Author: USDP 2016
ပင်လည်ဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ ရပ်ကျေးပါတီ ဥက္ကဋ္ဌများနှင့် တွေ့ဆုံပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး
ပင်လည်ဘူး ဇွန် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် ရပ်ကျေးပါတီ ဥက္ကဋ္ဌများ တွေ့ဆုံပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နာယက ဦးမျိုးမြင့်၊ ပါတီ ဥက္ကဋ္ဌ ဦးဝင်းသိန်း၊ ခရိုင်ပါတီ ကော်မတီဝင် ဦးမြင့်ကျော်၊ အတွင်းရေးမှူး ဦးသောင်းဌေးနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
Read moreစဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးအုပ်စု ပါတီဆိုင်းဘုတ်တင် မင်္ဂလာ အခမ်းအနား ကျင်းပ
ဇွန် ၁၈
စဥ့်ကိုင်မြို့ ဥယျဉ်ကြီးကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ (၁၈.၆.၂၀၁၉) ရက်နေ့ နံနက် (၉ :၀၀) အချိန်တွင် ရပ်ကျေးပါတီ ကော်မတီဝင် ဒေါ်နီနီလှိုင်၏ နေအိမ်၌ စိုက်ထူခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ပါတီအတွင်းရေးမှူး ဦးထွန်းထွန်းနိုင် ဘဏ္ဍာရေးမှူး ဒေါ်ကြည်ကြည်မော်နှင့် ကော်မတီဝင်များ ရပ်ကျေးပါတီအဖွဲ့ များ စုပေါင်း၍ တင်မြောက်ခဲ့ပါသည်။#mgtunnaing
Read moreကျောက်ဆည်မြို့နယ် အင်ဒိုင်းစံပြကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီမှ အခမဲ့ဆေးဝါးကုသခြင်း၊ ပါတီဆိုင်းဘုတ်တင်ခြင်း၊ စကားဝိုင်းဆွေးနွေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား လိုက်လံကန်တော့ခြင်း အခမ်းအနားသို့ ပါတီဗဟို အလုပ်အမူဆောင် ဦးဝဏ္ဏမောင်လွင် တက်ရောက်
ဇွန်လ ၁၈
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင် ကျောက်ဆည်မြို့နယ်၊ အင်ဒိုင်းစံပြကျေးရွာ၌ ပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီ၏ အခမဲ့ဆေးဝါး ကုသခြင်း၊ ကျေးရွာပါတီ ဆိုင်းဘုတ်တင်ခြင်း၊ စကားဝိုင်းဆွေးနွေးခြင်း၊ သက်ကြီးဘိုးဘွားများအား လိုက်လံကန်တော့ခြင်းများသို့ တက်ရောက် ခဲ့ပါသည်။
Read moreမြန်အောင်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ ရေနွေကြမ်းစကားဝိုင်း ပြုလုပ်
ဇွန် ၁၇၊ မြန်အောင်
ဇွန်လ ၁၇ ရက်နေ့ နေ့လည်တွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်မြို့နှင့် ထူးအေးရိပ်သာ ကျေးရွာတွင် ကျေးလက်နေပြည်သူများ၊ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့တို့ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ကြပြီး ဒေသခံများကလည်း အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေး ခဲ့ကြသည်။
Read more
စတုဂတ်အိုးပင်းချန်ပီယံဆုကို ဘာရက်တီနီ ရရှိ
ဂျာမနီနိုင်ငံ စတုဂတ်မြို့မှာ တနင်္ဂနွေနေ့ကကျင်းပပြီးစီးတဲ့ စတုဂတ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ အီတလီ တင်းနစ်သမား မတ်တီယိုဘာရက်တီနီက ချန်ပီယံဆုရသွားခဲ့ပါတယ်။ ဒီပြိုင်ပွဲကဒီရာသီရဲ့ ပထမဆုံး မြက်ခင်းပြင်ကွင်းပြိုင်ပွဲဖြစ်ပြီး အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့် (၃၀)ဖြစ်တဲ့ ဘာရက်တီနီက ဆီဒင်အဆင့်(၇)ဖြစ်တဲ့ အော်ဂါအက်လီဆန့်ကို (၆း၎၊၇း၆)နဲ့နိုင်ပါတယ်။
Read moreတရုတ်သမ္မတရှီကျင်းပင် မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် သွားရောက်မည်
သမ္မတရှီကျင်းပင်က မြောက်ကိုရီးယားနိုင်ငံသို့ ဇွန်လ ၂၀ ရက်မှ ၂၁ ရက်အထိ နှစ်ရက်ကြာခရီးစဉ် သွားရောက်မှာဖြစ်ကြောင်း Xinhua သတင်းဌာနက ယမန်နေ့ (ဇွန် ၁၇ ရက်) မှာ ဖော်ပြပါတယ်။ တရုတ်သမ္မတက ၎င်းရဲ့ခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့တွေ့ဆုံပြီး ကိုရီးယား ကျွန်းဆွယ်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဆွေးနွေးသွားမယ်လို့ဆိုပါတယ်။
Read moreမွန်ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ရှိ ရပ်မိရပ်ဖများနှင့် ပြည်နယ်ခရိုင်မြို့နယ် ရပ်ကျေးပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း
မော်လမြိုင် ဇွန် ၁၆
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီကကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင် ကြည်သိန်း၊ ပြည်နယ်အတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးလွင်မိုးနှင့် ပြည်နယ်ကော်မတီဝင် များ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသော ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။
Read moreကျောက်ကြီးမြို့နယ်တွင် ရပ်ကွက်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေး ကျင်းပ
ကျောက်ကြီး ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ယမန်နေ့ နံနက် ၁ဝ နာရီ က ရပ်ကွက်၊ ကျေးရွာအုပ်စု လစဉ်ပုံမှန် အစည်းအဝေးကျင်းပရာ တောင်ငူခရိုင် ပါတီအတွင်း ရေးမှူး ဦးသက်လွင်နှင့် ခရိုင်ကော် မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဦးစွာခရိုင်အတွင်းရေးမှူးက နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။
Read moreကနီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း ဆွေးနွေး
ကနီ ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို ကနီမြို့နယ် ပါတီနာယကများ၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦး၊ ကော်မတီ ဝင်များ၊ အရန်ကော်မတီများနှင့် ဦးစီးရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ ပါတီ၏ရှေ့လုပ်ငန်း စဉ်များ၊ ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။