ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့စကားဝိုင်း ကျင်းပ

 

ရန်ကုန် ဇွန် ၂၃

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့စကားဝိုင်း ကျင်းပ ခဲ့ကြောင်း သိရသည်။ အဆိုပါ စကားဝိုင်းသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာ နေလင်း၊ တိုင်းဒေသကြီးပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ဦးသန်းမြင့်၊ ဒေါပုံမြို့နယ် ဂုဏ်ထူးဆောင် နာယက ဦးလှမြင့်၊ မှော်ဘီမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ပါတီနာယက ဦးကြည်မြင့်တို့ တက်ရောက် ခဲ့ကြသည်။

Read more

အင်းစိန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့သစ် (၈) ရပ်ကွက်တွင် ကျန်းမာရေးအခမဲ့ ကွင်းဆင်း ဆေးကု

 

ရန်ကုန် ဇွန် ၂၃

ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် မိုးဦးရာသီ သွေးလွန်တုပ်ကွေး၊ ဝမ်းပျက် ဝမ်းလျှောနှင့် တခြားမလိုလားအပ်သော ရောဂါဘေးအန္တရာယ်များကို ကာကွယ်ရန် ခရိုင်အတွင်းရှိ မြို့နယ်များသို့ လစဉ်ကွင်းဆင်း၍ ကျန်းမာရေးဗဟုသုတ ဟောပြောခြင်း၊ ဆေးကုသပေးခြင်းများကို ပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီမှ စတင်၍ အင်းစိန်မြို့နယ် မြို့သစ် (၈) ရပ်ကွက် A.C.E သဲကွင်းပုညကိရိယ ဆွမ်းလောင်း ဓမ္မာရုံတွင် လူနာ ၁၇၅ ဦးအား ညနေ ၅ နာရီအထိ ဒေါက်တာဟန်လင်းထွန်းနှင့် ကျန်းမာရေး သူနာပြုဝန်ထမ်းများ စမ်းသပ် စစ်ဆေးကုသ ပေးခဲ့ကြသည်။

Read more

ပြည်ခိုင်ဖြိုးပါတီမှ လူငယ် ၊ အမျိုးသမီးနှင့် အလုပ်သမားရေးရာ လှုပ်ရှားမူ့ မော်တာစက်ချုပ်သင်တန်း ဖွင့်လှစ်ခြင်း

 

လှိုင်သာယာ ၊ ဇွန် ၊၂၃ ၊၂၀၁၉

ရန်​ကုန်​တိုင်း​ဒေသကြီး၊​ မြောက်​ပိုင်းခရိုင်​၊ လှိုင်​သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
မြို့နယ်ပါတီရုံး၌ ယမန်နေ့ မော်တာစက်ချုပ် သင်တန်းစတင် ဖွင့်လှစ်ခဲ့ပါသည်။ ထိုမော်တာ စက်ချုပ်သင်တန်းကို မြောင်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်ယု တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်လူငယ်တာဝန်ခံ ဒေါ်ချမ်းမြအေးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာ အောင်မှ သင်တန်း၏ ရှေ့လုပ်ငန်းစဉ်များ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ သင်တန်းမှူးအဖြစ် မြို့နယ်ကော်မတီဝင် အလုပ်သမားရေးရာ တာဝန်ခံ ဦးမောင်မောင်မြင့်နှင့် မြို့နယ်အမျိုးသမီး တာဝန်ခံ ဒေါ်ဖြိုးဖြိုးဝေတို့ကို တာဝန်ပေးအပ်ခဲ့ကာ သင်တန်းကာလအဖြစ် ၁၁ ရက်ကြာမြင့်မည် ဖြစ်ပါသည်။

Read more

ပြည်နယ်ပါတီ အတွင်းရေးမှူးမှ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

ကျောက်ဖြူ၊ ဇွန်(၂၃)

ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ (၂၃-၆-၂၀၁၉) နေ့ နေ့လည် (၂း၀၀) အချိန်တွင် ပြည်နယ်ပါတီ အတွင်းရေးမှူးနှင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပခဲ့သည်။

Read more

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခြင်ဆေးဖျန်းခြင်းလုပ်ငန်း အဆက်မပြတ် ဆောင်ရွက်

 

ပဲခူး ဇွန် ၂၃

ပဲခူးမြို့နယ် ပါတီဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှု၊ အတွင်းရေးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ပါတီ ကော်မတီ ဝင်များနှင့် လူငယ်အဖွဲ့ဝင်များသည် ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေး အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်ပြီး ခြင်ဆေးဖျန်းခြင်း လုပ်ငန်းအား စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက် ရှိသည်။

Read more

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး ပါတီရေးရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

 

ဖာပွန် ဇွန် ၂၃

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ပါတီရေးရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားကို ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစောမြင့် ဦး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်း နိုင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်၊ ဖာပွန်မြို့နယ် ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ နာယကများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက် ခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဆိပ်ဖြူမြို့နယ် အုန်းမှင်ရွာရှိ ပြည်သူများနှင့် တွေ့ဆုံ

 

ဇွန် ၂၄၊ ဆိပ်ဖြူ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ ဦးပိုက်ထွေးသည် ၂၄-၆-၂၀၁၉ ရက်နေ့ တနလာင်္နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်း/ခရိုင်/ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။

Read more

ကစားသမားဘ၀ ဒုတိယမြောက်ချန်ပီယံဆုကို ဆိုဖီယာကီနင် ရရှိ

အသက်(၂၀)သာရှိသေးတဲ့ အမေရိကန်တင်းနစ်မယ် ဆိုဖီယာကီနင်ဟာ (၂၀၁၉)အတွက် ဒုတိယမြောက် ချန်ပီယံဆုအဖြစ် မာလော့ကာအိုးပင်းချန်ပီယံဆုကို ရယူသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဆွစ်ဇာလန် တင်းနစ်မယ် ဘန်ဆစ်နဲ့ဗိုလ်လုပွဲဟာ ကီနင်အတွက် လွယ်ကူတဲ့ပွဲတစ်ပွဲတော့မဟုတ်ခဲ့ပါဘူး။ ကမ္ဘာ့အဆင့် (၁၇)မှာ ရှိနေတဲ့ ဘန်ဆစ် ဟာကီနင်ထက် ရပ်တည်မှု အဆင့်(၁၁)ဆင့် ပိုမြင့်သလို ပထမပွဲလတ်ကိုလည်း အနိုင်နဲ့စတင်နိုင်ခဲ့ပါတယ်။ ပွဲကစားချိန် (၂)နာရီနဲ့ မိနစ်(၄၀)ကျော် ယှဉ်ပြိုင်အပြီးမှာတော့ (၆း၇၊၇း၆၊၆း၎)ဆိုတဲ့ ရလဒ်နဲ့ ဆိုဖီယာကီနင် အနိုင်ရပြီး ချန်ပီယံဆုကို ခက်ခက်ခဲခဲရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်အစပိုင်းက ဟိုဘတ်နိုင်ငံတကာပြိုင်ပွဲမှာ ကစားသမားဘ၀ ပထမဆုံး(WTA)တစ်ဦးချင်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ကီနင်အတွက် အခုချန်ပီယံဆုဟာ ဒုတိယမြောက်ချန်ပီယံဆုလည်း ဖြစ်ခဲ့ပါတယ်။ ဆိုဖီယာကီနင်ဟာ (၂၀၁၉)အတွင်းမှာ(၂၅)ပွဲနိုင် (၁၂)ပွဲရှုံးမှတ်တမ်းရရှိထားတယ်လို့ သိရပါတယ်။ -Ref:Skysports

Read more

မြောက်ကိုရီးယား ခေါင်းဆောင်ထံ Trump စာပို့

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံမှ ကောင်းမွန်သော အကြောင်းအရာပါဝင်သည့် ပုဂ္ဂိုလ်ရေး ပေးစာတစ်စောင်ကို လက်ခံရရှိခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ဇွန်လ ၂၃ ရက်တွင် ပြောသည်။ စာသည် ကောင်းမွန်သော အကြောင်းအရာဖြစ်ကြောင်း ကင်ဂျုံအန်က စိတ်ကျေနပ်စွာ ပြောကြားသည်ဟု KCNA က ဖော်ပြသည်။

Read more

အမေရိကန် ဒရုန်းယာဉ်ကို အီရန် ပစ်ချ

အီရန်နိုင်ငံတောင်ပိုင်းမှာ ပျံသန်းနေတယ်လို့ အီရန်တော်လှန်ရေး အစောင့်တပ်ကပြောတဲ့ အမေရိကန် ဒရုန်းယာဉ်ကို ပစ်ချလိုက်ပြီလို့ အီရန်အစိုးရက ဇွန်လ ၂၀ ရက်မှာ ပြောပါတယ်။

အမေရိကန်နဲ့ အီရန်အစိုးရတို့ကြား အကြီးစား စစ်ရေးထိပ်တိုက်တွေ့နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ရင်း စိုးရိမ်နေကြပါတယ်။

ပင်လယ်ကွေ့ဒေသအတွင်း အီရန်နိုင်ငံတောင်ပိုင်း ဟော်မုဇ်ဂံခရိုင်ပေါ်မှာ သူလျှိုဒရုန်းယာဉ်ကို ပစ်ချခဲ့တာလို့ စစ်တပ်ရဲ့ အင်တာနက်စာမျက်နှာ ဆေပါနယူးစ်က ပြောပါတယ်။

Read more