ဘာစီလိုနာနည်းပြကို ထုတ်ပယ်ကြောင်း အတည်ပြု

ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက် ဘာစီလိုနာအသင်းဟာ အသင်းရဲ့နည်းပြဖြစ်သူ Quique Setienကို အသင်းကနေ ထုတ်ပယ်လိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။ နည်းပြသစ်ကိုတော့ မကြာခင်ရက်များအတွင်း ခန့်အပ်ပြီးတာနဲ့ အတည်ပြုကြေညာပေးသွားမယ်လို့ အသင်းကပြောကြားခဲ့ပြီး၊ အသင်းကိုလည်း ပြန်လည်တည်ဆောက်မှုတွေ လုပ်ရတော့မယ်လို့ အသင်းရဲ့တွစ်တာမှာ ဖော်ပြခဲ့တာပါ။ ဘာကာနည်းပြသစ်အဖြစ် ရော်နယ်လ် ကိုးမန်းက ရေပန်းစားနေပါတယ်။ ဇန်နဝါရီလကမှ ရောက်လာတဲ့ဘာစီလိုနာနည်းပြဟာ လာလီဂါဖလားကိုလည်း မက်ဒရစ်ဆီလွှဲပေးခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်မရှုမလှရှုံးပြီး အရှက်ရစေခဲ့တဲ့အတွက် အခုလိုအလုပ်ကနေ အထုတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

Read more

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅ သောင်းကျော်ရှိလာ

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ကပ်ဘေးကြောင့် သေဆုံးသူ ဦးရေဟာ သြဂုတ်လ  ၁၇ ရက်မှာ အယောက် ၅၀၀၀၀ ကျော် ရှိသွားပါပြီ။ နိုင်ငံတွင်း အတည်ပြုပြီးသမျှ ကူးစက်ခံ လူဦးရေ စုစုပေါင်းကတော့ ၂ ဒသမ ၆၅သန်းပါ။ ရောဂါကူးစက်မှုဟာ မြို့အသေးလေးတွေဆီကနေ  ကျေးလက်ဒေသထိ ပျံ့နှံ့ရောက်ရှိ သွားတာကို အစိုးရရဲ့ နောက်ဆုံးရ သတင်းအချက်အလက် တွေက ပြနေပါတယ်။

Read more

ဒီရာသီ (၄)ပွဲမြောက် ဂရင်းပရီနိုင်ပွဲကို ဟာမီတန် ရယူ

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ စပိန်ဂရင်းပရီပြိုင်ပွဲမှာ မာစီးဒီးစ်အသင်းရဲ့ ဗြိတိန်ဒရိုင်ဗာ ဟာမီတန်က အနိုင်ရခဲ့ ပါတယ်။ ဘာစီလိုနာမှာရှိတဲ့ ကာတာလူညာ ကားပြိုင်ကွင်းကို (၆၆)ပတ် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပြီး ထိပ်ဆုံးကနေ တာထွက်ခဲ့ရတဲ့ ဟာမီတန်ဟာ ပွဲချိန်တစ်လျှောက် အကောင်းဆုံး ပုံစံနဲ့ စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့ ပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ဆိပ်ကြီးခနောင်တိုမြို့နယ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

 

ရန်ကုန် သြဂုတ် ၁၆

Read more

ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

မြစ်ကြီးနား သြဂုတ် ၁၇

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့နံနက် ၉နာရီတွင် ဆရာတော်သံဃာတော် များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

Read more

မြေနုကျေးရွာတွင် ဟိုပင်ပြည်ခိုင်ဖြိုးပါတီမှ ဝါဆိုသက်န်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျေးရွာလမ်းအတွက် အလှူငွေ လှူဒါန်း

 

ဟိုပင် ။သြဂုတ်

သြဂုတ်လ (၁၆)ရက်နေ့ နံနက် ၉နာရီ မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဟိုပင်ဒေသ မြို့သစ်ကလေးကျေးရွာ အုပ်စု မြေနုကျေးရွာ ဘုန်းကြီးကျောင်း တွင် ဆရာတော်အား ဝါဆိုသက်န်းနှင့် ဝတ္ထုငွေ ဆက်ကပ် လှူဒါန်းခြင်း၊ အာလံဗိုလ်ကျေးရွာနှင့်မြေနုကျေးရွာကြား လမ်းပြုပြင်ရန်အတွက် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ (၅၀၀၀၀)ကျပ် လှူဒါန်း ခဲ့သည်။

Read more

ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

ရေဖြူ သြဂုတ်လ

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးမောင်စိန်၊ တနင်္သာရီတိုင်း ဒေသကြီး တိုင်းအရန်ပါတီကော်မတီဝင် ဦးဟန်စိန်၊ ထားဝယ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးကျော်မြင့်နှင့် ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးဝဏ္ဏကျော်တို့သည် ယမန်နေ့ နံနက်ပိုင်းက ရေဖြူမြို့နယ် ပေါက်ပင်ကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သွားရောက်၍ ဆရာတော်အားဖူး မြော်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်းနှင့် ဘာဇေယျဋ္ဌာနီတိုက် ကျောင်းဆရာတော်ထံမှ အနုမော ဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။ ယင်းနောက် ရေဖြူမြို့နယ် ပေါက်ပင်ကွင်းဒေသခံများနှင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အကြောင်းများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more

ထန်းတပင် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက် နှာခေါင်းစည်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

 

ရန်ကုန် သြဂုတ်

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တံတားဦးကျေးရွာအုပ်စု စာဖြူစုကျေးရွာ၊ ငှက်သိုက်ကျေးရွာအုပ်စုအပြင် သဲဖြူကျေးရွာ၊ သံပုရာကုန်ကျေးရွာအုပ်စု ကျေးရွာပြည်သူများ နေအိမ်တွင် ယမန်နေ့နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးသန်းမြင်၊့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းရီ၊ မြို့နယ်ပါတီကော်မတီဝင်များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက် မှုအတွက် နှာခေါင်းစည်းများ ပေးအပ်ခြင်း၊ ကိုဗစ်ရောဂါ ဆောင်ရန်ရှောင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်း၊ ကျန်းမာရေးအသိပညာပေး စကားဆွေးနွေးပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စများ အပြန်အလှန် ပေါင်းစပ် ညှိနှိုင်းမှုများပြုလုပ်ကြောင်း သိရှိရသည်။

Read more

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက အနှေးယာဉ်လုပ်သားများအား ဂုဏ်ပြုထောက်ပံ့

 

ရန်ကုန် သြဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မြို့နယ်အတွင်းရှိ စာအောင်သံဃာများ ပူဇော်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် လုပ်အားဒါန ပါဝင်လှူဒါန်းခဲ့သော အနှေးယာဉ်လုပ်သားများအား ဂုဏ်ပြုထောက်ပံ့ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ဗိုလ်မင်း ရောင်လမ်းရှိ တောင်ညွန့်ကြီးရပ်ကွက် ပါတီရုံးရှေ့တွင် ကျင်းပခဲ့သည်။

Read more

စီရော်နယ်ဒိုအား ရောင်းရန် ဘာစီလိုနာကို ဂျူဗင်တပ် ကမ်းလှမ်း

စီးရီးအေချန်ပီယံဂျူဗင်တပ်က ကမ္ဘာ့ကပ်ရောဂါကြောင့် ဘဏ္ဍာရေးရိုက်ခတ်မှုများ သက်သာစေရေး လုပ်ခ လစာများသော ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို အား ဘာစီလိုနာသို့ ရောင်းရန် ကမ်းလှမ်းထားကြောင်း စပိန် ဘောလုံးလောက ကျွမ်းကျင်သူ ဂြီလမ္ဘလာဂူးက ပြောကြားသည်။

ကစားသမားများ၏ လုပ်ခ လစာများကို လျှော့ချလိုသောကြောင့် ဂျူဗင်တပ်ကယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းကပြော ကြားသည်။

Read more