မိုးမောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြေးနန်းရပ်ကွက်အတွင်း၌ Mask နှင့် ဆပ်ပြာခဲများဖြန့်ဝေ

ကချင်ပြည်နယ်  မိုးမောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးဒါရှီတူးလွမ်၊ ဘဏ္ဍာရေးမှူးဦးဘရန် အောင်၊ မြို့နယ်ပါတီကော်မတီဝင်များဖြစ်သော ဦးမြင့်လွင်၊ ဒေါ်မေရီ၊ ဒေါ်ဂျာအောန်လုနှင့် ဒေါ်ဒွဲပန်တို့သည် ယမန်နေ့နံနက်ပိုင်းက မိုးမောက်မြို့ ကြေးနန်းရပ်ကွက်ရှိ အိမ်ခြေ ၅၈ဝ တို့အား တစ်အိမ် တက်ဆင်းသွားရောက်၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အထောက်အကူပြု နှာခေါင်းစည်းများနှင့် လက်ဆေးရန် ကာဘော် လစ်ဆပ်ပြာခဲများဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

Read more

Snapdragon 865+ SoC သုံး 5G ဗားရှင်း Galaxy Z Flip တရားဝင်မိတ်ဆက်

ဩဂုတ်လ ၅ ရက်နေ့ Unpacked event ပွဲ မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ထားတဲ့ Samsung Galaxy Z Flip 5G မော်ဒယ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Read more

ရုပ်သံနှင့် ဖုန်းမျက်နှာပြင်များကို ကြည့်ရှုချိန်လျော့နည်းပါက အသက်ပိုရှည်မည်ဟုတွေ့ရှိ

ရုပ်မြင်သံကြားနှင့် ဖုန်းမျက်နှာပြင်များကို ကြည့်ရှုချိန်လျော့နည်း ခြင်းသည် အသက်ပိုရှည်စေသည်ဟု ဂလက်စကိုတက္ကသိုလ်မှ ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်အရ တွေ့ရှိခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

ဂလက်စကိုတက္ကသိုလ်မှပညာရှင်များသည် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ပူးပေါင်းပါဝင်သူ ၅ဝဝဝဝ ခန့်အား စောင့်ကြည့်လေ့လာ ခဲ့ခြင်းဖြစ်ပြီး လေ့လာမှုများအရ တစ်နေ့လျှင် ရုပ်မြင်သံကြားကြည့်ရှုချိန် နှစ်နာရီခန့်သာ ရှိသူများသည် နှစ်နာရီထက် အချိန်ပိုကြာစွာကြည့်ရှုသူများနှင့်နှိုင်းယှဉ်ပါက ကင်ဆာနှင့် နှလုံးနှင့်ဆက်စပ်သော ရောဂါများ ဖြစ်ပွားနိုင်ခြေသိသိသာသာ လျော့နည်းကာ အသက်ပိုရှည်သည်ဟုတွေ့ ရှိခဲ့သည်။

Read more

လက်စတာစီးတီးအသင်း ဂျာဆီသစ်မိတ်ဆက်ပွဲကျင်းပ

ထိုင်းနိုင်ငံ King Power Group ရဲ့အမှုဆောင်ချုပ်နဲ့ ဥက္ကဋ္ဌ အိုင်ယာဝပ် ဆရီဗက်ဟာနာပရာဟာတို့ဟာ ၂၀၂၀-၂၀၂၁ ခုနှစ် ပရီးမီးယားလိဂ်ရာသီသစ်အတွက် ၎င်းတို့ရဲ့ ပရီးမီးယားလိဂ်ကလပ် လက်စတာစီးတီးရဲ့ ဂျာဆီသစ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။ အသင်းရဲ့ကြွေးကြော်သံအဖြစ် Thailand Smiles With You လို့ဂျာဆီမှာ ရေးထိုးထားပါတယ်။ ဂျာဆီမိတ်ဆက်ပွဲကိုတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာပဲ ကျင်းပခဲ့တာဖြစ်ကာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာလည်း တက်ရောက်ခဲ့ပါတယ်။  MRTV/ AFP

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ထန်းတပင်မြို့ ဘောလည်ကျွန်းဒေသရှိ ဘုန်းတော်ကြီးများအား ဝါဆိုသင်္ကန်း ဆက်ကပ် အာဟာရမုန့်ပုံး အချိုရည်လှူဒါန်း COVID-19 ရောဂါ ရှင်းလင်းဆွေးနွေး

 

ရန်ကုန် ဇူလိုင် ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့်အတူ ဗဟိုကော်မတီဝင် ဒေါက်တာနေလင်း၊ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းမြင့်၊ ထန်းတပင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့သည် တလိုင်မွှကျေးရွာအုပ်စုလသာကျေး ရွာပေါက်တော၊ မောက်တင်၊ ညောင်ဆိပ်၊ ကမူ၊ အောက်ဘောလည်၊ ဘောလည်ကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာပန်သပွတ်၊ ကြမန်းအုပ်စု ကြမန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းဆရာတော်တို့အား ဝါဆိုသင်္ကန်း၊ အာဟာရမုန့်ကွေကာ၊ အချိုရည်များ ဆက်ကပ်လှူဒါန်း ကြပြီးဆက်လက်၍ ကျေးရွာပါတီဥက္ကဋ္ဌ၊ ကော်မတီဝင်၊ ပါတီဝင်များနှင့် ပါတီဥက္ကဋ္ဌ ဦးဇော့်ဝင်းနိုင် နေအိမ်တွင် ယမန်နေ့နံနက် ၁ဝ နာရီက COVID-19- ရောဂါအသိပညာပေးများ ဆွေးနွေးပြောကြားခြင်း၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ Mask နှာခေါင်းစည်းများ တပ် ဆင်ပေးအပ်ခဲ့ကြောင်း သိရသည်။ဇော်သိန်း(ထန်းတပင်)

Read more

ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ကောက်စိုက်နေသူများအား အာဟာရကျွေးမွေး

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထိန်မင်း သည် ယမန်နေ့နံနက်ပိုင်းက ပန်းတိမ်ကုန်းကျေးရွာအုပ်စု ကောင်းကွေ့ကျေးရွာလယ်သမားကြီး ဦးမောင်ကျော်၏ လယ်လေးဧကကျော်တွင် ကွင်းပိတ်ကောက် စိုက်ပျိုးမှုသို့ အချိုရည်ဘူးများ၊ စားစရာများကို သွားရောက်ကျွေးမွေး ခဲ့ကြောင်း သိရသည်။ ကောက်စိုက်ပျိုးမှု ခဏနားချိန်တွင် ကောက်စိုက်သမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လုပ်ငန်း ကိုင်ငန်းများ၊ စားဝတ်နေရေးများနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် မိမိတို့အမြင်များကို ပွင့်လင်းစွာ ပြောဆိုခဲ့ကြကြောင်း သိရသည်။ ညီညီထွန်း(ဝန်းသို)

Read more

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့က အစိုးရပါဠိပထမပြန် စာမေးပွဲသို့ သောက်ရေသန့်ဘူးများနှင့် တစ်ရှူးစက္ကူထုပ်များ လှူဒါန်း

 

ရန်ကုန် ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအမျိုးသမီးရေးရာ အဖွဲ့မှ ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် အမှတ် (၄၂) ရပ်ကွက် မဟာဂန္ဓာရုံ ကျောင်းတိုက်စာဖြေဌာနတွင် ကျင်းပလျက်ရှိသော ၂ဝ၂ဝ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ ပထမကြီးတန်း ဘာသာရပ် ဖြေဆိုတော်မူကြသော ရဟန်းသာမဏေ ၄၂ ပါး၊ သီလရှင်လေးပါးနှင့် စာမေးပွဲကြီးကြပ်ရေး ဆရာတော်များအား သောက်ရေသန့်ဘူး ၇ဝနှင့် တစ်ရှူး စက္ကူထုပ် ၇ဝ တို့အား သွားရောက် လှူဒါန်းခဲ့ကြသည်။

Read more