လီဗာပူး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပါက ပေါင်သန်း ၁ဝဝ ခန့် စံချိန်တင်ရရှိမည်

လီဗာပူးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားသာ ရရှိခဲ့မယ်ဆိုရင် ပေါင်သန်း ၁၀၀ လောက် ရရှိနိုင်မယ့် အခြေအနေ ရှိပါတယ်။ ဒီငွေပမာဏဟာ အင်္ဂလိပ်ဘောလုံးသမိုင်းတလျှောက် အများဆုံးရရှိမယ့် ငွေပမာဏလည်း ဖြစ်ပါတယ်။

Read more

ဥရောပ ရွှေဖိနပ်ဆု သုံးနှစ်ဆက်တိုက် ရရှိခဲ့တဲ့ မက်ဆီ

ဘာစီလိုနာ – အနီးကပ်ဆုံးပြိုင်ဘက် ပီအက်စ်ဂျီတိုက်စစ်မှူးမက် ဘီက ပြင်သစ်လီဂူးဝမ်း ရာသီအပိတ်ပွဲတွင် လိုအပ်သော သွင်းဂိုးလေးဂိုး သွင်းယူနိုင်ခြင်း မရှိသဖြင့် ဘာစီလိုနာကြယ်ပွင့် မက်ဆီသည် ဥရောပရွှေဖိနပ်ဆုကို သုံးနှစ်ဆက်တိုက် သိမ်းပိုက်နိုင်သော ပထမဆုံးကစားသမားဖြစ်လာသည်။

Read more

နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘော ရုရှား မိတ်ဆက်

ရုရှားအစိုးရဟာ ရေခဲပြင်ကိုခွဲပြီး မောင်းနိုင်တဲ့ နျူကလီးယား စွမ်းအင်သုံး သင်္ဘောကို မေလ ၂၅ ရက်က စပြီး မိတ်ဆက်လိုက်ပါတယ်။ အာတိတ်ဒေသရဲ့ စီးပွားရေး အလားအလာအပေါ် စွမ်းရည်တိုးမြှင့်ဖို့ သူ့ရဲ့ ရေတပ်ကို တိုးချဲ့ဖို့ ရည်မှန်းချက်ကြီးတဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

Read more

ကြို့ပင်ကောက်မြို့နယ်တွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

 

ကြို့ပင်ကောက် မေ ၂၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဦးဝင်းမြင့်စိုး ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲက မြို့ကိုင်းအုပ်စု မြို့ကိုင်းကွက်သစ် ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဋ္ဌ ဦးသန်းဦး နေအိမ်တွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲတွင် ဒေါ်တင့်တင့်ခိုင် အခမ်းအနားမှူးက ဖွင့်လှစ်ကြောင်း ကြေညာပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းနာယက ဦးဝင်းမြင့်စိုးက အဖွင့်စကားများနှင့် ယနေ့ဖြစ်ပေါ်နေသော ပကတိအခြေအနေ အကြောင်းအရာများကို ဆွေးနွေးပြောကြား ခဲ့သည်။

Read more

လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရေရှားပါးသောကျေးရွာသို့ သာက်ရေသန့်များ သွားရောက်လှူဒါန်း

 

နေပြည်တော် မေ ၂၃

ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ ညနေ ၄ နာရီခွဲတွင် နွေရာသီသောက်သုံးရေ ရှားပါးနေသော အောင်သာအုပ်စုသို့ သွားရောက်၍ သောက်ရေသန့် ၂ဝ လီ တာ ဘူး ၂ဝဝ သွားရောက်လှူ ဒါန်းခဲ့သည်။

Read more

နောင်လက်ကြီး ကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ်တင်

 

ရွှေကူ မေ ၂၃

ရွှေကူမြို့နယ် နောင်လက်ကြီး ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ၏ ဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက နောင်လက်ကြီးကျေးရွာ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးနိုင်ဦး၏ နေအိမ်တွင် ကျင်းပခဲ့ရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသန်းထိုက်၊ ဘဏ္ဍာရေးမှူး ဦးမြင့်သန်းဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်၊ အရန်ပါတီကော်မတီဝင်များ၊ နောင်လက်ကြီးကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ ဦးဆန်းဦးနှင့် ပါတီကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်း ၅ဝ ခန့် တက်ရောက် ခဲ့ကြသည်။

Read more

မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်း၍ တရုတ်ဘာသာ (အခြေခံ) စကားပြော သင်တန်းဖွင့်ပွဲ ကျင်းပ

 

မန္တလေး မေ ၂၃

Read more

ကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီ ဆိုင်းဘုတ်တင် ပါတီဝင်များနှင့်တွေ့ဆုံ

 

ကလေး မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့တွင် ယခင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင်တို့ ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၇ နာရီခွဲတွင် ကလေးမြို့ အောင်မင်္ဂလာရပ်ကွက် ရပ်ကျေး ဦးဘိုရွှေနေအိမ်တွင် ကလေးမြို့ ခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ရပ်ကျေးပါတီ ဆိုင်းဘုတ် စိုက်ထူကြပြီး ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံကာအားလုံး စည်းစည်းလုံးလုံး ရှိကြရန်နှင့် ပါတီ၏ မူဝါဒ များကို ရှင်းလင်းပြောကြားကာ တွေ့ဆုံပွဲကို နံနက် ၉ နာရီတွင် ပြီးစီးခဲ့ကြောင်း သိရသည်။   ဂျွိုင်းဆက်(ကလေး

Read more

လူမျိုးရေးခွဲခြားမှုတွေကို ပြင်းထန်တဲ့အရေးယူမှုလုပ်ဖို့ လိုတယ်လို့ စတားလင်း ပြော

မန်စီးတီးအသင်းတိုက်စစ်မှူးရာဟင်စတားလင်းက ဘောလုံးလောကအတွင်း လူမျိုးရေးခွဲခြားမှုတွေကို ပြင်းထန်တဲ့ အရေးယူမှုလုပ်ဖို့ လိုတယ်လို့ ပြောကြားလိုက်ပါတယ်။ အင်္ဂါနေ့က နယူးယောက်မြို့မှာ ဝေါလ်စထရိဂျာနယ်က ကျင်းပတဲ့ အခမ်းအနားတစ်ခုကို တက်ရောက်ရင်းစတားလင်းက အဲဒီလိုပြောကြားခဲ့တာပါ။

Read more

တရုတ် Huawei တယ်လီဖုန်း ရောင်းချမှု ဗြိတိန်နဲ့ ဂျပန် ကုမ္ပဏီ ၄ခု ဆိုင်းငံ့

တယ်လီဖုံးဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်တဲ့ တရုတ်ရဲ့ Huawei Technologies အပေါ် အမေရိကန်က ကန့်သတ်မှုတွေ ချမှတ်ခဲ့ပြီးနောက် ဗြိတိသျှနဲ့ ဂျပန် မိုဘိုင်းလ် တယ်လီဖုံး ကုမ္ပဏီ လေးခုတို့ကလည်း Huawei ကုမ္ပဏီကြီးက ထုတ်လုပ်တဲ့ ပစ္စည်းသစ်တွေကို ရောင်းချဖို့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်ပါတယ်။

Read more