အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး လုံခြုံရေးစီမံမှုအတွက် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယား သို့ ရောက်ရှိ

ဟနွိုင်း ဖေဖော်ဝါရီ ၁၂

အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ကို ဗီယက်နမ်နိုင်ငံတွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ကြိုတင်စီစဉ်မှုများ လုပ်ဆောင်ရန် မြောက်ကိုရီးယားသို့ သွားရောက်လျက်ရှိကြောင်း ယနေ့သတင်းများ အရ သိရသည်။

ဝါရှင်တန်-ပြုံယမ်း ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးကို ဖေဖော်ဝါရီ ၂၇၊ ၂၈ ရက်တို့တွင် ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်း၌ ကျင်းပမည်ဖြစ်သည်။

Read more

လှည်းကူးမြို့နယ်တွင် ဖြိုးစေတနာအခမဲ့နယ်လှည့်ဆေးကုသအဖွဲ့ ကျေးရွာနေပြည်သူများအား ဆေးကုသမှုဆောင်ရွက်

 

ရန်ကုန် ဖေဖော်ဝါရီ ၁ဝ

Read more

ဇန်နဝါရီလ ပရီးမီးယားလိဂ်အကောင်းဆုံးဆုများကို ဆိုးလ်ရှား နှင့် ရက်ရှ်ဖို့ဒ် ရရှိ

မန်ယူနည်းပြဘဝတာထွက်တွင် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ဆိုးလ်ရှား သည် ဘန်လေနည်းပြ ရှောင်ဒိုင်ချီနှင့် ဆောက်သမ်တန်နည်းပြ ဟာဆန်ဟတ်တဲလ်တို့ကို ကျော်ဖြတ်ကာ ဇန်နဝါရီလ ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံရသည်။

ဒီဇင်ဘာက မော်ရင်ဟို နေရာတွင် ဆက်ခံခဲ့သူ ဆိုးလ်ရှား သည် မန်ယူအသင်း ပရီးမီးယားလိဂ်ဖလား နောက်ဆုံး ဆွတ်ခူးခဲ့သည့် ၂၀၁၂ အောက်တိုဘာက သက်တမ်းရှည်နည်းပြ ဖာဂူဆန် နောက်ပိုင်းယင်းဆုကို ပြန်လည် ဆွတ်ခူးခဲ့သည့် ပထမဆုံးမန်ယူ နည်းပြဖြစ်လာသည်။

Read more

နိုင်ငံတကာအလေးမပြိုင်ပွဲတွင် မြန်မာက ကြေးတံဆပ်သုံးခုရရှိ

မြန်မာအလေးမအဖွဲ့မှ ကြေးတံဆိပ်ရရှိခဲ့သည့် ရဲရင့်နိုင် ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − အလေးမအဖွဲ့ချုပ်)

 

ထိုင်းနိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာ အလေးမပြိုင်ပွဲတွင် မြန်မာအလေးမအဖွဲ့က ကြေးတံဆိပ်သုံးခု ရရှိခဲ့သည်။

Read more

ဆီးရီးယားတပ်ဖွဲ့ အိုင်အက်စ်သွေးကြွများကို နောက်ဆုံးတိုက်ပွဲ ဆင်နွှဲ

အမေရိကန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်တွေဟာ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေကို ဖေဖော်ဝါရီ ၈ ရက်ကစပြီး နောက်ဆုံးတိုက်ပွဲ ဆင်နွှဲလိုက်ပါတယ်။

ဆီးရီးယား နိုင်ငံတွင်းက အိုင်အက်စ်တွေရဲ့ နောက်ဆုံး ခြေကုပ်နယ်မြေကို ဖေဖော်ဝါရီ ၉ ရက်မှာ စတိုက်ခိုက်ဖို့ စီစဉ်ထားပေမယ့် တရက်စောပြီး ထိုးစစ်ဆင်ခဲ့တာပါ။

Read more

ပြင်သစ်မှာ ဆက်လက် ဆန္ဒပြနေဆဲ

ပြင်သစ်သမ္မတ Macron ရဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ လောင်စာဆီအခွန် တိုးကောက်မယ့်ကိစ္စကို ဆန့်ကျန်တဲ့ ပဲရစ်မြို့က အဝါရောင် ရောင်ပြန်အင်္ကျီဝတ် ဆန္ဒပြသူတွေဟာ စနေနေ့က ပြင်သစ်လွှတ်တော်ကို ဝင်ရောက်ဆန္ဒပြနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီလိုဆန္ဒပြလာဟာ ခုဆို သီတင်းပတ် (၁၃)ပတ်ထဲ ဝင်လာပြီ ဖြစ်ပါတယ်။

Read more

အမေရိကန်တပ်ဆက်ထားရေး ငွေပိုပေးမည့်သဘောတူညီချက် တောင်ကိုရီးယား လက်မှတ်ထိုး

ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်တပ်တွေ ဆက်ထားရေး တောင်ကိုရီးယားအစိုးရက ငွေပိုပေးမယ့် ကာလတို သဘောတူညီချက်ကို တောင်ကိုရီးယား အစိုးရက ဖေဖော်ဝါရီ ၁၀ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

သဘောတူညီချက်အဟောင်း သက်တမ်းကုန်အပြီးမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ငွေပိုပေးဖို့ ဆော်သြခဲ့တာပါ။

သဘောတူညီချက်အသစ်ကို တောင်ကိုရီးယား လွှတ်တော်မှာ အတည်ပြုဖို့တော့ လိုပါသေးတယ်။

Read more

အိန္ဒိယ ရွေးကောက်ပွဲ နီးလာချိန် အကြမ်းဖက်မှုတွေပေါ်ပေါက်

ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာနေတဲ့ အိန္ဒိယနိုင်ငံမှာ လွှတ်တော်အမတ်တဦး အသတ်ခံခဲ့ရပြီးတဲ့နောက်၊ မငြိမ်မသက် အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာဖွယ်ရှိနေပါတယ်။

အနောက်ဘင်ဂေါ ပြည်နယ်မှာ စနေနေ့က အသက် ၃၈ နှစ်အရွယ် အတိုက်အခံ လွှတ်တော်အမတ်တဦး ဘာသာရေးအခမ်းအနားတရပ်ကို တက်ရောက်လာစဉ်အတွင်း သေနတ်သမားတစုက ပစ်ခတ်ခဲ့လို့ သေဆုံးသွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ ၀န်ကြီးချုပ် နရင်ဒရာ မိုဒီ ရဲ့ ဘာရာတိယ ဂျနတာ ပါတီရဲ့ လက်ချက်လို့ စွပ်စွဲပြောဆိုနေကြပါတယ်။ ဂျနတာ ပါတီ ကတော့ ငြင်းဆိုပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများရန်ကုန်တိုင်းမှမြို့နယ်ပါတီဥက္ကဌများနှင့်လုပ်ငန်းညှိနှိုင်းဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းတာဝန်ခံ ဦးခင်ရီ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုးတို့သည် ဖေဖေါ်ဝါရီလ(၈)ရက် နံနက်(၁၀)နာရီက ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင်မြို့နယ်ပါတီဥက္ကဌ အတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း တွေ့ဆုံပွဲ ကျင်းပသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ပါတီဗဟိုအတွင်းရေးမှူး ဗဟိုအလုပ်အမှုဆောင်များနှင့်အတူ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒါက်တာကျော်စိုး ဘဏ္ဍာရေးမှူး ဒ်ါအေးမင်းမိုးနှင့် ပါတီဗဟိုကော်မတီဝင်များ တိုင်းပါတီကော်မတီဝင်များ ခရိုင်ပါတီဥက္ကဌမျာား မြို့နယ်ပါတီဥက္ကဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး မြန်မာနိုင်ငံဆိုင်ရာဆွီဒင်နိုင်ငံသံရုံးမှသံမှူးကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဖေဖော်ဝါရီ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံ သံရုံးမှ သံမှူးကြီး Mr. Ghin Mang Shoute အား ယမန်နေ့ ညနေ ၄ နာရီတွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့သည်။ယင်းသို့တွေ့ဆုံရာတွင်နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်မှုအခြေအနေများအား ရင်းနှီးချစ်ကြည်စွာ ဆွေးနွေးခဲ့ကြသည်။

Read more