အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ရေ၀င်ရောက်ခဲ့သော ကျေးရွာများသို့ စားသောက်ကုန်များ ပေးအပ်လှူဒါန်း

အမရပူရ သြဂုတ် ၎
အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ရေဝင်ရောက်ခဲ့သောကျေးရွာများဖြစ်သည့် ပန်းချီရွာ၊ ကုက္ကိုရွာတို့ရှိ ရေဝင်နေသောအိမ်ထောင်စု(၂၀၀)ခန့်အား တစ်အိမ်ထောင်လျင်ခေါက်ဆွဲထုပ်(၅)ထုပ်စီထောင်ပံ့ကူညီခဲ့ပါသည်။
အဆိုပါထောက်ပံ့ကူညီရာသို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ မန္တလေးခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်၊ အမရပူရမြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီအမာခံအဖွဲ့များမှ ကူညီဆောင်ရွက်ခဲ့ကြပါသည်။
Zaw Aung Htet

Read more

ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် ဇေယျာသီရိမြို့နယ် သာယာဝှမ်းကျောင်းတိုက်၌ ဝါဆိုသင်္ကန်း ဆက်ကပ်

 

နေပြည်တော် သြဂုတ် ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့် သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စု သာယာဝှမ်းကျေးရွာ အတုလမာန်အောင်သာယာဝှမ်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက၊ လှေခွင်းတောင် တန်ခိုးကြီးဘုရား သြဝါဒါစရိယ ကျည်တောင်အုပ်စု သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသြဘာသအား ဝါဆိုသင်္ကန်း နဝကမ္မနှင့်လှူဖွယ်ပစ္စည်းများကို ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဦးစီးရုံးအဖွဲ့ဝင်များနှင့်အတူ ဆက်ကပ်လှူဒါန်းခဲ့သည်။

Read more

ထန်းတပင်မြို့ ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအထကအလကကျောင်းဆောင်များ ခြင်ဆေးဖျန်းခြင်းပြုလုပ်

 

ရန်ကုန် သြဂုတ်

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခြင်ဆေးဖျန်းခြင်းလုပ်ငန်း လုပ်ဆောင်ရာသို့ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟိုကော်မတီဝင် ဒေါက်တာနေလင်း၊ ရန်ကုန်တိုင်း ပါတီကော်မတီဝင် ဦးသန်းမြင့်တို့၏ စီစဉ် ဆောင်ရွက်မှုဖြင့် အတွင်းသဲဖြူကျေးရွာ အထက(ခွဲ)၊ ကျိုက္ခနာကျေးရွာ အထက(ခွဲ)၊ ရေစိုမငေးစု-အထက်တန်းကျောင်း၊ ပန်းတိုင်ကျေးရွာ အထက်တန်းကျောင်း များတွင် ယမန်နေ့ နံနက် ၁၁ နာရီက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကို မြို့နယ်ပါတီကော်မတီဝင်များ ဦးဆောင်၍ ပါတီလူငယ်အဖွဲ့မှ သွားရောက်လုပ်ဆောင်ပေး ခဲ့ကြောင်း သိရှိရသည်။ဇော်သိန်း(ထန်းတပင်)

Read more

ဆန်ချို ကို အရစ်ကျဝယ်ယူဖို့ စီစဉ်နေတဲ့ မန်ယူ

မန်ယူအသင်းသည် ဒေါ့မွန် တိုက်စစ်ကစားသမား ဆန်ချိုအား ခေါ်ယူနိုင်ရန် သဘောတူညီချက် ရရှိခဲ့ပြီဆိုသော သတင်းများထွက်ပေါ်ပြီးဖြစ်သော်လည်း လက်ရှိတွင် ဆန်ချိုနှင့်ပတ်သက်၍ မန်ယူ ပေးချေရမည့်ငွေကြေး စာရင်းထွက် ပေါ်လာခဲ့ပြီဖြစ်သည်။ မန်ယူသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဆန်ချိုအား ပေါင်သန်း ၆ဝ ကြိုတင် ပေးချေပြီးနောက် ကစားသမား၏ ပွဲထွက်ခွင့်အပါအဝင် အခြားခံစား ခွင့်အချက်အလက်များအရ ပေါင် သန်း ၅ဝ ထပ်မံပေးချေရမည်ဆို သော သတင်းများထွက်ခဲ့သည်။

Read more

ဖီဖာဥက္ကဋ္ဌရာထူးကို အင်ဖာတီနို ဆက်လက်ထမ်းဆောင်မည်

အင်ဖာတီနိုသည် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုခံနေရစဉ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌရာထူးကို ဆက်လက် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံ ရှေ့နေချုပ် မိုက်ကယ်လော်ဘာနှင့် လျှို့ဝှက်တွေ့ဆုံခဲ့သည်ဆိုသော စွပ်စွဲချက်နှင့်ပတ်သက်၍ ပြီးခဲ့သည့်သီတင်းပတ်က ဆွစ်ဇာလန်အစိုးရ ရှေ့နေများက အင်ဖာတီနိုကို တရားစွဲဆိုခဲ့သည်။

လော်ဘာနှင့်အင်ဖာတီနိုက  အမှားတစ်စုံတစ်ရာကျူးလွန်ခြင်း မရှိဟု ငြင်းဆိုထားသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးမှ ရွှေပြည်သာ မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များ ဓမ္မာရုံများသို့ ဘိလပ်မြေ အိတ်များနှင့် အလှူငွေများ သွားရောက်လှူဒါန်း

 

ဇူလိုင် ၂၉

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်မှ ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီနှင့်အတူ ယမန်နေ့ နေလည်တွင် အမှတ် (၁၃) ရပ်ကွက် အနှိုင်းမဲ့ဂရုဏာ နာရေးကူညီမူ့ ပရဟိတအသင်းသူ အသင်းသားများနှင့် တွေ့ဆုံခဲပီး အနှိုင်းမဲ့ပရဟိတအသင်းအား သောက်ရေကန်ပြုလုပ်ရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ပီး အမှတ် (၁၉) ရပ်ကွက်ရှိ ဓမ္မာရုံသို့ ဘိလပ်မြေအိတ်များ သွားရောက်လှူဒါန်း ခဲ့ပါသည်။

Read more

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာ ပေးအပ်

 

မိုးကောင်း ဇူလိုင် ၃၀

ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအတွင်းရေးမှူး ဒေါ်နှင်းစိုးအေး၏ နေအိမ်၌ ယမန်နေ့ နံနက် ၁၁ နာရီ က ကျွန်းတောရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးဝင်းအောင် က ပါတီဝင်အဆိုပြုလွှာ ၄ဝ ပေးအပ်ရာ မြို့နယ်ပါတီကိုယ်စား မြို့နယ်အရန်ပါတီကော်မတီဝင် ဦးချစ်မောင်က လက်ခံ ရယူခဲ့ကြောင်း သိရသည်။ ဝင်းအောင်(မိုးကောင်း)

Read more

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဆန် နှင့် ဆီဗူးများ လှူဒါန်း

 

ကျိုက်ထို၊ဇူလိုင် ၃၀

ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီ နာယက ဦးစိုး၀င်း၊ ဦးမြင့်ဆွေ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာဦး၊အတွင်းရေးမှုး ဦးကြည်စိုးနှင့် မြို့နယ်ကော်မတီ၀င်များ မှကျိုက်ထိုမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံဆိုင်းဂီတအသင်း၀င်(၁၀၀)ဦး အား ဆန် နှင့် ဆီဗူးများလှူဒါန်းခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ကျိုက်ထိုမြို့နယ်


Read more

တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မုခ်ဦးဆိုင်းဘုတ်တင်

 

တောင်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး မုခ်ဦးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်ရုံး၌ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌ များ တက်ရောက်ခဲ့သည်။ ထိုဖွင့်ပွဲ အခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ အောင်ရမည်ဟု ကြွေးကြာ်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ကျော်ကိုကိုလင်း(တောင်သာ)

Read more

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထန်းတပင်မြို့နယ်ရှိ လမုကျေးရွာ ဘုန်းတော် ကြီးအား စားသောက်ဖွယ်ရာများ လှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီးထန်းတပင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပရွတ်ကျေးရွာအုပ်စု လမုကျေးရွာ ဘုန်းတော်ကြီးအား ရန်ကုန်တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးသန်းမြင့်နှင့်အတူ မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ စားသောက်ဖွယ်ရာများအား ယမန်နေ့ နံနက် ၁ဝ နာရီတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် အစုကြီးကျေးရွာအုပ်စု ကျိုက္ခနာကျေးရွာ၊ ရှမ်းစုကျေးရွာ ပါတီဥက္ကဋ္ဌ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် COVID-19 ရောဂါ အကြောင်းဆွေးနွေးပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နှာခေါင်း စည်းများ ပေးအပ်တပ်ဆင်ပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ဇော်သိန်း

Read more