Author: USDP 2016
ပြည်ခိုင်ဖြိုးပါတီ စေတနာ့ဝန်ထမ်းအဖွဲ့များမှ ဒက္ခိဏသီရိဈေးအတွင်း နှာခေါင်းစည်းများ လှူဒါန်း
နေပြည်တော်၊ စက်တင်ဘာ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် စေတနာ့ဝန်ထမ်းအဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် ပါဝင်လှုပ်ရှား ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ညနေ၌ ပြည်သူအများအပြား ဝင်ထွက်သွားလာလျက်ရှိသည့် ဒက္ခိဏသီရိဈေးအတွင်း ဆေးဘက်သုံး နှာခေါင်းစည်း (၁၀၀၀)ကို ဖြန့်ဝေလှူဒါန်းခဲ့သည်။
မနက်ဖြန် စက်တင်ဘာလ (၇) ရက်နေ့ ညနေပိုင်းတွင်လည်း ပြည်ခိုင်ဖြိုးပါတီဌာနချုပ် စေတနာ့ဝန်ထမ်းအဖွဲ့သည် နေပြည်တော်မြို့မဈေးတွင် နှာခေါင်းစည်းများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
Read moreထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရှမ္မတွင်းကျေးရွာ၊ သုသာန်နားနေဆောင် ဆောက်လုပ်ရာ၌ အလှူငွေများ လှူဒါန်း
ထားဝယ်၊စက်တင်ဘာ ၇
ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှဥက္ကဋ္ဌ ဦးယုနိုင်၊ အတွင်းရေးမှူး ဦးအောင်မျိုးထွန်း နှင့်မြို့နယ်ကော်မတီဝင်များသည် ယနေ့နံနက်၉နာရီတွင် ရှမ္မတွင်းကျေးရွာရှိ သုသာန်အတွင်းမြတ်ဒါန နာရေးကူညီမှု အသင်းမှ နားနေဆောင်ဆောက်လုပ်လျှက်ရှိသည့် နေရာသို့ နယ်မြေတာဝန်ခံ ဦးဝင်းမြင့်နှင့် ရှမ္မတွင်း ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ ဒေါ်ထွန်းကြူတို့နှင့်အတူ သွားရောက်၍ အလှူငွေနှစ်သိန်းကျပ်အား ပါဝင် လှူဒါန်းရာ နားနေဆောင် ဆောက်လုပ်ရေးတာဝန်ခံ ဦးကျော်စွာဝင်းမှ လက်ခံရယူ၍ ကျေးဇူးတင်စကားများ ပြောကြားပြီး သာဓုထောပနာ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ် ခဲ့ကြောင်းသိရသည်။
Read moreအောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက နှစ်ပေါင်း ၉ဝဝ ခန့် သက်တမ်းရှိ ရွှေရင့်မာစေတီတော်ပြုပြင်ရန် ဘိလပ်မြေအိတ်များ လှူဒါန်း
မန္တလေး စက်တင်ဘာ
အောင်မြေသာစံမြို့နယ် အမရဌာနီအနောက်ရပ်ကွက် အကွက် (၃၇) ရှိ ရွှေရင့်မာကျောင်းတိုက်အတွင်း တည်ထား ကိုးကွယ်ထားသော နှစ်ပေါင်း ၉ဝဝ ခန့် သက်တမ်းရှိ ရွှေရင့်မာစေတီတော်မြတ် ပြုပြင်မွမ်းမံရန် အတွက် ဘိလပ်မြေအိတ်များကို အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့မွန်းတည့် ၁၂ နာရီက အဆိုပါ ကျောင်းတိုက်၌ သွားရောက်လှူဒါန်းခဲ့သည်။
Read moreတောင်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေး Mask နှင့် လက်ဆေးဆပ်ပြာများ အခမဲ့ဖြန့်ဝေ
ရန်ကုန် စက်တင်ဘာ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်ဥက္ကလာပမြို့နယ်မှ ဥက္ကဋ္ဌ ဦမျိုးမင်းအောင်၊ အတွင်းရေးမှူး ဒေါက်တာမျိုးအောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ကြည်နှင့် ဦးတင်အောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)၊ မြို့နယ်ပါတီကော်မတီဝင်များ အမှတ် (၁၄) ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် ယမန်နေ့ညနေ ၅နာရီတွင် စီမံကိန်း (၂) အတွင်းရှိ ရပ်ကွက်နေ မိဘပြည်သူများအား covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေး အတွက် နှာခေါင်းစည်း (Mask) အခု ၅ဝဝ နှင့် လက်ဆေးဆပ်ပြာအတုံး ၁ဝဝ တို့ကို အိမ်ထောင်စု ၁ဝဝ အား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
Read moreမလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
မလှိုင် စက်တင်ဘာ
မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မြို့နယ် ပါတီကော်မတီဝင်များက ယမန်နေ့ နံနက်တွင် မြို့ပေါ်နှင့် ထန်းတောဘုန်းတော်ကြီး ကျောင်းများမှ ဝါဆိုသင်္ကန်း ဆက်ကပ်ရန် ကျန်ရှိသောသံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
Read more
ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ Mask Campaign ပြုလုပ်
ရန်ကုန် စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် အလုပ် အမှုဆောင်များမှ ဦးဆောင်၍ ယမန်နေ့ နံနက် ၈ နာရီက နှာခေါင်းစည်းများ တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခဲ့သည်။
Read moreပွဲကြည့်စင်ပေါ် Mask မတပ်သဖြင့် စီရော်နယ်ဒို သတိပေးခံရ

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ပွဲကြည့်စင်ပေါ်မှာ Mask မတပ်ခဲ့တာကြောင့် ကျန်းမာရေးဝန်ထမ်းရဲ့ သတိပေးမှုခံခဲ့ရပါတယ်။ ပေါ်တူဂီအသင်းက ခရိုအေးရှားကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ စီရော်နယ်ဒိုက ခြေချောင်းရိုး ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ပွဲကြည့်စင်ကနေပဲ ကြည့်ရူခဲ့ရတာပါ။ စီရော်နယ်ဒိုဟာ ပွဲချိန်အတွင်းမှာ Mask တပ်ထားခြင်းမရှိဘဲ ကြည့်ရှုနေတာကို ကျန်းမာရေး အရာရှိအမျိုးသမီး တဦးက လာရောက် အသိပေးခဲ့တာဖြစ်ပါတယ်။ အစပိုင်းက တခြားသူတဦးဦးကို ပြောနေတာလို့ ရော်နယ်ဒိုက ထင်မှတ်ခဲ့ပေမယ့် ခဏ ကြာမှသာ ရော်နယ်ဒိုက Mask ပြန်တပ်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ စက်တင်ဘာ ၉ ရက်မှာ ဆွီဒင်နဲ့ ဆက်လက်ကစားရဖို့ရှိနေပြီး ခြေ ချောင်းရိုး ဒဏ်ရာရခဲ့တဲ့ ရော်နယ်ဒို ဆက်လက်လွဲချော်မှာဖြစ်ပါတယ်။
Read moreဂျပန် တိုင်ဖုန်းမုန်တိုင်း အားပျော့သွားပေမယ့် စံချိန်တင်မိုးကြီးပြီး မြေပြိုတာတွေ ရှိနိုင်

ဂျပန်နိုင်ငံ တောင်ပိုင်းကို ပြင်းထန်စွာ တိုက်ခတ်နေတဲ့ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းကြောင့် ဒေသခံပြည်သူ ၁.၈ သန်းကို ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ ဂျပန်အစိုးရက တနင်္ဂနွေနေ့မှာ အမိန့်ထုတ်ထားပါတယ်။
Read more










