ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှတ်(၇)ရပ်ကွက်တွင် ဆန်နှင့်ဆီများ သွားရောက် ထောက်ပံ့

ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှအမှတ်(၇)ရပ်ကွက် ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ အား တစ်အိမ်တက်ဆင်းသွားရောက်တွေ့ဆုံကာ ဆန်တစ်ပြည်၊ ဆီ ၅ဝ သား ဘူး တစ်ဘူးစီအား ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာသို့ မြို့နယ်ပါတီဥက္ကဋ္ဌဦးမျိုးအောင်၊ ပါတီအတွင်းရေးမှူးဒေါ်သီသီမွန်၊ စည်းရုံးရေးရာ တာဝန်ခံ ဦးဗိုလ်စော၊ ရုံးအဖွဲ့မှ ဦးမျိုးသွင်တို့ လိုက်ပါ၍ အမှတ်(၇)ရပ်ကွက်  ပါတီဥက္ကဋ္ဌ နှင့် ပါတီကော်မတီဝင် များ၏ နေအိမ်များ သို့ တစ်အိမ်တက်ဆင်းသွားရောက်ကာ တွေ့ဆုံဆွေးနွေးပြီး လက်ဆောင် အဖြစ် ဆန်တစ်ပြည်၊ ဆီ ၅ဝ သားတစ်ဘူး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

Read more

မိုးနဲမြို့ပြည်ခိုင်ဖြိုးပါတီအခြေခံပညာအထက်တန်းကျောင်းသို့ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်ခေးခရိုင်မိုးနဲမြို့နယ်တွင် ယနေ့နံနက် ၉နာရီက မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက အခြေခံပညာ အထက်တန်းကျောင်းဆရာ/ဆရာမ များနှင့် ကျောင်းသားကျောင်သူများ အတွက် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

Read more

ဒဂုံတောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရာသီတုပ်ကွေး ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန် အရှေ့ပိုင်းရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ (၁၇) ရပ်ကွက် ဗန္ဓုလအိမ်ရာဝင်းအတွင်း သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်နိုင်ရန် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများအား အိမ်ရာကော်မတီဝင်၏ တောင်းဆိုမှုကြောင့် ယမန်နေ့ နံနက်၁၁နာရီတွင်ကွင်းဆင်းဆောင် ရွက်ပေးခဲ့သည်။

မိုးဦးကျကာလ၌ သွေးလွန်တုပ်ကွေးအန္တရာယ် ကင်းရှင်းစေရန် အတွက် လမ်းအသီးသီးရှိရေမြောင်းများ၊ နေအိမ်များကြားများအား ခြင်ဆေးဖျန်းဆောင်ရွက်ခဲ့ကြပြီး COVID-19  ကာလကျန်းမာရေးဌာန မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ မွန်းလွဲ ၁နာရီထိ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

Read more

အောင်လအန်ဆန်တွင် ကိုဗစ်ရောဂါပိုး ကင်းစင်

မြန်မာ့စပါးအုံးမြွေဟု တင်စားကြသည့် အောင်လအန်ဆန်သည် ဇူလိုင်လ ၁၁ ရက်နေ့က စစ်ဆေးချက် အရ ကိုဗစ်ရောဂါ ကင်းစင်သွားပြီဖြစ်ကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့ (ဇူလိုင် ၁၇) ရေးသားထားသည်။

အောင်လအန်ဆန်သည် ဇွန်လ ၂၉ရက်နေ့က ကိုဗစ်ရှိမရှိ ဓာတ်ခွဲစမ်းသပ်ခံခဲ့ရာတွင် ပိုးတွေ့သဖြင့် နေအိမ်တွင် အသွားအလာကန့်သတ် နေထိုင်ခဲ့ရသူဖြစ်သည်။

Read more

COVID-19 စမ်းသပ်ချက်ရလဒ်အတုများ ထုတ်ပေးမှုဖြင့် ဆေးရုံပိုင်ရှင်တစ်ဦးအား ဖမ်းဆီး

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ (COVID-19) စမ်းသပ်ချက်ရလဒ်များတွင် ကူးစက်ခံရမှု မရှိဟု စမ်းသပ်ချက် ရလဒ်အတုများ ထောင်နှင့်ချီ၍ ထုတ်ပေးမှုဖြင့် ဘင်္ဂလားဒေ့ရှ် ဆေးရုံပိုင်ရှင်တစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း စီအန်အေ သတင်းဌာနက ဖော်ပြသည်။

Read more

ရီးရဲလ်မက်ဒရစ်အသင်း လာလီဂါချန်ပီယံဖလား ၃၄ ကြိမ်မြောက် ရရှိ

လာလီဂါပွဲစဉ် ၃၇မှာ ဗီလာရီးရဲလ်ကို အိမ်ကွင်းမှာ အနိုင်ရခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ရာသီသိမ်းဖို့ တစ်ပွဲအလိုမှာ ထိပ်သီးပြိုင်ဘက် ဘာစီလိုနာကို ရမှတ် ၇ မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဇွန်လမှာ ပြန်ကစားတဲ့ လာလီဂါ ၁၀ပွဲစလုံးအနိုင်ရခဲ့ပါတယ်။ သူတို့အတွက် နောက်ဆုံး ၃နှစ်အတွင်း လာလီဂါချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာပါ။ သူတို့အသင်းသမိုင်း တလျှောက်တော့ လာလီဂါချန်ပီယံဆုကို ၃၄ကြိမ် ရခဲ့တာလည်းဖြစ်ပါတယ်။ ချန်ပီယံဖြစ်အပြီးမှာ ဇီဒန်းက အားလုံးအတွက် ထူးဆန်းနေမယ်လို့ထင်ပါတယ်။ ၃လလောက်နားခဲ့ရပြီးနောက် ဆွတ်ခူးနိုင်ခဲ့တဲ့ အောင်မြင်မှုက ကျေနပ်စရာပါ။ ဖြစ်နိုင်ရင်တော့ ပရိသတ်တွေနဲ့အောင်ပွဲခံချင်ပေမယ့် အခုအခြေအနေကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူးလို့ ပြောပါတယ်။

Read more

ရှမ်းပြည်နယ်ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူနှင့်ဇနီး၊ ပြည်ခိုင်ဖြိုးပါတီမိသားစုတို့သည် ယမန်နေ့ နံနက် ၁၁ နာရီက လားရှိုးမြို့ရပ်ကွက်(၁၂) ရှိ အောင်သစ္စာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့ကြသည်။


Read more

နမ့်စန်တွင် ပြည်ခိုင်ဖြိုးပါတီက အခြေခံပညာကျောင်းများသို့ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အပံ့ ပစ္စည်းများလှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက အခြေခံပညာအလယ်တန်းနှင့်  အထက်တန်းအဆင့်ကျောင်းများသို့ COVID-19 ရောဂါကာ ကွယ်ရေးအထောက်အပံ့ပစ္စည်းများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုင်းဝင်းထွန်း၊ ပါတီအတွင်းရေးမှူး ဒေါ်နန်းစိန်ညွန့်နွယ်နှင့် ပါတီမှ တာဝန်ရှိသူများက အထက (မိုင်းစိတ်)၊ အထက (ဟိုက်ဖတ်)၊ အထက-ခွဲ(မြို့ဦး)၊ အထက-ခွဲ (၅-ရပ်ကွက်)၊ အထက-ခွဲ (လေတပ်)နှင့် အထက-ခွဲ (လွယ်ယင်း) ကျောင်းများသို့ သွားရောက်၍ ကိုယ်အပူချိန်တိုင်း ကိရိယာတစ်ခု၊ လက်ဆေးဆပ်ပြာ(ကာဘော်လစ်) အတောင့်၂ဝ၊ တစ်ခါသုံးနှာခေါင်း စည်း(Mask)အခု ၃ဝဝစီနှင့် လက်ဆေးစင်များကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

Read more

ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ COVID-19 ကာကွယ်ထိန်းချုပ်ရေး PPE ဝတ်စုံများ၊(hand sensitizer /hand gel)နှင့် ဆပ်ပြာဆီများ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ပါတီဥက္ကဌ ဦးစိုစိုးထွန်း နှင့် မြို့နယ်ကော်မတီဝင်များသည် ယနေ့ နံနက်(၁၀)နာရီအချိန်၌ ကျောက်ဆည်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးသို့ ကမ္ဘာ တစ်ဝန်းကူးစက်ပျံ့နှံ့ ဖြစ်ပွားလျက်ရှိသော ကမ္ဘာ့ကပ်ရောဂါဆိုး (COVID-19) ရောဂါကုသရေး လုပ်ငန်းများတွင် သုံးစွဲရန်အတွက် ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု PPE ဝတ်စုံ (၁၀)စုံ၊လက်ဆေးရာတွင် အသုံးပြုမည့် ဆပ်ပြာဆီ 1 လီတာဗူး  (၃၀)၊ ရေမလိုလက်သန့်ဆေးရည် ( hand sensitizer / hand gel ၁၀ ဗူး ) များအား လှူဒါန်းပေးအပ်ရာ ကျောက်ဆည်မြို့နယ် အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးဒေါက်တာ ဝင်းမော် လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြား၍ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။  ကိုတင် kse

Read more

မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် ကလိုရင်းပိုးသတ်ဆေးဖျန်းခြင်း လုပ်ဆောင်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အထောက်အကူပြုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့နယ် အရန်ပါတီကော်မတီဝင်များဖြစ်သည့် မြို့နယ် ပါတီစည်းရုံးရေးနယ်မြေ(၅) တာဝန်ခံ ဦးတင်လှိုင်နှင့် ဦးမောင်မောင်သန်း၊ နမ္မတီးမြို့ မြို့မရပ်ကွက် ပါတီဥက္ကဋ္ဌ ဦးခင်လှိုင်၊ မြတောင်ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ ဒေါ်စန်းစန်းဌေးနှင့် နမ္မတီးဒေသ ဌာနေပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးဝင်းနိုင်ဦးတို့ ပါဝင်သောအဖွဲ့က ယမန်နေ့ ညနေပိုင်းတွင် မြတောင်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းတိုက်ဝင်းအတွင်း၌ ကလိုရင်း ပိုးသတ် ဆေးဖျန်းခြင်းလုပ်ငန်း  ဆောင်ရွက်ခဲ့ကြသည်။

Read more