ပြိုင်ချိန်တွင်  WBA ချန်ပီယံဘွဲ့ကို ကာကွယ်မည်ဖြစ်သည်။

Read more