ဒေသခံပြည်သူများဖြင့် ကွင်းဆင်းတွေ့ဆုံခြင်း

 

မတ်လ ၃၁

၃၁-၃-၂၀၁၉ ရက်နေ့၊နံနက် (၁၀)နာရီအချိန် တွင် တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ဥက္ကဋ္ဌဦးဘိုစံ၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးစိုင်းရွှေထွန်းတို့သည် ခရိုင်ကော်မတီဝင် ဦးကျဒေါလော် (မိုင်းကိုးအုပ်စု၊ စည်းရုံးရေးတာဝန်ခံ)၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မူအန်တူငဲတ၊ ဦးနန္ဒာ(မိုင်းကိုးအုပ်စုပါတီ ဥက္ကဋ္ဌ၊ ရုမ်းတိုင်းရင်းသားတာဝန်ခံ)၊ ဦးကျအီ(မိုင်းကိုးအုပ်စုပါတီ ဥက္ကဋ္ဌ၊လားဟူတိုင်းရင်းသားတာဝန်ခံ)၊ ဒေါ်ဘူးဘို(မိုင်းကိုးအုပ်စုပါတီဥက္ကဋ္ဌ၊အာခါတိုင်းရင်းသားတာဝန်ခံ)တို့နှင့်အတူ တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ပါဆန်းကျေးရွာသို့သွားရောက်ပြီး ကျေးရွာသူကြီးချုပ်ဦးဂျော်နီ၊ လက်ထောက်သူကြီးဦးစပါ့နှင့် ရွာသူ/ရွာသား(၁၀၀)ဦးတို့ဖြင့် ကျေးရွာခန်းမတွင် နေ့လည်(၁၁း၃၀)မှ (၁၃း၀၀)အထိ ကွင်းဆင်းတွေ့ဆုံခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ လုပ်ငန်းစဉ်များဆောင်ရွက်

 

လားရှိုး မတ် ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ဦးတင့်လှိုင်မြင့်သည် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ရုံး၌ ပြည်နယ်၊ လားရှိုးခရိုင်၊ကွမ်းလုံခရိုင်၊လားရှိုး၊ သိန်းနီ၊ တန့်ယန်း၊ မိုင်းရယ်၊ နမ္မတူ၊ ကွမ်းလုံ၊ ဟိုပန်မြို့နယ်တို့မှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တာဝန်ခံ၊ ရုံးအဖွဲ့တို့နှင့် တွေ့ဆုံပြီး လုပ်ငန်းစဉ်များကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ကံမမြို့နယ် ကျေးလက်ပြည်သူများနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်

 

ကံမ မတ် ၃၁

ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ပါတီဥက္ကဋ္ဌ ဦးတင်ဦး၊ မြို့နယ်ကော်မတီဝင်များနှင့်အတူ ကံမမြို့နယ် စစ္စရံကျေးရွာအုပ်စုနှင့် ပြောင်ကျကျေးရွာတို့တွင် ကျေးလက်နေ ပြည်သူများနှင့်တွေ့ဆုံပြီး ရေနွေးကြမ်းစကားဝိုင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာသိကောင်းစရာများနှင့် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအကြောင်းများ ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။

Read more

မန်သဲအုပ်စု ကုန်းကြီး(မန်သဲ)ရွာတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ဖောင်းပြင် မတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး မော် လိုက်ခရိုင် ဖောင်းပြင်မြို့နယ် မန်သဲအုပ်စုကုန်းကြီး(မန်သဲ) ကျေးရွာတွင် ယမန်နေ့ နံနက်၈နာရီက မြို့နယ် ပါတီကော်မတီဝင် ဦးဆန်းဝင်း နေအိမ်၌ ခရိုင်ပါတီကော်မတီဝင် များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များ တက်ရောက်အားပေး ကာ အမွှေးနံ့သာရည်များဖြင့် ပက် ဖျန်း၍ဆိုင်းဘုတ်တင်ခဲ့ကြကြောင်း သိရသည်။

Read more

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

 

၃၀-၃-၂၀၁၉ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေမှ ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများဖြစ်သည့် အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပက်သက်ပြီး ပါတီရဲ့ရပ်တည်ချက်၊ ရခိုင်ပြည်နယ်အရေးကိစ္စများနဲ့ပက်သက်ပြီး ယနေ့ ၃၀-၃-၂၀၁၉ ရက်နေ့ စနေနေ့ နံနက် ၉း၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီရုံးတွင် သတင်းမီဒီယာများဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်စုံညီအစည်းအဝေးကျင်းပ

 

မတ်လ ၂၉ ရက် ၂၀၁၉ ခုနှစ်။ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင် စုံညီ အစည်းအဝေးအား ယနေ့ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်၊ သောကြာနေ့ နံနက် ၉း၀၀ နာရီအချိန်တွင် ပါတီဌာနချုပ်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

အောင်လအန်ဆန် နဲ့ ဟဲဗီးဝိတ် ချန်ပီယံကြီး ဗီရာ တို့ လိုက်ဟဲဗီးဝိတ်တန်းပွဲ ထိုးသတ်မယ်

မစ်ဒယ်ဝိတ်တန်း ခါးပတ် ကာကွယ်ပွဲကို အကောင်းဆုံး ထိုးသတ်ပြီး ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်ဟာ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်ကာကွယ်ပွဲကိုလည်း ထိုးသတ်ဖို့ ရှိပါတယ်။ အိမ်ရှင် ဂျပန်နိုင်ငံသား ခန်ဟစဲ့ဂါဝါကို ဒုတိယအချီမှာ အလဲထိုး ဒိုင်ပွဲရပ် အနိုင်ယူခဲ့တဲ့ အောင်လဟာ ဟဲဗီးဝိတ်တန်းက ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်ဖို့ သဘောတူခဲ့ပါတယ်။ ပွဲအပြီး စင်ပေါ်မှာ အောင်လရဲ့ အောင်ပွဲကို ဂုဏ်ပြုရင်း ဖိလစ်ပိုင်ဖွား အမေရိကန်နိုင်ငံသား ဗီရာက ထိုးသတ်ဖို့ ကမ်းလှမ်းခဲ့မှုကို အောင်လက လက်ခံခဲ့တာ ဖြစ်ပါတယ်။

Read more

မီယာမီအိုးပန်း ချန်ပီယံဆုကို ရော်ဂျာဖက်ဒရာ (၄)ကြိမ်မြောက် ဆွတ်ခူး

မတ်လ ၃၁ ရက်နေ့က အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ မီယာမီအိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နာမည်ကြီး တင်းနစ်သမား ရော်ဂျာ ဖက်ဒရာက ဂျွန်အစ်စနာကို အနိုင်ရသွားပါတယ်။ ဒီပြိုင်ပွဲမှာ အသက် ၃၇ နှစ်အရွယ် ဖက်ဒရာက ပထမပွဲကို လက်ရည်အသာစီးနဲ့ ယှဉ်ပြိုင်ပြီး ၆ – ၁ နဲ့ အနိုင်ရသွားပါတယ်။ ဒုတိယပွဲမှာ ဖက်ဒရာဟာ အိမ်ရှင် အမေရိကန်နိုင်ငံသား ဂျွန်အစ်စနာကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ၆ – ၄ နဲ့ အနိုင်ရသွားတာပါ။ လက်ရှိချန်ပီယံ ဂျွန်အစ်စနာဟာ ဒီပြိုင်ပွဲမှာ ရုန်းကန် ယှဉ်ပြိုင်သွားရပါတယ်။ ဆွစ်ဇာလန် တင်းနစ်သမား ဖက်ဒရာဟာ မီယာမီအိုးပန်း ချန်ပီယံဆုကို ကစားသမားဘဝ သက်တမ်းမှာ ၄ ကြိမ် ရယူနိုင်တာ ဖြစ်ပါတယ်။DVB

Read more

စပိန်က မြောက်ကိုရီးယား သံရုံး စီးနင်းတိုက်ခိုက်ခံခဲ့ရ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပိန်နိုင်ငံမှာရှိတဲ့ မြောက်ကိုရီးယား သံရုံး စီးနင်းတိုက်ခိုက်ခံခဲ့ရတာဟာ လုံးဝအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးပေးဖို့ စပိန်အစိုးရကို တိုက်တွန်း လိုက်ပါတယ်။

ပြီးခဲ့တဲ့လက မက်ဒရစ်မြို့က မြောက်ကိုရီးယား သံရုံးအတွင်းကို လက်နက်ကိုင်လူတစ်စု ရုတ်တရက် ၀င်ရောက်လာခဲ့ပြီး ၀န်ထမ်းတွေကိုခြိမ်းခြောက်၊ စာရွက်စာတမ်းတွေနဲ့ ကွန်ပြူတာတွေကို ယူဆောင် ထွက်ပြေးသွားခဲ့ကြပါတယ်။

Read more

ရွေးကောက်ပွဲ ရလဒ် မထုတ်ပြန်သေးလို့ ဘန်ကောက်မှာ ဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်မှာ အတိုက်အခံအဖွဲ့တွေက ရွေးကောက်ပွဲရလဒ် မထုတ်ပြန်နိုင်သေးပဲဖြစ်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

မတ်လ ၂၄ ရက်နေ့ ရွေးကောက်ပွဲပြီးလို့ သီတင်းတစ်ပတ်ကြာတဲ့အထိ မဲစာရင်းရလဒ်ကို ရွေးကောက်ပွဲ ကော်မရှင်က မထုတ်ပြန်နိုင်သေးပဲ မေလ ၉ ရက် နေ့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ မနေ့ကတော့ ဘန်ကောက်မြို့လယ်မှာ အတိုက်အခံအဖွဲ့တွေက နှစ်နေရာခွဲပြီး ဆန္ဒပြခဲ့ကြပါတယ်။ အလိမ်အညာတွေရပ်၊ ပြည်သူလူထုကို လေးစားပါ စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။ တစ်ဖွဲ့စီမှာ လူအင်အား တစ်ရာကျော်လောက်သာရှိပေမယ့် တက်တက်ကြွကြွ ဆန္ဒပြနေကြတာ ဖြစ်တယ်လို့ ရိုက်တာသတင်း က ဖော်ပြပါတယ်။

Read more