အင်းသာကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီမှ ဝါဆိုသက်န်း ကပ်ခြင်းနှင့် အလှူငွေ ၃သိန်းကျပ် အလှူငွေလှူဒါန်း

 

အင်းတော်ကြီး။သြဂုတ် ၅

ယနေ့ မနက် ၉နာရီ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ အင်းသာကျေးရွာ အင်းသာ ဘုန်းကြီးကျောင်းတွင် ဝါဆိုသက်န်းကပ်ခြင့်နှင့် အုတ်တံတိုင်း ကာရန်အတွက် အလှူငွေကျပ် ၃၀၀၀၀၀ (သုံးသိန်း)ကို လှူဒါန်းခဲ့ကြသည်။

Read more

ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေလွှမ်းဒဏ်ခံရသည့် အိမ်ထောင်စုများအား ခေါက်ဆွဲခြောက်များ၊ သောက်ရေသန့်များနှင့် အချိုရည်များလှူဒါန်း

 

ထားဝယ် သြဂုတ် ၅

ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဥက္ကဌ ဦးယုနိုင်၊ အတွင်းရေးမှူး ဦးအောင်မျိုးထွန်း၊ ဘဏ္ဍာရေးမှူး ဦးသန်းရွှေ၊ မြို့နယ်ကော်မတီဝင် ဦးမျိုးဝင်းသန့်၊ ဦးညီညီကျော်လင်းနှင့် ပကာရီကျေးရွှာအုပ်စု ရပ်ကျေးပါတီဥက္ကဌ ဦးအေးမြင့်တို့သည် ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ပကာရီကျေးရွှာအုပ်စု ဆန်းချီ(၁) ရပ်ကွက်နှင့် (၂) ရပ်ကွက်ရှိ ရေလွှမ်းဒဏ်ခံရသည့် အိမ်ထောင်စုပေါင်း (၅၀) စုတို့အား မားမားခေါက်ဆွဲ ခြောက်များ၊ သောက်ရေသန့်များနှင့် Speed အချိုရည်များအား အိမ်တိုင်ရာေ၇ာက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ခွန်အောင်ကျော်စွာ

Read more

ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ စာရေးဆရာများ သတင်းစာဆရာများအား အခြေခံ စားသောက်ကုန်များ လှူဒါန်း

 

ညောင်လေးပင် သြဂုတ်လ

Read more

ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဆိုင်းဘုတ်များ စိုက်ထူ၍ ရပ်ကွက်‌/ကျေးရွာအုပ်စု ပါတီရုံးများ ဖွင့်လှစ်ခြင်း

 

ထားဝယ်၊ဩဂုတ် ၅

ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဋ္ဌ ဦးယုနိုင်၊ အတွင်းရေးမှူး ဦးအောင်မျိုးထွန်း၊ ဘဏ္ဍာရေးမှူး ဦးသန်းရွှေ၊ မြို့နယ်ကော်မတီဝင် ဦးမျိုးဝင်းသန့်၊ ဦးညီညီကျော်လင်းတိုပသည် ယနေ့နံနက် ၇ နာရီတွင် ရှင်မုတ္ထီးကျေးရွာ ဦးသန်းရှိန် နေအိမ်၊ နံနက် ၈ နာရီတွင်က နိုင်းဒါကျေးရွာ ဦးဖေသင်းနေအိမ်၊နံနက် ၉ နာရီတွင်ဇရစ်ရပ်ကွက် ဦးသန်းရွှေ နေအိမ်တို့၌ ပါတီဆိုင်းဘုတ်များ စိုက်ထူကာ အမွှေးနံသာများ ပက်ဖြန်း၍ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီရုံးများဖွင့်လှစ်ရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ပါတီဥက္ကဋ္ဌ များလည်း စုပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။ ခွန်အောင်ကျော်စွာ

Read more

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ စာသင်ကျောင်းဝင်းအတွင်း ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်

 

ရန်ကုန် သြဂုတ် ၎

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ နံနက် ၁ဝနာရီတွင် မိုးရာသီ သွေးလွန်တုပ်ကွေးကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်ရာ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက်ဂရုဏာအပိုင်ရှိ အမှတ် (၃၉) အခြေခံပညာမူလတန်းကျောင်းဝင်း ကျောင်းပြင်ပများသို့ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်ပေးရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းထိုက်၊ ဘဏ္ဍာရေးမှူး ဦးအောင်ဝင်းနှင့် ပါတီကော်မတီ ဝင်များ အမက (၃၉) မှ ဆရာ/ဆရာမများ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ ပူးပေါင်းပါဝင် ဆောင်ရွက်ကြောင်း သိရသည်။အေးမင်းဇော်(မြောက်ဥက္ကလာ)

Read more

ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းဆိုင်ရာများ နယ်မြေအလိုက်ဆွေးနွေး

 

ရေကြည် သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးကြည်သန်းနှင့် အတွင်းရေးမှူး ဦးအုန်းစိုးတို့သည် ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ် ထိန်းချုပ်ရေးကြေညာညွှန်ကြား ချက်များနှင့်အညီ Mask နှာခေါင်း စည်းများတပ်ကာ မြို့နယ်ပါတီ စည်းရုံးရေး နယ်မြေအလိုက် နယ်မြေတစ်ခုလျှင် ခြောက်ဦးဖိတ်ပြီး နယ်မြေတစ်ခုချင်းအလိုက် သတ်မှတ်ရက်ပေးပြီး နယ်မြေကိုးခု အတွင်းရှိ ကျေးရွာအုပ်စုများမှ ပါတီကော်မတီဝင်များ၊ ကန့်သတ်ဖိတ်ကြားထားသူများအား ရက်သတ္တပတ် အလိုက် ပါတီလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ရေကြည်မြို့နယ် အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာအုပ်စု ရပ်ကျေးပါတီဥက္ကဋ္ဌများ အားလုံးကို နယ်မြေ အလိုက် တွေ့ဆုံပြီးဖြစ်ကြောင်း မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးကြည်သန်းထံမှ သိရသည်။ဆန်းတင့်(ရေကြည်)

Read more

စီးရီးအေ တန်ဖိုးအရှိဆုံး ကစားသမားဆု ဒီဘားလား ရရှိ

အီတလီ စီးရီအေပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံးကစားသမားဆုကို ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘာလားက အသင်းဖော် ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ရရှိသွားပါတယ်။ စီရော်နယ်ဒိုဟာ အသင်းအတွက် စုစုပေါင်း ၃၁ ဂိုးအထိ သွင်းယူခဲ့ပြီး ဒိုင်ဘားလားက ၁၁ ဂိုးသာသွင်းယူခဲ့ပေမယ့် တန်ဖိုးအရှိဆုံးကစားသမားဆု ရယူနိုင်သွားတာပါ။

Read more

မြန်မာနိုင်ငံအတွင်း၌ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်မှုများပြုလုပ်ရန် မစ်ဆူဘီရှီ ပြင်ဆင်

ဂျပန်နိုင်ငံအခြေစိုက် မစ်ဆူဘီရှီကုမ္ပဏီသည် မြန်မာနိုင်ငံ အတွင်း၌ မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်မှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း Nikkei သတင်းဌာနက ဖော်ပြသည်။

Read more

လာမည့် စီးရီးအေ ရာသီ စက်တင်ဘာ ၁၉ ရက်တွင် စတင်မည်

လာမည့်စီးရီးအေရာသီကို မူလစီစဉ်ထားသည်ထက်တစ်ပတ်နောက်ကျ၍ စက်တင်ဘာ ၁၉ ရက်တွင် စတင် ကျင်းပမည်ဟု အီတလီလိဂ်က ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ လာမည့်စီးရီးအေရာသီရက် စွဲရွေးချယ်ရေးနှင့် ပတ်သက်သော  အစည်းအဝေးတွင် အီတလီကလပ်အများစုက သဘောကျနှစ်ခြိုက်ကြောင်း ဖော်ပြပြီးဖြစ်သည့် ရက်စွဲကို အတည်ပြုကြောင်း အီတလီလိဂ်က ပြောသည်။ ၂၀၁၉-၂၀ ဘောလုံးရာသီ သည် သြဂုတ် ၂ရက်က အဆုံးသတ်ခဲ့သည်။  ယခုနှစ်ဘောလုံးရာသီတွင် COVID-19 ကပ်ရောဂါကြောင့် ပြိုင်ပွဲကျင်းပမှု မတ်လနှင့်ဇွန်လ ကြား သုံးလကြာ ဆိုင်းငံ့ရပြီးနောက် ဇွန်လဒုတိယပတ်တွင် တစ်ကျော့ပြန်စကာဂျူဗင်တပ်က ကိုးကြိမ်ဆက် ချန်ပီယံဖြစ်ခဲ့သည်။ လာမည့်စီးရီးအေရာသီတွင် ခရစ္စမတ်အားလပ်ရက်က အခါ တိုင်းရာသီများထက် ပိုမိုတို တောင်းမည်ဖြစ်ပြီး ပွဲစဉ်များကို ဇန်နဝါရီ ၃ရက်နှင့် ၆ရက်နှစ်ရက် စလုံးကစားမည်ဖြစ်သည်။

Read more

ဘေရွတ်မှာ အလွန်ကြီးမားတဲ့ ပေါက်ကွဲမှုကြီးနှစ်ခု ဖြစ်ပွား၊ အနည်းဆုံး ၇၈ ဦး သေဆုံးပြီး ၄,၀၀၀ နီးပါး ဒဏ်ရာရ

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်မှာ အလွန်ကြီးမားတဲ့ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြီးနှစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇၈ ဦး သေဆုံးပြီး လူဦးရေ ၄,၀၀၀ နီးပါး ဒဏ်ရာရခဲ့ကာ အနီးအနားရှိ အဆောက်အအုံများ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။ ပေါက်ကွဲမှုကြီးကြောင့် အဝေးအရပ်က အဆောက်အအုံများပင် တုန်ခါမှုဖြစ်ခဲ့ပြီး မြို့တော်တစ်ဝန်း ထိတ်လန့်သွေးပျက်ခဲ့ရကာ ဝရုန်းသုန်းကား အခြေအနေတွေဖြစ်ပေါ်ခဲ့ပါတယ်။

Read more