ကုလားဘာတောင်စျေး၌ Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေ

 

မာန်အောင် သြဂုတ်

ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ပါတီကော်မတီဝင် ဦးသိန်းနု၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်း၊ ခရိုင် ဘဏ္ဍာရေးမှူး ဦးခင်မောင်ကြီး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးတင် ထွန်းနှင့် ကော်မတီဝင်များ၊ ရုံးဝန်ထမ်းများသည် ယမန်နေ့နံနက် ၉နာရီက ကျောက် ဖြူကုလားဘာတောင် စျေးတွင် COVID-19 ရောဂါကာ ကွယ်နိုင်ရေးအတွက် စျေးရောင်း စျေးဝယ်သူများနှင့် သုံးဘီးယာဉ် မောင်းများအား Mask နှင့် Face ShieId များကို အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။သိန်းဖေ(မာန်အောင်)

Read more

ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ ဘိုင်ယန်မြူးနစ်

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ပီအက်စ်ဂျီအသင်းကို ၁ ဂိုးတည်းနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို သိမ်းပိုက်သွားပါတယ်။

ဒီပွဲမှာ ဘိုင်ယန်မြူးနစ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပြီး ပီအက်စ်ဂျီက နေမာ၊ ဒီမာရီယာနဲ့ အန်ဘာပေးတို့ရဲ့ ကန်ချက်တွေကို ဘိုင်ယန်မြူးနစ် ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ဒုတိယပိုင်း ၅၉ မိနစ်လောက်မှာ ကိုးမန်က ခေါင်းတိုက်သွင်းယူပါတယ်။

Read more

ဝင်ငွေအများဆုံး စာရင်းမှာ အိုဆာကာ ဦးဆောင်

ဖော်ဘတ်စ် မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဝင်ငွေအများဆုံး အားကစားမယ်စာရင်းမှာ ဂျပန်တင်းနစ်မယ် အိုဆာကာက ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။(၂၀၁၈) ပြင်သစ်အိုးပင်းနဲ့  (၂၀၁၉) ဩစတြေးလျအိုးပင်း ချန်ပီယံဆု ရှင်ဖြစ်ခဲ့တဲ့ အိုဆာကာက ဝင်ငွေစုစုပေါင်း ဒေါ်လာ (၃၇ ဒဿမ ၄)သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Read more

၂၀၂၀-၂၁ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားများထုတ်ပြန်ကြေညာ

၂၀၂၀-၂၁ ရာသီပရီးမီးယားလိဂ်ရာသီသစ်ပွဲစဉ် ဇယားများကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။ အဖွင့်ပွဲစဉ်တွင် လက်ရှိချန်ပီယံလီဗာပူးလ်အသင်းက ချန်ပီယံရှစ်ချန်ပီယံ လိဒ်ယူနိုက်တက်အသင်းနှင့် စတင်ရင်ဆိုင်ရမည် ဖြစ်သည်။ Play-Off ချန်ပီယံ ဖူဟမ်အသင်းမှာ အာဆင်နယ်ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး နောက်ထပ်တန်းတက်အသင်းတစ်သင်းဖြစ်သည့် ၀က်ဘရွန်းအသင်းက လက်စတာအသင်းကို အိမ်ကွင်းတွင် လက်ခံကစားမည်ဖြစ်သည်။

ပရီးမီးယားလိဂ်ရာသီသစ်ကို လာမည့် စက်တင်ဘာလ၊ ၁၂ ရက်နေ့၊ စနေတွင်စတင်ကျင်းပမည်ဖြစ်သည်။ သို့သော်လည်း မန်ချက်စတာစီးတီး-အက်စ်တန်ဗီလာ၊ ဘန်လေ-မန်ယူ ပွဲစဉ် ၂ ပွဲကိုပြန်လည် ပြင်ဆင်သွားမည်ဖြစ်သည်။

Read more

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအကြိမ်မြောက် ညီလာခံဖွင့်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်

 

သြဂုတ် ၁၉၊ နေပြည်တော်

၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် နေပြည်တော်ရှိ MICC-2 တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအကြိမ်မြောက် ညီလာခံဖွင့်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးမြင့်စိုး၊ ဒေါက်တာအောင်မြတ်ဦး၊ ကျောင်းကုန်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနှင့် ပါတီဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး ပါတီကော်မတီဝင် ဒေါ်မိုးမိုးအိတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Read more

ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ကံမမြို့နယ်ရှိ ကျေးရွာများတွင် ပြည်ခိုင်ဖြိုးပါတီ၏ အခမဲ့ဆေးကုသမှုများကို အားပေး

 

ကံမ သြဂုတ်လ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ သားဖွားနှင့်မီးယပ် အထူးကုဆရာဝန် ဒေါက်တာချစ်ကောင်း၊ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ အောင်မင်းသူတို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ထန်းလေးပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အခြေပြုပြီး ပတ်ဝန်းကျင်ကျေးရွာများမှ မိဘပြည်သူများကို အခမဲ့ဆေးကုသ၍ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

Read more

ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အထကကျောင်းသို့ အလှူငွေပေးအပ်

 

ဝန်းသို သြဂုတ်

ဝန်းသို အခြေခံပညာအထက်တန်း ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ အသုံးပြုနိုင်ရန် သောက်သုံးရေကန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ် အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံဦးမြင့်စိုး၏ ကိုယ်စား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထိန်မင်းက ဝန်းသိုအထက ကျောင်းအုပ်ဆရာမကြီးထံ ယမန်နေ့က အလှူငွေပေးအပ်ခဲ့ကြသည်။

ညီညီထွန်း(ဝန်းသို)


Read more

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ကျိုက်ထို၊ သြဂုတ် ၂၀

ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့နံနက် ၁၀နာရီတွင် ကမ်းနီ ကျေးရွာ ဆရာတော် အား ဝါဆိုသင်္ကန်းနှင့် ဝတ္တုငွေ {၃၀၀၀၀} ကျပ် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ မြို့နယ်ပါတီနာယက ဦးမြင့်ဆွေ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာဦး မြို့နယ်ပါတီကော်မတီဝင် များသည် ကမ်းနီ ကျေးရွာ ဆရာတော် အား ဝါဆိုသင်္ကန်းနှင့် ၀တ္တုငွေ {၃၀၀၀၀} ကျပ် အား ဆက်ကပ်လှူဒါန်းခဲ့ကြ​ပါသည်။ပြည်ခိုင်ဖြိုးပါတီ ကျိုက်ထိုမြို့နယ်

Read more

ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကွက်ကျေးရွာအုပ်စု ပါတီရုံးများ၌ ပါတီဆိုင်းဘုတ်များ စိုက်ထူဖွင့်လှစ်

 

ထားဝယ်၊ဩဂုတ် ၂၀

Read more

နောင်ချို ပြည်ခိုင်ဖြိုးပါတီမှ ကိုဗစ်ကာလအတွင်း စားနပ်ရိက္ခာများထောက်ပံ့

 

နောင်ချို သြဂုတ်လ

နောင်ချိုမြို့နယ် ကုလားကွဲကျေးရွာအုပ်စု၊ ကုလားကွဲရွာဒေသခံများအတွက် ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန် ဆန်၊ ဆီ၊ ကုလားပဲများကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဦးခင်မောင်ချို၊ ဦးချိန်ကြီး၊ ဦးတင်အောင် ဝင်း၊ ဦးကျော် မြင့်နိုင်၊ ဦးသန်းအောင်၊ ဦးသန်းထွန်းလေး၊ ဦးကျော်လှိုင်၊ ဦးအောင်မြင့်နှင့် ဦးဆန်းဦး အဖွဲ့တို့က ယမန်နေ့ နံနက် ၁၁ နာရီခွဲက တစ်ဦးချင်းစီပေးအပ် ထောက်ပံ့ ကြသည်။

Read more