ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဟုမ္မလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲ

 

ဟုမ္မလင်း / ဧပြီ / ၂

ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဟုမ္မလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲ အခမ်းအနားကို (၂-၄-၂၀၁၉) ရက်နေ့ နံနက် (၉း၃၀)နာရီအချိန် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအကြံပေး ဦးသာအေး၊ ဗဟိုအလုပ်အမှုဆောင် (စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ) ဦးမြင့်စိုး၊ တိုင်းဒေသကြီးအလုပ်အမှုဆောင် (ခန္တီးခရိုင်တာဝန်ခံ) ဦးစောမြင့်ဦး၊ ခရိုင်အလုပ်အမှုဆောင် ဦးခင်မောင်ဆွေ၊ ဟုမ္မလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အလုပ်အမှုဆောင်များ အရန်မြို့နယ်အလုပ်အမှုဆောင်များ ရပ်ကွက်/ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မှ ဥရောပသမဂ္ဂ၊ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲဟောင်း Alexander Graf Lambsdorff အား လက်ခံတွေ့ဆုံ

 

၂-၄-၂၀၁၉ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ဥရောပသမဂ္ဂ၊ ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲဟောင်း Alexander Graf Lambsdorff အား ၂၀၁၉ ခုနှစ် ဧပြီလ(၂)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ကယားပြည်နယ်တာဝန်ခံ ပြည်နယ် ခရိုင် မြို့နယ်ပါတီများနှင့် ညှိနှိုင်းစည်းဝေးပွဲကျင်းပ

 

လွိုင်ကော် ဧပြီ ၂

ကယားပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်ခိုင်ဖြိုး ပါတီဗဟိုအတိုင်ပင်ခံ၊ ကယားပြည်နယ်တာဝန်ခံဦးဝင်းမြင့်နှင့် ပြည်နယ် ခရိုင် မြို့နယ်ပါတီများ၊ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသည်။

ပထမဦးစွာ နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ် သည်။ ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင် ပင်ခံကယားပြည်နယ်တာဝန်ခံဦးဝင်းမြင့်က လမ်းညွှန် အမှာစကား ပြောကြားသည်။

Read more

မက်ဆီ အပေါ်မှီခိုနေခြင်းက ခွင့်လွှတ်နိုင်စရာမရှိ

ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက ဗီလာရီးယဲလ်နှင့် ၄-၄ သရေကျခဲ့သည့်ပွဲတွင် သရေတစ်မှတ်အတွက် နောက်မှလိုက်ကစားခဲ့ရပြီး အသင်းမှာ မက်ဆီအပေါ်မှီခိုလွန်းသည့် ကစားပုံက ခွင့်လွှတ်နိုင်စရာ မရှိဟု ပြောကြားသွားခဲ့သည်။

Read more

အစိုးရကန်ထရိုက်လုပ်ငန်းတွေ စိစစ်ဖို့ ဖိလစ်ပိုင်သမ္မတ အမိန့်ထုတ်

ဖိလစ်ပိုင်နိုင်ငံမှာ အစိုးရနဲ့ပတ်သက်တဲ့ ကန်ထရိုက်လုပ်ငန်းတွေကို ပြန်ပြီးစိစစ်ဖို့ သမ္မတဒူတာတေးက အမိန့်ထုတ်လိုက်ပါတယ်။ ဖိလစ်ပိုင်အစိုးရနဲ့ လုပ်ငန်းကုမ္ပဏီတွေ၊ တခြားနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်စာချုပ်တွေမှာ နိုင်ငံအတွက် အကျိုးမဲ့စရာတွေ ရှိမရှိ၊ ကန်ထရိုက်လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲရှိမရှိ၊ အခြေခံဥပဒေနဲ့ မကိုက်ညီတာတွေ ရှိမရှိ ပြန်လည်စစ်ဆေး သုံးသပ်ကြဖို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ဖိလစ်ပိုင်ရှေ့နေချုပ်ရုံး၊ တရားရေးဆိုင်ရာအတွင်းဝန်ရုံးနဲ့ ဥပဒေရေးရာဌာနအားလုံး ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကန်ထရိုက်လုပ်ငန်းဘယ်နှစ်ခု ပြန်လည်စစ်ဆေးရမလဲ ဆိုကိုတာတော့ မသိရသေးပါဘူး။

Read more

အိန္ဒိယနှင့် ပါကစ္စတန်နို်င်ငံက အကောင့်နှင့် စာမျက်နှာ(၁)ထောင်ကျော် Facebook ဖယ်ရှား

အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့က မူမမှန်တဲ့ facebook အကောင့်(၇၁၂)ခုနဲ့ page (၃၉၀)ကို facebook ကုမ္ပဏီက အခုလ(၁)ရက်နေ့က ဖယ်ရှားလိုက်ပါတယ်။ အိန္ဒိယနိုင်ငံက အဖျက်ခံရတဲ့ အကောင့်တွေနဲ့ page အများစုဟာ အိန္ဒိယအတိုက်အခံကွန်ဂရက် ပါတီနဲ့ဆက်နွှယ်နေတဲ့အကောင့်နဲ့ page တွေဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲ မတိုင်ခင် အဖျက်ခံရတာလည်း ဖြစ်ပါတယ်။ Facebook ကုမ္ပဏီက နောက်ထပ်ဖျက်သိမ်းပစ် လိုက်တာကတော့ ပါကစ္စတန်စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ အကောင့်တွေဖြစ်တယ်လို့ သိရပါတယ်။ Facebook ကုမ္ပဏီက ပါကစ္စတန်စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ မူမမှန်တဲ့ အကောင့်တု(၅၇)ခု၊ page (၂၄)ခု၊ အဖွဲ့(၇)ဖွဲ့နဲ့ အင်စတာဂရမ် အကောင့်(၁၅)ခုတို့ကိုလည်း ဖျက်သိမ်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ -Ref:Onenews

Read more

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနိုင်းအ စည်းအဝေးကျင်းပ

 

ဧပြီလ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်/မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း ၊ ခရိုင်ဥက္ကဌ ဦးဘိုစံ၊ ခရိုင်အတွင်းရေးမှူးဦးဟန်ဦးနှင့်ခရိုင်ကော်မတီဝင်များ၊မြို့နယ်ဥက္ကဌဦးစိုင်းရွှေထွန်း၊ အတွင်းရေးမှူးဦးအောင်နိုင် နှင့် ကော်မတီဝင်များ၊ခရိုင်အမျိုးသမီးရေးရာကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့များဖြင့် ယမန်နေ့ (၁.၄.၂၀၁၉)ေ န့တွင် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီရုံး၌ တွေဆုံခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည် ။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ

Read more

မိုင်းချောင်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်စိုက်ထူခြင်းပြုလုပ်

 

ဧပြီလ ၁

စစ်ကိုင်းတိုင်းဒေသကြီး မော် လိုက်ခရိုင် ဖေါင်းပြင်မြို့နယ် မိုင်း ချောင်းအုပ်စု မိုင်းချောင်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင် ဦးသန်းအောင် နေအိမ်ရှေ့၌ ယမန်နေ့ နံနက် ၉ နာရီ ခွဲတွင် မော်လိုက်ခရိုင် ပါတီကော် မတီဝင် ဦးတင်မင်းထွဋ်၊ ဖောင်း ပြင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးနေဝင်း၊ အတွင်းရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်ပါတီကော် မတီများဖြစ်ကြသည့် ဦးမောင်ရွှေ၊ ဦးဆန်းဝင်း၊ ဦးကံရှိန်၊ ဦးကျော် လင်းစိုးတို့နှင့်အတူမိုင်းချောင်းအုပ်စု မှပါတီဝင်အင်အားစုများဖြင့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်ကိုစိုက်ထူခဲ့ကြသည်။

Read more

သုံးခွမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဝင်များအစည်းအဝေးကျင်းပ

 

ဧပြီလ ၁

ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့ အမှတ်(၁)ရပ်ကွက်မာဃလမ်းရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝနာရီက ရပ်ကွက်ကျေးရွာများ လပတ်အစည်းအဝေး ပြုလုပ်ခဲ့ ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌဒေါ်ခင်မြတ်စုက အဖွင့် အမှာစကားပြောကြားကြောင်း သိရသည်။

ထို့နောက်မြို့နယ်ပါတီကော်မတီဝင်ဦးကျင်ဝင်း၊ ဦးသိန်းအောင် တို့ကနယ်မြေအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆောင်ရွက်နေမှုများကိုတင်ပြဆွေးနွေးကြပြီး ရပ်ကျေးပါတီ ကော် မတီဝင်များကလည်း လိုအပ်ချက်များကိုတင်ပြ၍ ညှိနှိုင်းကာ ရှေ့ ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

Read more

ဖွဲ့စည်းပုံအခြေခံဥပဒေသိကောင်းစရာဟောပြောဆွေးနွေးပွဲ မအူပင်မြို့နယ်တွင်ပြုလု

 

မအူပင် ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော (၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေသိကောင်း စရာဟောပြောဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီမှစတင်လျက် မအူပင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး မျိုးဆက်အားမာန်ခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

Read more