ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး ဖာပွန်မြို့နယ် အတွင်းရှိ ဆရာတော်များထံ အလှူငွေနှင့် ဝါဆိုသင်္ကန်း ဆက်ကပ် စာသင်ကျောင်းများသို့ Mask များ လှူဒါန်း

 

ဖာပွန် ဇူလိုင် ၂ဝ

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် ပါတီဝင်များလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဖာပွန်မြို့နယ် အတွင်းရှိ ဆရာတော်များထံ အလှူငွေနှင့် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း၍ စာသင်ကျောင်းများနှင့် နယ်မြေခံရဲစခန်းသို့ Mask များ လှူဒါန်းခဲ့ပြီး ရပ်ကျေး ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ဖာပွန်မြို့ရှိ အထက (၁) အခြေခံပညာအထက် တန်းကျောင်းအတွက် အခု ၇ဝဝ ပေးအပ်လှူဒါန်းခဲ့သည်။

Read more

ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလကရှင်မုတ္ထီးကျောင်းသို့ လက်ဆေးဘေစင်များ ဝယ်ယူနိုင်ရန်အတွက် အလှူငွေများ လှူဒါန်း

 

ထားဝယ် ဇူလိုင် ၂ဝ

ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးယုနိုင်၊ ဘဏ္ဍာရေးမှူး ဦးသန်းရွှေ၊ မြို့နယ် ပါတီကော်မတီဝင် ဦးခွန်အောင်ကျော်စွာနှင့် ရှင်မုတ္ထီးကျေးရွာအုပ်စု ရပ်/ကျေးဥက္ကဋ္ဌ ဦးဝင်းရီတို့သည် ယမန်နေ့ နံနက် ၁ဝ နာရီတွင် ရှင်မုတ္ထီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်ကာ ဆရာ ဆရာမ များနှင့် တွေ့ဆုံ၍ ကျောင်းဖွင့်ချိန်၌ COVID-19 ကူးစက်ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် လိုအပ်လျက်ရှိသော လက်ဆေးဘေစင်များ ဝယ်ယူနိုင်ရန် အလှူငွေကျပ်နှစ်သိန်းအား ပေးအပ်လှူဒါန်းရာ လက်ထောက်ကျောင်း အုပ်ဆရာမ ဒေါ်သန်းသန်းနွယ်က လက်ခံရယူ၍ ကျေးဇူးတင်ဂုဏ်ပြု စကားများ ပြန်လည် ပြောကြားခဲ့ ကြောင်း သိရသည်။

Read more

ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ်တင်ပွဲကျင်းပ

 

ကျောက်ကြီး ဇူလိုင် ၂ဝ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နောင်ဘို ကျေးရွာအုပ်စု ပါတီဝင် ဦးစောမိုးနေအိမ်ရှေ့နှင့် ကျွန်းတောကျေးရွာ ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်း နေအိမ်ရှေ့တွင် ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီထိ ပါတီဆိုင်းဘုတ်များ စိုက်ထူခဲ့ ကြပြီး အဆိုပါဆိုင်းဘုတ်တင်ပွဲ အား ပါတီဗဟိုကော်မတီဝင် ဦးသက်ထွန်း၊ တိုင်းပါတီကော်မတီဝင် ဦးစောအောင်ဇေယျ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဝင်း နိုင်ဦးနှင့် ပါတီကော်မတီဝင်များက ပါတီဆိုင်းဘုတ်များအား သွားရောက်စိုက်ထူး ပေးခဲ့ကြောင်း သိရ သည်။

Read more

ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမှတ် (၁ဝ) ရပ်ကွက်ရှိ မိဘပြည်သူများအား ဆန်နှင့်ဆီများ သွားရောက်ထောက်ပံ့

 

ရန်ကုန် ဇူလိုင် ၂ဝ

Read more

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မိုးရာသီသွေးလွန်တုပ်ကွေး ကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်းလုပ်ငန်း အရှိန်အဟုန်မြင့် ဆောင်ရွက်

 

ရန်ကုန် ဇူလှိုင် ၂၁

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ နံနက် ၇နာရီမှ စတင်၍ မြို့နယ်ဘဏ္ဍာရေးမှုး ဦးအောင်ဝင်း ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင် စည်းရုံးရေးရာတာဝန်ခံ ဦးသန်းဦး၊ မြို့နယ်သတင်းနှင့် ဧရိယါတာဝန်ခံ ဦးအေးမင်းဇော်၊ မြို့နယ်စီမံရေးရာ ဦးကျော်မင်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးနေလင်းအောင်တို့က မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက် မာဃအပိုင်လမ်းသွယ် အသီးသီးကို မိုးရာသီသွေးလွန်တုပ်ကွေး ကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်းကို ဆောင်ရွက်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးမောင်မောင်ဆွေက အပိုင်ရာ အိမ်မှုးများနှင့် ချိတ်ဆက်ကူညီပေးပြီး မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစောထွန်းနှင့် ပါတီကော်မတီဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြသည်။

Read more

မက်ဆီ လာလီဂါရွှေဖိနပ်ဆု ခုနစ်ကြိမ်မြောက် သိမ်းပိုက်

အလာဗက်စ်ကို ငါး ဂိုးပြတ်အနိုင်ရသောပွဲတွင် နှစ်ဂိုး သွင်းခဲ့သော ဘာစီလိုနာကြယ်ပွင့် မက်ဆီသည် လာလီဂါ ရွှေဖိနပ်ဆု ကို နောက်ဆုံးလေးကြိမ်ဆက်နှင့် ခုနစ်ကြိမ်မြောက် ဆွတ်ခူးခဲ့သည်။ အနီးကပ်ဆုံးပြိုင်ဘက် ဘန်ဇီးမားထက် လေးဂိုးအသာ ၂၅ ဂိုး ဖြင့် ရွှေဖိနပ်ဆုရသော်လည်း ယင်းသွင်းဂိုးအရေအတွက်သည် ၂၀၀၈-၀၉ နောက်ပိုင်းလာလီဂါ တစ်ရာသီအတွင်း မက်ဆီ၏ သွင်းဂိုးအနည်းဆုံး အရေအတွက်ဖြစ်သည်။ Laliga

Read more

မော်လမြိုင်ကျွန်းမြို့တွင် ပြည်ခိုင်ဖြိုးပါတီနှင့် အလှူရှင်များ က ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာဖြေသံဃာတော် များအား နေ့ဆွမ်းနှင့် အချိုပွဲများ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် အလှူရှင်များမှ မြို့နယ်သံဃာ့မဟာနာယက ရုံးတွင်ကျင်းပသော ဓမ္မာစရိယနှင့်ပါဠိ ပထမပြန်စာဖြေသံဃာတော်များအား နေ့ဆွမ်းနှင့်အချိုပွဲများ ဆက်ကပ် လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ကျော်ဦး၊ ဦးလှဝင်းမော်တို့နှင့်အတူ အလှူရှင်များက စာဖြေသံဃာတော်များ၊ ကြီးကြပ်ရေးဆရာတော်များအား ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ် လှူဒါန်းကြပြီး မွန်းတည့် ၁၂နာရီတွင် လှူဒါန်းမှုအစုစုအား ရေစက်ချအမျှပေးဝေခဲ့ကြောင်း သိရသည်။  ထွန်းထွန်းနိုင်(မော်ကျွန်း)

Read more