ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီက စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဝင်း အတွင်း သန့်ရှင်းရေး ဆောင်ရွက်

 

ရန်ကုန် သြဂုတ် လ

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အမှတ် (၁ဝ၅)ရပ်ကွက် ချယ်ရီမြိုင်လမ်းမကြီးပေါ်ရှိ အမက ၂၅ (လခွဲ) ကျောင်းအား COVID-19 ကြောင့် ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဝင်းအတွင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

Read more

မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းကပ်လှူ စာသင်ကျောင်းအတွက် ဗလာစာအုပ်နှင့် နှာခေါင်းစည်းများ လှူဒါန်း’

 

မအူပင် သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကဝက္ကင်းကျေးရွာရှိ ဘုရားကြီးကျောင်း ဆရာတော်အား ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ကဝက္ကင်းကျေးရွာရှိ အထက (ခွဲ) စာသင် ကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်များနှင့် နှာခေါင်းစည်းများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁ဝ နာရီမှစတင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more

အက်သလက်တီကို ကစားသမားနှစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေ ကစားဖို့ ရက်ပိုင်းအလိုမှာတင် အက်သလက်တီကို အသင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူ (၂)ဦးရှိတယ်လို့သတင်းထွက်လာပါတယ်။ အက်သလက်တီကိုဟာ ကြာသပတေး နေ့မှာ လစ်ပ်ဇစ်နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကစားရမှာဖြစ်ပြီး အခု ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ သူ (၂)ဦးကို သီးခြားခွဲနေခိုင်းထားတယ်လို့ သိရပါတယ်။ အက်သလက်တီကိုဟာ စနေနေ့က မက်ဒရစ်မြို့မှာ ဆေးစစ်မှု ခံယူခဲ့ရပြီး အခုအခါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ (၂)ဦးနဲ့အတူ သူတို့နဲ့အနေနီးခဲ့သူတွေလည်း သီးခြားခွဲနေရတယ်လို့ သိရပါတယ်။ ယူအီးအက်ဖ်အေကတော့ အက်သလက်တီကိုအသင်းနဲ့ ဆက်သွယ်ထားပြီး အခြေအနေကို စောင့်ကြည့်နေပါတယ်။ -Ref:Skysports

Read more

ပွင့်လင်းမြင်သာမှု အားနည်းသည့်အတွက် ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတပါ့မလားလို့ ဒေါ်ယဉ်မင်းမြင့်ဆွေပြော

 

နေပြည်တော် သြဂုတ် ၆

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပွင့်လင်းမြင်သာမှု အားနည်းသည့်အတွက် ၂၀၂၀ အထွေအထွေ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတပါ့မလားလို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ က ပြောကြားလိုက်သည်။

နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ရွေးကောက်ပွဲကော်မရှင်မှ ပြည်ထောင်စုနယ်မြေအတွင်း “မဲစာရင်းထုတ်ပြန်ချက်” အပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ၎င်းက အထက်ပါအတိုင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။

Read more

ဝန်းသိုမြို့ပေါ်ရှိ အနန္တဇိနမဟာအတုလစေတီအား ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုး ဖူးမြော်ကြည်ညို

 

ဝန်းသို သြဂုတ် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်း ဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယခင်အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး တာဝန်ထမ်းဆောင်စဉ်အချိန်က အနီးကပ်ကြီးကြပ်ပြီးတည်ထား ကိုးကွယ်ခဲ့သော ဝန်းသိုမြို့ နန္ဒဝန်ကုန်းတော်ပေါ်ရှိ အနန္တဇိနမဟာအတုလစေတီတော်သို့ ယနေ့ နံနက်ပိုင်း တွင် တက်ရောက်ကြည်ညိုခဲ့သည်။

Read more

အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲကို လက်ရှိချန်ပီယံ နာဒယ် ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်

လက်ရှိချန်ပီယံ ရာဖေးလ်နာဒယ်က ကိုရိုနာဗိုင်းရပ်စ်ကို မထိန်းချုပ်နိုင်သေးသောကြောင့် ယခုလနှောင်းပိုင်းကျင်းပ မည့် အမေရိကန်အိုးပင်းတင်းနစ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မဟုတ်ကြောင်း ကြေညာသည်။

စပိန်တင်းနစ်ချန်ပီယံ ကမ္ဘာ့နံပါတ် (၂) ကစားသမားနာဒယ် (၃၄) နှစ်သည် သြဂုတ် ၃၁ ရက်တွင် နယူးယောက်မြို့၌ ကျင်းပမည့် ယင်းပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ကြေညာပြီး ကမ္ဘာတစ်ဝန်း ရောဂါကူးစက်သူ ပိုများလာခြင်းနှင့်အတူ ကျန်းမာရေးအခြေအနေရှုပ်ထွေးနေကြောင်း ပြောကြားသည်။

Read more

တစ်နှစ်ကျော်အတွင်း ပရီးမီးယားလိဂ်ကို ဖူလ်ဟမ် တန်းပြန်တက်ခွင့်ရလာ

ပရီးမီးယားလိဂ်တန်းတက်ခွင့် နောက်ဆုံးလက်ကျန်တစ်နေရာစာအတွက် ဘရန့်ဖို့ဒ်နဲ့ ဖူလ်ဟမ်အသင်းတို့ အင်္ဂါနေ့က ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဖူလ်ဟမ်အသင်းက အချိန်ပိုသွင်းဂိုး ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ သာမာန်ပွဲကစားချိန်အတွင်း ဂိုးမရှိသရေကျနေခဲ့လို့ အချိန်ပို ၃၀ မိနစ် ဆက်ကစားရာမှာ ဖူလ်ဟမ်အသင်းက ဘရိုင်ယန်ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်အသင်းအတွက် ချေပဂိုး တစ်ဂိုးကိုတော့ ဒဲလ်စ်ဂါ့ဒ်က ပွဲချိန်နောက်ဆုံးမိနစ်မှာ သွင်းပေးခဲ့ပါတယ်။

Read more

ဒေါက်တာနန္ဒာလှမြင့်နှင့် သြစတေးလျ ဒုတိယသံအမတ်ကြီး နေပြည်တော်တွင်တွေ့ဆုံ

 

နေပြည်တော်၊ သြဂုတ် ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျနိုင်ငံ၊ ဒုတိယသံအမတ်ကြီး H.E. Dr Michele Forsterတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်နှင့်အတူ နိုင်ငံတကာရေးရာ ကော်မတီဌာနမှူး ဦးမြင့်ကိုကိုတို့ ပါဝင်တက်ရောက်ခဲ့ပြီး နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနရုံးချုပ်တွင် ၂၀၂၀ ခုနှစ် သြဂုတ်လ (၄) ရက် မွန်းလွဲ (၂) နာရီအချိန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more