ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မီးဘေးသင့်ပြည်သူများထံ ထောက်ပံ့ငွေပေးအပ်

 

နေပြည်တော် ဖေဖော်ဝါရီ ၂၇

နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စု ကျည်တောင်လျှပ်စစ် ဝင်းအတွင်းရှိ ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ယခုလ ၂၄ ရက်နံနက် ၃ နာရီ ပေါင်းလောင်းစီမံကိန်းစက်မှုကိုးခန်းတွဲ မီး လောင်မှုဖြစ်ပွား၍မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စု ၂၁ စုနှင့် လူဦးရေ ၆၅ ဦး အတွက် ဇေယျာ သီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း က မီးဘေးကူညီရေးထောက်ပံ့ငွေများ ပေး အပ်ခဲ့ကြောင်း သိရသည်။

Read more

ရှင်အပါး(၁ဝဝ) အလှူတော်မင်္ဂလာကျင်းပရန် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် အလှူငွေလှူဒါန်း

 

မန္တလေး ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့ မင်္ဂလာတပ်ဦးကျောင်းတွင် မဟာဝိဇယ ဆရာတော်ကြီးကကြီးမှူး၍ သာသနာပြု ယောဂီအဖွဲ့မှကျင်းပမည့် ရှင်အပါး(၁ဝဝ) အလှူတော်မင်္ဂလာ ကျင်းပရန်အတွက် မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများအား ယမန်နေ့ညနေ ၅ နာရီ ခွဲက မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂) ရပ်ကွက် ၃၉/၄ဝလမ်းကြား၊ လမ်း(၆ဝ)ရှိ မဟာဝိဇယကျောင်းတိုက်တွင် ပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က မဟာဝိဇယ ကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တ ဝိစာရထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံချစ်ကြည်ရေး ခရီးစဉ်

 

ဖေ၂၇

အိန္ဒိယသမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ခေါင်းဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဖေ ၂၆ရက်နေ့ ညပိုင်း (၁၉း၀၀)နာရီမှ (၂၀း၃၀)နာရီထိ အာဏာရပါတီ BJP ပါတီအထွေထွေအတွင်းရေးမှူး Mr.Bam Madhav မှဂုဏ်ပြုတည်ခင်းဧည့်ခံသည့်ညစာစားပွဲအခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုဝန်ကြီးတို့နှင့်အတူ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ သိကောင်းစရာနှင့်ပတ်သက်၍ ရှင်းလင်း

 

ထီးလင်း ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာမောင်မောင်ဌေးနှင့် ဦးလှဆွေတို့သည် မကွေးတိုင်းဒေသကြီး ဆောမြို့နှင့် ထီးလင်းမြို့တို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲများကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဆောမြို့တွင်လည်းကောင်း၊ မွန်းလွဲ ၁ နာရီတွင် ထီးလင်းမြို့နယ်တွင်လည်းကောင်း ရှင်းလင်းရာ ထိုမြို့နယ်များမှ ပါတီဝင်များနှင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ပါတီဗဟို အတွင်းရေးမှူးနှင့်အဖွဲ့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းရှင်းလင်းပွဲများတွင် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပဏာမရှင်းလင်းပြောကြားခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ aကျးရွာအုပ်စုပါတီ ဆိုင်းဘုတ်တင်ပွဲနှင့်ရေနွေးကြမ်းစကားဝိုင်းပြုလုပ်

 

ကလေးဝ၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာအုပ်စု ပါတီအခြေစိုက်စခန်းအတွင်း ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီက ပါတီဆိုင်းဘုတ်ကို အမွှေး နံ့သာရည်များပက်ဖျန်းကာ ဖွင့်လှစ် ပေးခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးစိုးနိုင် ကျေးရွာရပ်မိရပ်ဖများ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ကျေးရွာပါတီဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်

 

ဖျာပုံ ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် ဦးစိုးနိုင်သည် ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစန်းမောင် နှင့်အတူ ယမန်နေ့ နံနက် ၈ နာရီခွဲက ဖျာပုံမြို့နယ် ဦးပေကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာပြည်သူရပ်မိ ရပ်ဖများ၊ပါတီဝင်များနှင့်ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့သည်။

Read more

ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးကျင်းပ

 

ပန်းတနော် ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ပါတီကော်မတီဝင်များ လစဉ်ပုံမှန်အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီမှစတင်၍ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးအစည်းအဝေးခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ပန်းတနော်မြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်းနှင့် မြို့နယ် ပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး မိမိတို့ပါတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခြင်း၊ လုပ်ငန်းများမှအားသာ ချက်၊အားနည်းချက်များကို တစ်ဦးချင်းဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။

Read more

ကျောင်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လမ်းပြုပြင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်း

 

ကျောင်းကုန်း ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှလူသန့်ချောင်ကျေးရွာအုပ်စု ကညင်တိုက်ကျေးရွာသို့ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကျော်ဝင်း စိန်၊ မြို့နယ်ပါတီကော်မတီဝင်ဦးမြင့်ဆွေ၊ဦးစိန်တင်၊ဦးခင်မောင်ရင်၊ နယ်မြေတာဝန်ခံ မြို့နယ်ပါတီကော်မတီဝင်ဦးမျိုးသီဟတို့က သွား ရောက်၍ ဒေသဖွံ့ဖြိုးရေးများနှင့် ပြည်သူ့လိုအပ်ချက်များကို တွေ့ဆုံ ညှိနှိုင်း၍ ကညင်တိုက်ကျေးရွာလမ်းဖြစ်မြောက်ရေးနှင့် ခုံးတံတား တည်ဆောက်ရေးအတွက် အလှူငွေကျပ်တစ်သိန်းတိတိအား ယမန် နေ့တွင် လမ်း၊တံတားဖြစ်မြောက်ရေးကော်မတီနှင့် ပြည်သူလူထုထံ သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ကောလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ သရက်ခုံကျေးရွာတွင်ပါတီဆိုင်းဘုတ်တင်

 

ကောလင်း ဖေဖော်ဝါရီ ၂၆

ကောလင်းမြို့နယ် သရက်ခုံ အုပ်စုသရက်ခုံကျေးရွာပြည်ခိုင်ဖြိုး ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးရင်မောင် နေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၁နာရီကပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့သည်။

ဆိုင်းဘုတ်တင်ပွဲသို့ကောလင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ပါတီဝင်များနှင့် သတင်းမီဒီယာ များ စုစုပေါင်းအင်အား ၄ဝ ကျော် တက်ရောက်ခဲ့ကြသည်။

Read more

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အင်အားစိစစ်ခြင်းစဉ်ဆက်မပြတ်ဆောင်ရွက်

 

ရန်ကုန် ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရွာသာကြီး ရပ်ကွက်သို့ ပါတီဝင်အင်အားစိစစ် ခြင်းကို ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီ ဥက္ကဋ္ဌဒေါ်စမ်းစမ်းဌေးဦးဆောင်၍ အတွင်းရေးမှူး ဦးထွန်းလွင်၊ စီမံ ရေးရာတာဝန်ခံဦးမြင့်အောင်၊ မြို့နယ်လူငယ်အဖွဲ့ဝင်များနှင့်အတူ ရွာသာကြီးရပ်ကွက်ပါတီဥက္ကဋ္ဌဒေါ်နီ နီမြိုင်နှင့် ပါတီကော်မတီဝင်များ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းမှစတင် ကာနယ်မြေကွင်းဆင်းခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ကြသည်။

Read more