ဆာလာရဲ့ ပြောင်းရွှေ့ကြေးကို နန်တက်စ်အသင်းထံပေးအပ်သွားမယ်လို့ ကာဒစ်ဖ်ဥက္ကဋ္ဌ မာမက်ဒဲလ်မန်း အတည်ပြု
ကာဒစ်ဖ်အသင်းဥက္ကဋ္ဌ မာမက်ဒဲလ်မန်းက ဆာလာအတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေးကို နန်တက်စ်အသင်း ထံ ပေးအပ်သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။
ကာဒစ်ဖ်အသင်းဟာ ဆာလာကို ယူရို ၁၅ သန်းနဲ့ ခေါ်ယူဖို့ နန်တက်စ်အသင်းနဲ့ သဘောတူညီမှုရယူအပြီးမှာ လေယာဉ်ပျံ မတော်တဆမှုနဲ့ ဆာလာပျောက်ဆုံးသွားခဲ့ပါတယ်။ ဆာလာပျောက်ဆုံးနေချိန်မှာ ကာဒစ်ဖ်အသင်းက ဆာလာအတွက် ပေးချေရမယ့်ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းကို ပေးချေခြင်း မလုပ်သေးဘဲရှိနေပါတယ်။
Read more