Author: USDP 2016
ဗင်နီဇွဲလားနိုင်ငံတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုအပြီး လူ ၅ ဦးသေဆုံး၊ ၂၃၃ ဦး ထိန်းသိမ်းခံရ
ဗင်နီဇွဲလားနိုင်ငံတွင် ဧပြီလ ၃၀ ရက်က အာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး လူ ၂၃၃ ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း ဗင်နီဇွဲလားနိုင်ငံ ရှေ့နေချုပ် တာရက် ဝီလီယံ ဆတ်ဘ် (Tarek William Saab) က မေလ ၆ ရက်တွင် ပြောကြားလိုက်သည်။ အဆိုပါ အာဏာသိမ်းရန်ကြိုးပမ်းမှုမှာ အတိုက်အခံ ခေါင်းဆောင်များဖြစ်သော လီယိုပေါ်လ်ဒို လိုပက်ဇ် (Leopoldo Lopez) ၊ ဂျူအန် ဂွိုင်ဒို (Juan Guaido) နှင့် တို့၏ ပြောကြားမှုမှတစ်ဆင့်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ပုန်ကန်သူစစ်သားများကလည်း ထောက်ခံမှုပြုခဲ့ကြောင်း ဆတ်ဘ်က ဒေသခံရုပ်မြင်သံကြားနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။
Read moreကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
ကျုံပျော် မေ ၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဆောင်၍ ဒိုက်ပျက်တိုက်နယ် အတွင်းရှိ ကျေးရွာများဖြစ်သော သက္ကယ်ပြင် ကျေးရွာအုပ်စု မိုးမခ ကျေးရွာရှိ မြို့နယ်အရန် ပါတီကော်မတီ ဦးအောင်ဌေး၏ အိမ်တွင် ကျေးရွာရှိ ပါတီဝင် ပြည်သူများနှင့် တွေ့ဆုံကာ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ပါတီ၏ မူဝါဒသဘောထားများ၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သိကောင်းစရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
Read moreရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေး
ရေကြည် မေ ၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပြည်ထောင်စု ကံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးမှ ကြီးမှူးပြီး မြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉နာရီတွင် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြုလုပ်ကြောင်း သိရသည်။
Read moreပါတီစည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင် ကျောက်တန်းပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် တွေ့ဆုံ
ရန်ကုန် မေ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် စည်းကမ်းထိန်းသိမ်းရေး ဌာနကြီးမှ ပါတီဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်းနှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီတွင် ကျောက်တန်းမြို့နယ် ပါတီရုံး၌ ကျောက်တန်း မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
Read moreမတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်/ရပ်ကွက်ကျေးရွာ ပါတီကော်မတီဝင်များ လပတ်အစည်းဝေးနှင့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ အခမ်းအနား ကျင်းပ
မေ(၆)၊မတ္တရာ သုတ
ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်မှ ညနေပိုင်းအထိ မြို့နယ်ပါတီ၏ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်/ ရပ်ကွက်ကျေးရွာ ပါတီကော်မတီဝင်များ လပတ်အစည်းဝေးနှင့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ် ခဲ့သည်။ အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ နိုင်ငံတော်အလံအား အလေးပြုဖွင့်လှစ်ပြီးနောက် ပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
Read moreပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီနယ်မြေ ကွင်းဆင်း ရေနွေးကြမ်းစကားဝိုင်းနှင့် ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်
ပုသိမ်ကြီး မေ ၆
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးအောင်ကျော်မျိုးမင်း၊ ဦးကျော်ခိုင် (နယ်မြေမှူး) တို့သည် ယမန်နေ့ နံနက်ပိုင်းတွင် ဒဟတ္တောကျေးရွာအုပ်စု သရက်ကိုင်းကျေးရွာ ဓမ္မဝိဟာရ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဦးဓမ္မပါလ အားလှူဖွယ်ခြင်း ဆက်ကပ် လှူဒါန်းပြီး သြဝါဒခံယူကာ ကျောင်းတွင်းရှိ ဓမ္မာရုံတွင် ကျေးရွာပါတီ ခေါင်းဆောင် ဦးခင်မောင်ဦးနှင့် ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။
Read moreဆင်ပေါင်ဝဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အိမ်တွင်းလက်မှု သင်တန်းဖွင့်
ဆင်ပေါင်ဝဲ မေ ၆
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီး ရေးရာကော်မတီ၏ ကြီးကြပ်မှုဖြင့် ပါတီဝင်အမျိုး သမီးများပိုမို ထိတွေ့ဆက်ဆံရေး ကောင်းမွန်လာစေရန် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှု လုပ်ငန်းများလုပ် ကိုင်တတ်စေရန် ရည်ရွယ်၍ အသက်မွေး အထောက်အကူပြု အိမ်တွင်းလက်မှု သင်တန်း အမှတ်စဉ် ၁/ ၂ဝ၁၉ ကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပါတီရုံး ခန်းမ၌ ကျင်းပခဲ့ သည်။
Read moreဘုတလင်မြို့နယ် ထနောင်းကုန်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်
ဘုတလင် မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ထနောင်းကုန်းကျေးရွာအုပ်စု ထနောင်းကုန်းကျေးရွာ ဦးအောင်အောင်၏ နေအိမ်ခြံဝင်း အတွင်း၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီဆိုင်း ဘုတ်တင်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Read more