ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ အင်္ဂပူမြို့နယ်တွင် ရေနွေကြမ်းစကားဝိုင်း ပြုလုပ်

 

ဇွန် ၁၇၊ အင်္ဂပူ

ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ဘုရားငုတ္တိုကျေးရွာတွင် ကျေးလက်နေ ပြည်သူများနှင့် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းတို့ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် တက္ကသိုလ်ဝင်တန်း ဝိဇ္ဇာဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ဒုတိယအမှတ်အများဆုံး ရရှိသူ မောင်ခန့်မောင်မောင်နှင့် ဂုဏ်ထူးဖြင့် အောင်မြင်ကြသော ကျောင်းသားကျောင်းသူများကို ပြည်ခိုင်ဖြိုးပါတီက ဂုဏ်ပြုဆုချီးမြှင့် ခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ မအူပင်မြို့နယ်တွင် တိုင်းခရိုင်မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

မအူပင် ဇွန် ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းညွန့်သည် တိုင်း၊ ခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး မျိုးဆက်အားမာန် ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

Read more

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် စာပေဟောပြောပွဲ ပြုလုပ်ကျင်းပ

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ဦးဝေလွင် (သို့) စာရေးဆရာဝေလွင်မောင် အပါအ၀င် စာရေးဆရာချစ်နိုင် (စိတ်ပညာနှင့် စာရေးဆရာ မနုဿကျော်ဝင်းတို့ ပါဝင်သည့် စာပေဟောပြောပွဲ တစ်ရပ်ကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ၊် မအူတောကျေးရွာ လယ်ပြင်ကျောင်းတိုက် ဝန်းအတွင်း ၁၅-၆-၂၀၁၉ နေ့က ကျင်းပပြုလုပ် ခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ ဓနုဖြူမြို့နယ်တွင် ရေနွေကြမ်းစကားဝိုင်း ပြုလုပ်

 

ဇွန် ၁၆၊ ဓနုဖြူ

ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ဇီးဖြူကုန်းကျေးရွာတွင် ကျေးလက်နေ ပြည်သူများနှင့် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းတို့ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ကြသည်။

ဒေသခံများကလည်း အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေး ခဲ့ကြပါသည်။


Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ ဇလွန်မြို့နယ်တွင် ရေနွေကြမ်းစကားဝိုင်း ပြုလုပ်

 

ဇွန် ၁၆၊ ဇလွန်

ဇွန်လ ၁၆ ရက်နေ့ နေ့လည် (၁) နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် သရက်ချောင်းကျေးရွာ အုပ်စုတွင် ကျေးလက်နေပြည်သူများ၊ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့တို့ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ကြပြီး ဒေသခံများကလည်း အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေး ခဲ့ကြသည်။


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများပြည်သူများ၊ ပါတီဝင်များနှင့် တွေ့ဆုံ

 

ရန်ကုန် ဇွန် ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာ၊ ပါဒကြီး ငါးထပ်ကြီးဘုရားတန်ဆောင်း အတွင်းတွင် ကျောက်တန်းမြို့နယ် ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပြည်သူများဖြင့် တွေ့ဆုံခဲ့သည်။

Read more

မောရစ်သျှ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဗိုလ်စွဲ

၂၀၁၉ မောရစ်သျှ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာကစားသမား သက်ထားသူဇာက ဖင်လန်နိုင်ငံမှ ကစားသမား အိုင်ရီမစ်ခီလာ ကို  ၂၁-၁၀၊ ၂၁-၁၉ နဲ့ နှစ်ပွဲပြတ် အနိုင်ရရှိပြီး ဗိုလ်စွဲသွားပါတယ်။ မောရစ်သျှ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲကို ဇွန်လ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့တာပါ။ ဒီပွဲကို အာဖရိက ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပတာပါ။ သက်ထားသူဇာဟာ အဲဒီပြိုင်ပွဲကို ရှုံးထွက်ပထမအဆင့်ကနေ စတင်ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ  အိမ်ရှင် မောရစ်သျှနိုင်ငံသူကို နှစ်ပွဲပြတ်၊ ကွာတားဖိုင်နယ်မှာ မလေးရှားနိုင်ငံသူကို နှစ်ပွဲပြတ်၊ အကြိုဗိုလ်လုပွဲမှာ အိန္ဒိယနိုင်ငံသူကို နှစ်ပွဲတစ်ပွဲနဲ့ အနိုင်ပြီး  ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာပါ။ ဗိုလ်လုပွဲမှာလည်း ပြိုင်ဖက်ကို ၂ ပွဲ ပြတ်အနိုင်ယူပြီး ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

Read more

တောင်ကိုရီးယားကိုနိုင်ပြီး ယူကရိန်း ယူ-၂၀ ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာ

ယူကရိန်းသည် တောင်ကိုရီးယားကို နောက်မှလိုက်ကစားပြီး ၃-၁ ဂိုးဖြင့်နိုင်ကာ ၎င်းတို့၏ ပထမဆုံးယူ-၂၀ ကမ္ဘာ့ဖလားရရှိခဲ့သည်။ ပိုလန်နိုင်ငံ လို့ဇ်မြို့၌ ကျင်းပခဲ့သော ဗိုလ်လုပွဲတွင် ပထမဆုံး ဗိုလ်လုပွဲ တက်ရောက် လာသော နှစ်သင်းဆုံတွေ့ခဲ့ပြီး တောင်ကိုရီးယားက စောစောပိုင်း ပင်နယ်တီမှတစ်ဆင့် ဂိုးရခဲ့သော်လည်း ယူကရိန်းလူငယ်များက သုံးဂိုး သွင်းယူသည်။

Read more

တိုင်ဆန်ဖျူရီက တွမ်ရှောဝါ့ဇ်ကိုအား ဒုတိယအချီတွင် အလဲထိုးအနိုင်ယူ

တိုင်ဆန်ဖျူရီဟာ နာမည်ကြီး ဝိုင်ဒါနဲ့ မကျေပွဲ ပြန်လည်မထိုးသတ်မီ ကြားပွဲစဉ်တပွဲဖြစ်တဲ့ တွမ်ရှောဝါ့ဇ်ကိုနဲ့ပွဲကို လာ့စ်ဗီးဂတ်စ်မှာ ထိုးသတ်ခဲ့ပြီး အံ့အားသင့်ဖွယ်လက်စွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ဂျာမနီလက်ဝှေ့ကျော် တွမ်ရှောဝါ့ဇ်ဟာ ပွဲမစခင်က ဖျူရီကို ဒုက္ခပေးနိုင်မယ့် လက်ဝှေ့သမားလို့ အားလုံးက သုံးသပ်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ နှစ်ချီမြောက်မှာတင် ဗြိတိန်သားက အောင်ပွဲခံသွားခဲ့ပါတယ်။ ရှောဝါ့ဇ်ဟာ ပထမအချီ မှာတော့ ဖျူရီနဲ့ သူမသာကိုယ်မသာ ထိုးသတ်နိုင်ခဲ့ပေမယ့် ဒုတိယအချီမှာတော့ ဖျူရီရဲ့ လက်သီးချက်တွေကို မကာကွယ်နိုင်ခဲ့ဘဲ အလဲထိုးခံလိုက်ရတာလည်း ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ နှစ်ဦးစလုံးအတွက် ပထမဆုံး အမေရိကန်မှာ ထိုးသတ်တဲ့ပွဲဖြစ်လာပြီးတော့ တိုင်ဆန်ဖျူရီကတော့ လာမယ့်ပွဲမှာ ဝိုင်ဒါကို အလဲထိုးအနိုင်ရနိုင်ဖို့ လေ့ကျင့်သား ပြည့်ဝနေပြီဆိုတာကို ပြသခဲ့တာ ဖြစ်ပါတယ်။ -Ref:Skysports

Read more