အင်းတော်ပြည်ခိုင်ဖြိုးပါတီ ကျေးလက်ပြည်သူများနှင့်လက်ဖက်ရည်စကားဝိုင်းပြုလုပ်

 

အင်းတော် ဇန်နဝါရီ ၃ဝ

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီသည် ကျေးလက်ပြည်သူ များနှင့် လက်ဖက်ရည်စကားဝိုင်း ကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက စတင်၍ မွန်းလွဲ ၃ နာရီခွဲအထိ ကျောင်းကုန်းကျေးရွာအုပ်စုပိန္နဲကုန်း ကျေးရွာနှင့် မန်လည်ကျေးရွာအုပ်စု ညောင်တုန်းကျေးရွာ၊ လောင်းစု ကျေးရွာတို့တွင် သက်ဆိုင်ရာနယ် မြေဒေသအလိုက် အစုအဖွဲ့ခွဲ၍ ပြု လုပ်ခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်းကျင်းပ

 

ဝမ်းတွင်း ဇန်နဝါရီ ၃ဝ

ဝမ်းတွင်းမြို့နယ် ရွှေဖလားကန်အုပ်စုရွှေဖလားကန်(မြောက်)ရွာတွင် ဆိုင်းဘုတ်တင်အခမ်းအနား နှင့် ရေနွေးကြမ်းစကားဝိုင်းကို ယနေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်း၊ အတွင်းရေးမှူး ဦးမောင်မောင်ချို၊ နယ်မြေတာဝန်ခံဒေါ်လှလှဝင်း၊ မြို့နယ်ကော်မတီဝင်များ၊ ကျေးရွာပါတီဥက္ကဋ္ဌများ၊ ရပ်/ကျေးပါတီဝင် များ၊ ကေဒါများ၊ ပါတီကို စိတ်ဝင်စားသူများ တက်ရောက်ခဲ့သည်။

Read more

ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရေလည်ကျွန်းကျေးရွာတွင် ပါတီဝင်များစိစစ် ရေနွေးကြမ်းစကားဝိုင်းဖွဲ့ဆွေးနွေး

 

ကနီ ဇန်နဝါရီ ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင်ကနီမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် တဇယ်ချောင်ကျေးရွာအုပ်စု ရေလည်ကျွန်းကျေးရွာ ရပ်မိ ရပ်ဖများ၊ ပါတီဝင်များနှင့် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ရပ်ကျေး ပါတီဥက္ကဋ္ဌနေအိမ်၌ တွေ့ဆုံ၍ ပါတီဝင်များ စိစစ်ခြင်းနှင့်ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကိုရေနွေးကြမ်း စကားဝိုင်းဖွဲ့ ဆွေးနွေးခဲ့သည်။

Read more

မိုးနဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဝမ်ယေးကျေးရွာတွင် ပါတီဆိုင်းဘုတ်စိုက်ထူ ကျေးရွာပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲကျင်းပ

 

မိုးနဲ ဇန်နဝါရီ ၃ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ နားခံကျေးရွာအုပ်စု ဝမ်ယေးကျေးရွာပါတီဆိုင်းဘုတ် သစ်တင်ပွဲနှင့် ကျေးရွာပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲက ဦးကျာစိုး နေအိမ်ရှေ့တွင်ကျင်းပခဲ့သည်။

Read more

ဘာလခဲ ဇန်နဝါရီ ၃ဝ ကယားပြည်နယ် ဘောလခဲခရိုင် ဘောလခဲမြို့နယ် ဘောလခဲကျေးရွာအုပ်စု ရေနီပေါက်ကျေးရွာဘုန်းတော်ကြီးကျောင်း ကျောင်းဝင်းအတွင်းရှိ တည်ထားကိုးကွယ် သော ရန်မျိုးအောင်စေတီအား ယခုနှစ် မတ်လတွင် ထီးတင်ပွဲကျင်းပမည်ဖြစ် သည်။ ကယားပြည်နယ်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အတွင်း ရှိ မြို့နယ်ခုနစ်မြို့နယ်မှ လူငယ်ရေးရာ လှုပ်ရှားမှု တာဝန်ခံများနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်လူငယ်ရေးရာ တာဝန်ခံများ၊ ဘောလခဲမြို့နယ်မှ ပါတီဝင်များနှင့်အတူ ထီးတင်ပွဲကျင်းပမည့် ရေနီပေါက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းဝင်း အတွင်းအား ပြည်နယ်လူငယ်ရေးရာ လှုပ်ရှားမှုအနေဖြင့် ထီးတော်ကြီးမတင်မီ ယမန်နေ့နံနက် ၇နာရီခွဲမှ ၁၁နာရီခွဲအထိ သန့်ရှင်းရေးလုပ်အားဒါနပြု ဆောင်ရွက် ကြသည်။ ယင်းနောက် သန့်ရှင်းရေးဆောင်ရွက် ရာသို့ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဘောလခဲမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များဖြစ်ကြသည့် ဦးစိုးရယ်နှင့် ဦးအေးရွှေ၊ ပြည်နယ်ပါတီကော်မတီဝင် များဖြစ်ကြသော ပြည်နယ်လူငယ်ရေးရာ တာဝန်ခံဦးအောင်နိုင်ဦး၊ ပြည်နယ်လူငယ် ရေးရာဒု-တာဝန်ခံ ဒေါ်နန်းယဉ်သီတာ ထွေး၊ ပြည်နယ်လူငယ်ရေးရာလှုပ်ရှားမှု တာဝန်ခံဒေါ်နန်းစောရင်၊ ပြည်နယ်လူငယ် ရေးရာလှုပ်ရှားမှု ဒု-တာဝန်ခံ ဦးအောင် ကျော်မြင့်၊ ဘောလခဲခရိုင် ပါတီအတွင်း ရေးမှူး ဦးချစ်ဦးမောင်နှင့် ခရိုင်ကော်မတီ ဝင်များ၊ ဘောလခဲမြို့နယ် ပါတီအတွင်း ရေးမှူး ဦးဟန်ထူးနှင့် မြို့နယ်ကော်မတီဝင် များ၊ ဘောလခဲမြို့နယ် ပါတီဝင်များ စုစု ပေါင်း အင်အား ၁၅ဝ ခန့် တက်ရောက် ကြောင်း သိရသည်။ မမောင်(ချိကယ်သူ)

 

ရန်ကုန် ဇန်နဝါရီ ၃ဝ

သံတွဲမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမြို့နယ်တာဝန်ခံ ပြည်နယ် ကော်မတီဦးတင်မောင်သန်း၊ ခရိုင် အတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်း၊ ကော်မတီဝင်ဦးသန်းစိုး၊ မြို့ နယ်ဥက္ကဋ္ဌ ဦးစန်းနိုင်၊ ဘဏ္ဍာရေး မှူး ဦးရဲမြင့်၊ လူငယ်နှင့်အမျိုးသမီး ရေးရာပါတီဝင် စုစုပေါင်း ၂၃ ဦးသည် ယမန်နေ့နံနက် ၈နာရီမှ ၁ဝ နာရီထိ သံတွဲမြို့နယ် နန်းချောင်း ကျေးရွာရှိ သီတဂူမျက်စိဆေးရုံသို့ သွားရောက်၍ ဆေးရုံအတွင်းရှိ အဆောင်များ၊ အခန်းများကိုသန့် ရှင်းရေးပြုလုပ်ကာ လုပ်အားဒါန ပေးလှူခဲ့ကြကြောင်း သိရသည်။

Read more

ရန်မျိုးအောင်စေတီတော်ထီးတင်ပွဲကျင်းပမည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသန့်ရှင်းရေးလုပ်အားဒါနပြု

 

ဘောလခဲ ဇန်နဝါရီ ၃ဝ

ကယားပြည်နယ် ဘောလခဲခရိုင် ဘောလခဲမြို့နယ် ဘောလခဲကျေးရွာအုပ်စု ရေနီပေါက်ကျေးရွာဘုန်းတော်ကြီးကျောင်း ကျောင်းဝင်းအတွင်းရှိ တည်ထားကိုးကွယ် သော ရန်မျိုးအောင်စေတီအား ယခုနှစ် မတ်လတွင် ထီးတင်ပွဲကျင်းပမည်ဖြစ် သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇန်နဝါရီ ၃ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Jong Ho Bom အား ယမန်နေ့နံနက် ၁ဝ နာရီခွဲတွင် နေပြည် တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Read more

ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းမှု ထူးခြားမည်မထင်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်ပြော

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုသည် ထူးခြားမှုရှိမည်မထင်ကြောင်း အရေးကြီးအဆိုကို ကန့်ကွက် ခဲ့သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောသည်။ ဇန်နဝါရီ ၃၀ ရက် ပြည်သူ့လွှတ်တော်အစည်း အဝေးမစတင်မီ ၎င်းက သတင်းထောက်များအားယင်းသို့ ပြောကြားသည်။ ဗိုလ်မှူးချုပ် မောင်မောင်သည် ပြည်ထောင်စုလွှတ်တော်၌ ဒီချုပ်အမတ် ဦးအောင်ကြည်ညွန့်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် အရေးကြီးအဆိုတင်သွင်းသည့်အပေါ် လုပ်ထုံးလုပ်နည်းနှင့်မညီဟု ဆိုကာ ကန့်ကွက် ခဲ့သည်။

Read more

ခါဘီနာမာဂိုမီဒေါ့ဗ်နဲ့ မက်ဂရီဂေါ်တို့ ရန်ပွဲကြောင့် ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ချမှတ်ခံရ

မက်ဂရီဂေါ်ကို အနိုင်ရခဲ့တဲ့ UFC 229 ပွဲစဉ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် နီဗားဒါးပြည်နယ် အားကစားကော်မရှင်က ခါဘီနာမာဂိုမီဒေါ့ဗ်နဲ့ မက်ဂရီဂေါ်တို့ကို ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့က ထိုးသတ်ခဲ့ကြတဲ့ UFC 229 သိုင်းပေါင်းစုံပွဲစဉ်မှာ ခါဘီနာမာဂိုမီဒေါ့ဗ်က ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပြီး လိုက်ဝိတ်ရွှေခါးပတ်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

Read more

အာရှဖလား ဗိုလ်လုပွဲတွင် ကာတာ နှင့် ဂျပန် ယှဉ်ပြိုင်ရမည်

ယူအေအီးကို လေးဂိုးပြတ် အနိုင်ရခဲ့သော ကာတာ သည် အီရန်ကို သုံးဂိုးပြတ်အနိုင် ရခဲ့သော ချန်ပီယံလေးကြိမ် ဂျပန် နှင့် သောကြာနေ့တွင် အာရှဖလား ဗိုလ်လုပွဲ၌ ရင်ဆိုင်ရမည်ဖြစ်သည်။

၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ဖြစ်လာမည့် ကာတာသည် အာရှဖလားခြောက်ပွဲစလုံးနိုင်ပြီး ပေးဂိုးမရှိခဲ့ဘဲ ယင်းပြိုင်ပွဲတွင် ပေးဂိုး မရှိသော ပွဲအားလုံးနိုင်သည့် ပထမဆုံး နိုင်ငံဖြစ်လာသည်။

Read more