အမေရိကန်ခရီးစဉ်မှ ဆောလျင်စွာ ပြန်လာမည်ဟု အစ္စရေးဝန်ကြီးချုပ် ပြောကြား

တဲလ်အဗစ်မြို့ အနီး ဒုံးကျည်တိုက်ခိုက်မှုတစ်ခုကြောင့် လူခုနစ်ဦး ဒဏ်ရာရပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက အမေရိကန်ခရီးစဉ်မှ ဆောလျင်စွာ ပြန်လာမည်ဟု မတ်လ ၂၅ ရက်တွင် ပြောသည်။

ဒုံးကျည်ကို ဟာမားစ် စစ်သွေးကြွအဖွဲ့က ထိန်းချုပ်ထားသော ဂါဇာဒေသဘက်မှ ပစ်လွှတ်ခြင်းဖြစ်သည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားပြီး အစ္စရေးအနေဖြင့် အပြည့်အဝ တုံ့ပြန်မည် ဟု နေတန်ညာဟုက ပြောသည်။

Read more

ရေကြည်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်းပြုလုပ်

ရေကြည် မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင်ရေကြည်မြို့နယ်ငါးသိုင်းချောင်း မြို့နယ်ခွဲလက်ပံပင် ကျေးရွာအုပ်စု လက်ပံပင်ကျေးရွာဦးသန့်ဇင်ဦးပါတီ ဥက္ကဋ္ဌအိမ်နှင့် ဂွေးတောက်အုပ်စု မြောက်စမ်းကျေးရွာဦးတင့်အောင် ပါတီဥက္ကဋ္ဌအိမ်တွင် ယမန်နေ့ နံနက် ၉နာရီကပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့်ရေနွေးကြမ်းစကား ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်များကဗုဒ္ဓရုပ်ပွားတော်ဆင်းတုများလှူဒါန်း

 

မိတ္ထီလာ မတ် ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များက ဗုဒ္ဓ သာသနာ အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် ဆင်းတုအဆူ ၉ဝနှင့်ဘုရားကျောင်းဆောင် တို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

မအူပင် မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁ဝနာရီမှ စတင်၍ မအူပင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

Read more

အာင်လံ မတ်လ ၂၄ မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲနှင့် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝင်းအတွင်း၌ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် တက်ရောက်ခဲ့သည်။အခမ်းအနားကို နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခြင်း၊ အောင်လံမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဆန်းလွင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ ပါတီဝင်သစ်တစ်ဦးမှ စုပေါင်းပါတီဝင်အဆိုပြုလွှာ ၁ဝ၂၁ စောင် အား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆန်းလွင်ထံ သို့ပေးအပ်ခြင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်က ပါတီဝင်အသစ်များ အား ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစော ဝင်းမောင်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း သိကောင်းစရာများ ရှင်း လင်းဆွေးနွေးခြင်း၊ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်း စသည့်အစီအစဉ်များဖြင့် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်း ရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအလုပ် အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် ကော်မတီဝင်များ၊ အောင်လံမြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးဆန်းလွင်နှင့်အမှုဆောင်များ၊ ပါတီ ဝင်များနှင့်ပါတီဝင်အသစ်များ စုစု ပေါင်းလူအင်အား ၅ဝဝကျော်တက်ရောက် ခဲ့ကြသည်။ ဖိုးကြံ့ခိုင်(အောင်လံ)

 

မြောင်းမြ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မြောင်းမြမြို့နယ် ငါးမြင်းချောင်း ကျေးရွာရှိမီးဘေးသင့် အိမ်ထောင် စု ရှစ်စုထံသို့ ဆန်ရိက္ခာများကို ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ် ထားရှိရာကျေးရွာရှိ သုခိတာရုံဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နေ့လယ် က သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ သိကောင်းစရာများ ရှင်းလင်းပွဲတက်ရောက်

 

အောင်လံ မတ်လ ၂၄

Read more

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဈေးနှုန်းချိုသာစွာဖြင့် ဆန်နှင့် ဆီများရောင်းချပေး

 

ရန်ကုန် မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ တာဝန်ရှိသူများသည် ဒဂုံ တောင်မြို့နယ်နေပြည်သူများ စား ဝတ်နေရေးသက်သာချောင်ချိစေ ရန်ရည်ရွယ်၍ ယမန်နေ့ နံနက်မှစတင် ကာ ဆန်နှင့်ဆီများကို ဈေးနှုန်းချို သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

Read more

ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဘုန်းတော်ကြီးကျောင်းသိမ်ဆောက်လုပ်ရန် မြေသယ်မြေဖို့ လုပ်အားဒါနဆောင်ရွက်

 

မယ်စဲ့ မတ် ၂၄

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ် ရေးရာလှုပ်ရှားမှု တစ်ရပ်အနေဖြင့် မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာ ရှိ ဘုန်းတော်ကြီးကျောင်း သိမ်ဆောက်လုပ်ရာတွင် မြေသယ်မြေ ဖို့ ပျဉ်သယ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် လုပ်အား ဒါန ဆောင်ရွက်ခဲ့ကြသည်။

Read more

ပခုက္ကူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အေးကျွန်းကျေးရွာ ပါတီဆိုင်းဘုတ်တင်

 

ပခုက္ကူ မတ် ၂၄

မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့နယ် ကျွဲတဲအုပ်စုကျေးရွာ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီစည်းရုံးရေး နယ်မြေ(၃) တာဝန်ခံဦးမင်းသူ၏ နေအိမ်တွင် ယမန်နေ့ နံနက် ၈နာရီက ပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ရေနွေးကြမ်း စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရ သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကယားပြည်နယ်ပါတီဥက္ကဋ္ဌလွိုင်ကော်မြို့နယ် တီးလုံကျေးရွာအုပ်စု ဝမ်ငေါ့နှင့်ဒေါစဲကျေးရွာပြည်သူများနှင့်တွေ့ဆုံ

 

လွိုင်ကော် မတ် ၂၄

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် လွိုင်ကော်မြို့နယ် တီးလုံကျေးရွာအုပ်စု ဝမ်ငေါ့ကျေးရွာနှင့် ဒေါစဲကျေးရွာပြည်သူများနှင့် သွားရောက်တွေ့ဆုံသည်။ တီးလုံကျေးရွာအုပ်စု ဝမ်ငေါ့ ရွာခန်းမဆောင်တွင် ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီအထိ တွေ့ဆုံပြီး စုစုပေါင်းအင်အား ၂၅ဝ ကျော် တက်ရောက်ကြောင်းနှင့် မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ တီးလုံကျေးရွာအုပ်စု ဒေါစဲကျေးရွာ ခန်းမဆောင်တွင် ထပ်မံတွေ့ဆုံပြီး စုစုပေါင်းအင်အား ၁၄ဝ ကျော် တက်ရောက်သည်။

Read more