Author: USDP 2016
ဂျပန်အာဏာရပါတီ TikTok တားမြစ်ရန် ပြင်ဆင်နေ

ဂျပန်အာဏာရပါတီဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဥပဒေရေးရာပါလီမန်အဖွဲ့ချုပ်က ဂျပန်နိုင်ငံမှာ TikTok အပါအဝင် တရုတ်ကုမ္ပဏီတွေက တီထွင်ထားတဲ့ ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းတွေ အသုံးပြုတာကို ကန့်သတ်ဖို့ အကြံပြုတဲ့ မူဝါဒ ချမှတ်ခဲ့ပါတယ်။
ပါတီရဲ့ ဥပဒေရေးရာပါလီမန်အဖွဲ့ချုပ် ဥက္ကဋ္ဌ အမရီအခီရက နိုင်ငံရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ တရုတ်နိုင်ငံဘက်ကို ယိုစိမ့်မှု ပေါက်ကြားနိုင်မှုကို ကာကွယ်ဖို့နဲ့ လုံခြုံမှု ရှိရေးအတွက် ကျွမ်းကျင်သူပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်နေပြီး အသုံးပြုမှုကို ကန့်သတ်တဲ့ ဥဒေတွေကို ရေးဆွဲပြဋ္ဌာန်းဖို့ အစိုးရကို အမြန်ဆုံးတောင်းဆိုသွားမယ် လို့ ပြောပါတယ်
Read moreဝိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စစ်ဘေးရှောင်ပြည်သူများအား အခမဲ့ဆေးကုသ
ဝိုင်းမော် ဇူလိုင်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မုတ်လွဲအုပ်စု ခါးရှိကျေးရွာ တိုက်ပွဲရှောင်စခန်းမှ သက်ကြီးရွယ်အိုနှင့် ကလေး သူငယ်များအား ယမန်နေ့နံနက် ၈ နာရီမှ ၁၁ နာရီအထိ ဝိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ကျန်းမာရေးနှင့် ဆေးဝါးအခမဲ့ ကုသပေးခဲ့ကြောင်း သိရသည်။ အဆိုပါစခန်းမှာ မိုးတွင်းကာလအတွင်း နာမကျန်းဖျားနာသူများအား ဆေးကုသမှုများ ပြုလုပ်ပေးရန် ပြည်သူလူထု၏ တောင်းဆိုချက်များအရ ပါတီအနေ ဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးကျော် ကျော်အောင်က ပြောသည်။
Read moreကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ Mask နှင့် ဆပ်ပြာများဖြန့်ဝေ
ကချင်ပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်လူငယ်ရေးရာ တာ ဝန်ခံ ဦးစိုင်းထွန်းဖေ၊ မိုးမောက် မြို့နယ်ပါတီအတွင်းရေးမှူးဦးဒါရှီ တူးလွမ်တို့ ဦးဆောင်ပါဝင်သော အဖွဲ့သည် ယမန်နေ့က မိုးမောက် မြို့နယ် လွယ်ဂျယ်မြို့ ဝိမ်းခမ်း၊ ကောင်နန်၊ ဆိုင်းဂျာ၊ ထန်ည ကျေးရွာများရှိ ပြည်သူများအား အခြေခံစားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြုနှာခေါင်း စည်းများနှင့် လက်ဆေးရန်ကာ ဘော်လစ်ဆပ်ပြာများ တစ်အိမ်တက်ဆင်း ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက် ခဲ့ကြသည်။ ဝင်းအောင်(မိုးကောင်း)
Read moreတနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အခြေခံပညာကျောင်းများသို့ ဘေစင်အမှိုက်ပုံးနှင့် နှာခေါင်းစည်းများ လှူဒါန်း
တနိုင်း ဇူလိုင် ၂၈
တနိုင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ နံနက် ၉ နာရီတွင် တနိုင်းမြို့ အမှတ် (၁) နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများ၊ ရှင်ဘွေယန်မြို့အထက်တန်း ကျောင်းခွဲများ၊ လမုန်၊ တိန်ကောက်၊ တရုံအခြေခံပညာကျောင်းများသို့ သက်ဆိုင်ရာနယ် မြေတာဝန်ခံများနှင့်အတူသွားရောက်ကြကာ ကျောင်းအတွက် လိုအပ် လျက်ရှိသည့် ဘေစင်၊ အမှိုက်ပုံး၊ နှာခေါင်းစည်းများ သွားရောက်ကူညီ ပံ့ပိုးလှူဒါန်း ပေးကြသည်။ အဆိုပါလှူဒါန်းခြင်းသို့ ပြည်နယ်အရန်ပါတီကော်မတီဝင် ဦးကေဆမ် အောန်၊ ခရိုင်ပါတီ ကော်မတီဝင် ဦးဆိုင်းလ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဘောမ်ဆောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ကျော် ဦးနှင့် ဦးဆိန်းယုံတို့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ဆီမီးခုံ-နန်းရီ
Read moreမြင်းခြံ ဇူလိုင် ၂၉ ယမန်နေု့မင်းခြံပြည်ခိုင်ဖြိုးပါတီမှ မြို့ နယ်ပါတီဥက္ကဌ ဦးဝေမျိုးဟန်၏ စီစဉ်မှုဖြင့် အတွင်းရေးမှူး ဦးမန်းမြင့် ကော်မတီဝင် ဦးမင်းကိုကို တို့သည် COVID-19 ကာလ ကျန်းမာရေးနှင့်အညီ ပညာသင်ကြားနိုင်ရေး အထောက် အကူအဖြစ် အနိမ့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) သို့ Mask (၂၀၀) ခု ဆပ်ပြာရည် (၃) ဘူးတလုပ်မြို့ ကျေးရွာအထက်တန်းကျောင်းသို့ Mask (၃၀၀) ခု ဆပ်ပြာရည် (၅) ဘူး လှူဒါန်းမှုပြု ပါသည်။
မြင်းခြံ ဇူလိုင် ၂၉
ယမန်နေ့ မြင်းခြံပြည်ခိုင်ဖြိုးပါတီမှ မြို့ နယ်ပါတီဥက္ကဌ ဦးဝေမျိုးဟန်၏ စီစဉ်မှုဖြင့် အတွင်းရေးမှူး ဦးမန်းမြင့် ကော်မတီဝင် ဦးမင်းကိုကို တို့သည် COVID-19 ကာလ ကျန်းမာရေးနှင့်အညီ ပညာသင်ကြားနိုင်ရေး အထောက် အကူအဖြစ် အနိမ့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) သို့ Mask (၂၀၀) ခု ဆပ်ပြာရည် (၃) ဘူးတလုပ်မြို့ ကျေးရွာအထက်တန်းကျောင်းသို့ Mask (၃၀၀) ခု ဆပ်ပြာရည် (၅) ဘူး လှူဒါန်းမှုပြု ပါသည်။
Read moreရှမ်းရှေ့ပြည်ခိုင်းဖြိုးပါတီမှ မိုးရာသီသွေးလွန်တုတ်ကွေးရောဂါအကြောင်း ပညာပေးခြင်းနှင့် ခြင်ဆေးဖျန်းခြင်း
ဇူလိုင်(၂၈)
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်အတွင်းရေးမှူး၊ မြို့နယ်ဥက္ကဌ၊ အတွင်း ရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံနှင့်အဖွဲ့များ၊ လိုက်ပါ၍ ယမန်နေ့ (၂၈.၇.၂၀၂၀) နေ့တွင် ဖန်မင်ကျေးရွာအုပ်စု ပါဝုန်းရွာနှင့် မယ်ယန်းရွာများသို့ သွားရောက်ခဲ့ကြသည်။ ဆက်လက်ပြီး ရပ်/ကျေးရွာပါတီဝင်များ အမာခံပါတီဝင်ကေဒါများနှင့် တွေ့ဆံ၍ မိုးရာသီသွေးလွန်တုတ်ကွေး ရောဂါအကြောင်း အသိပညာပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများတွင် ခြင်ဆေးဖျန်းခြင်း၊ ဥူးပုဒ်သတင်းသီလ စောင့်ယူထားသော ဥူးပုဒ်သည်များအတွက် စမူဆာ အချိုရည်ဗူးနှင့် မုန့်ထုပ်များ လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။#HPS
Read moreတိုက်စစ်မှူး ဒီယာ့ဇ် COVID-19 ကူးစက်ခံရဟု ရီးရဲလ်မက်ဒရစ် အတည်ပြု

တိုက်စစ်မှူးမာရီယာ နိုဒီယာ့ဇ် COVID-19 ကူးစက်ခံရသည်ဟု လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်က အတည်ပြုသည်။ စပိန်-ဒိုမီနီကန်နိုင်ငံသား ဒီယာ့ဇ်(၂၆)နှစ်သည် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် နေအိမ်၌ သီးသန့်ခွဲခြား နေထိုင်နေကြောင်း ရီးရဲလ်အသင်း၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ဒီယာ့ဇ်သည် ဇူလိုင် ၁၉ ရက်က လီဟာနက်စ်နှင့် နှစ်ဂိုးစီသရေ ကျသောပွဲတွင် အရန်ကစားသမားများ စာရင်း၌ ပါဝင်သော်လည်း ထည့်သွင်းအသုံးပြုခြင်း မရှိပေ။
Read more







