ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးမှ အမှတ် (၁၆) ရပ်ကွက်ရှိ သာမဏေကျော်စာသင်တိုက်သို့ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း

 

သြဂုတ် ၃၀

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့် ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၁၆) ရပ်ကွက်ရှိ သာမဏေကျော်စာသင်တိုက်ရှိ ဆရာတော်ထံသို့ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ သွားရောက် ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ သွားရောက်လှူဒါန်းရာတွင် ဗဟိုအတွင်းရေးမှူးနှင့်အတူ ရန်ကုန်မြောက်ပိုင်းခရိုင် ကော်မတီဝင် ဒေါ်ချမ်းမြအေး ရွှေပြည်သာပြည်ခိုင်ဖြိုးနာယက ဦးရဲဆွေလှိုင် ရွှေပြည်သာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်နှင့်မြို့နယ် ကော်မတီဝင်များနှင့်အတူ သွားရောက်လှူဒါန်း ခဲ့ကြပါသည်။

Read more

ကရင်ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး ဖာပွန်မြို့နယ်တွင် ဘုရားဆင်းတုတော်များ ပြက္ခဒိန်များနှင့် နိဗ္ဗာန်ယာဉ်လှူဒါန်း

 

ဖာပွန် သြဂုတ် ၃၁

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် ယမန်နေ့ နံနက် ၅နာရီက ဖာပွန်မြို့အမှတ် (၂) ရပ်ကွက်ရှိ ဝေဠုဝန်ကျောင်းတိုက်တွင် ပန်းပေါင်းစုံ ဘုရားဆင်းတုတော် အဆူ ၅ဝဝ အနေ ကဇာတင်ခြင်းနှင့် နာရေးကူညီမှု အသင်းကို နိဗ္ဗာန်ယာဉ် လိုက်ထရပ်ကားတစ်စီး လှူဒါန်းခြင်းအတွက် ရေစက်ချ အခမ်းအနားပြုလုပ်ခဲ့သည်။

Read more

ဘားအံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကရင်ပြည်နယ် မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့သို့ အခြေခံ စားသောက်ကုန်များ ထောက်ပံ့

 

ဘားအံ သြဂုတ်လ

ကရင်ပြည်နယ်ဘားအံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်လွင်၊ ဦးဝင်းတင်၊ ဒေါ်နန်းနီနီအောင် တို့သည် ယမန်နေ့နံနက် ၉နာရီခွဲက ကရင်ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့သို့ ဆန် ဆီ ပဲ ခေါက်ဆွဲနှင့် ဘုရားဆင်းတုတော်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ခင်နီနီအောင်


Read more

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီက COVID -19 ကာလတွင် အခက်အခဲရှိသော အိမ်ထောင်စု ၁၄ဝ အတွက် ဆန်နှင့်ကြက်ဥများ လှူဒါန်း

 

ရန်ကုန် သြဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းထိုက်၊ ဘဏ္ဍာ ရေးမှူး ဦးအောင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြန်မာစာပါမောက္ခ ဒေါက်တာရွှေပြည်စိုး၊ ဦးကျော်စွာ တိုးမြင့်၊ တရားလွှတ်တော်ရှေ့နေ ဦးနေလင်းအောင်တို့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အမှတ် (၂) ရပ်ကွက် မေတ္တာရပ်ကွက်အတွင်း ရှိCOVID -19 ကာလအခက်အခဲရှိ မိဘပြည်သူများအား ဆန်နှင့် ကြက်ဥများ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လှူဒါန်းရာ အမှတ် (၂) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောထွန်း နှင့် မေတ္တာရပ်ကွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက စေတနာရှေ့ထား ပေါင်းစပ် ကူညီဆောင်ရွက် ပေးကြောင်း သိရသည်။ အေးမင်းဇော်(မြောက်ဥက္ကလာ)

Read more

လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်များအား ဝါဆိုသင်္ကန်း ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း

 

ရန်ကုန် သြဂုတ်လ

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယမန်နေ့တွင် ဘုန်းတော်ကြီးကျောင်း ငါးကျောင်းသို့ ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။

Read more

မက်ဆီ ၏ စာချုပ်ဖျက်သိမ်းကြေး အကျုံးဝင်ဆဲဖြစ်ဟု La Liga ကြေညာ

ကမ္ဘာ့ဘောလုံးအကျော်အမော် လီယိုနယ်မက်ဆီရဲ့ ဘာစီလိုနာအသင်း စာချုပ်သက်တမ်း မကုန်သေးဘူးလို့ La Liga စပိန် အမှတ်ပေးဘောလုံးပြိုင်ပွဲက ထုတ်ပြန်လိုက်ပါတယ်။

ခုလို ထုတ်ပြန်လိုက်တာက မက်ဆီအနေနဲ့ ဒီ ဘာစီလိုနာ ကလပ်အသင်းကနေ နုတ်ထွက်ချင်ပြီလို့ အံသြစရာ ကြေညာချက် ထွက်လာအပြီး ရက်ပိုင်းအတွင်းနဲ့ သူ ဘောလုံးရာသီမတိုင်ခင် ကျန်းမာရေးစစ်ဆေးဖို့ ပျက်ကွက်အပြီး နာရီပိုင်းအတွင်း ထွက်လာတာပါ။

Read more

2020 Swiss Cup ချန်ပီယံ ဖြစ်လာတဲ့ ယန်းဘွိုင်းစ်

၁၉၂၅ ခုနှစ်ကစပြီး စတင်ခဲ့တဲ့ Swiss Cup ပြိုင်ပွဲမှာ အအောင်မြင်ဆုံးက ဘေဆယ်ဖြစ်ပြီး (၁၃)ကြိမ်တိုင်တိုင် ရယူခဲ့ပေမဲ့ ယခု ၂၀၂၀ မှာတော့ ယန်းဘွိုင်းစ်ကို Swiss Cup လက်လွှဲပေးခဲ့ရပါတယ်။ ယန်းဘွိုင်းစ်အတွက်တော့ Swiss Cupကို (၇)ကြိမ်မြောက် ရရှိတာလည်း ဖြစ်ပါတယ်။

Read more

စင်စင်နာတီမာစတာပြိုင်ပွဲမှာ ဂျိုကိုဗစ် အနိုင်ရ

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ ကျင်းပခဲ့တဲ့ စင်စင်နာတီ မာစတာ တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ဂျိုကိုဗစ် အနိုင်ရပြီး ချန်ပီယံဆုရခဲ့ပါတယ်။ (၂၀၂၀)အတွင်း ရှုံးပွဲမရှိသေးတဲ့ ဂျိုကိုဗစ်ဟာ ဗိုလ်လုပွဲမှာ ကနေဒါနိုင်ငံသား ရာအိုနစ်နဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

(၂)နာရီကြာ အကြိတ်အနယ် ယှဉ်ပြိုင်ပြီးချိန်မှာတော့ ဂျိုကိုဗစ်က (၁း၆၊၆း၃၊၆း၎)နဲ့ အနိုင်ရခဲ့တာပါ။ ဆီမီးဖိုင်နယ်တုန်းက ပထမပွဲလတ်အရှုံးကနေ လိုက်ကစားခဲ့ရတဲ့ ဂျိုကိုဗစ်ဟာ အခုပွဲမှာလည်း ပထမပွဲလတ် ရှုံးခဲ့ပေမယ့် နောက်ကလိုက်ကစားပြီး အနိုင်ပြန်ရခဲ့တာ ဖြစ်ပါတယ်။

Read more

ပါတီဗဟိုအတွင်းရေးမှူး တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်သော အောင်လံမြိုကနယ်ရှိ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

အောင်လံ သြဂုတ် ၂၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ တိုင်းဒေသကြီး အရန်ပါတီ ကော်မတီဝင် ဦးတင်ဝင်းနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းလွင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးခင်ဆွေတို့သည် ယမန်နေ့က ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ကြသော ခြောက်ဘာ သာဂုဏ်ထူးရှင် နှစ်ဦးအား တစ်ဦးလျှင် ကျပ်တစ်သိန်းဖြင့် ကျပ်နှစ်သိန်း၊ လေးဘာသာဂုဏ် ထူးရှင် ရှစ်ဦးအား တစ်ဦးလျှင် ကျပ်ငါးသောင်းဖြင့် ကျပ်လေးသိန်း၊ သုံးဘာသာ ဂုဏ်ထူးရှင်ကိုးဦးအား တစ်ဦးလျှင် ကျပ်လေးသောင်း ဖြင့် ကျပ်သုံးသိန်းခြောက်သောင်း စုစုပေါင်း ကျပ်ကိုးသိန်းခြောက်သောင်း ကိုဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

Read more