ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခြင်း

 

ကျိုက်ထို ၊စက်တင်ဘာ ၉

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီနာယက ဦးမြင့်ဆွေ ဦးဆောင်သည့် သိမ်ဇရပ်မြို့ မြို့နယ်ကော်မတီ၀င်များနှင့် ပါတီ၀င်လူငယ်များသည့် သိမ်ဇရပ်မြို့ရှိ မြသိန်းတန် စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း အမှိုက်များ သန့်ရှင်းခြင်း မြတ်များနှုတ်ခြင်း သန့်ရှင်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ကျိုက်ထိုမြို့နယ်

Read more

မှော်ဘီမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် ပါတီအောင်နိုင်ရေးအလံလွှင့်တင်ပွဲအခမ်းအနား ကျင်းပပြုလုပ်

 

မှော်ဘီ၊ စက်တင်ဘာ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မှော်ဘီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပါတီဝင်များသည် ယနေ့ စက်တင်ဘာ ၉ ရက် နံနက် (၉)နာရီခွဲအချိန်ခန့်တွင် မှော်ဘီမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် ပါတီအောင်နိုင်ရေးအလံလွှင့်တင်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

Read more

PFA အကောင်းဆုံးကစားသမားဆု မန်စီးတီးကစားသမား ဒီဘရိုင်း ရရှိ

မန်စီးတီး ကွင်းလယ်လူ ကီဗင်ဒီဘရိုင်းဟာ  လီဗာပူးက မာနေးနဲ့ ဗန်ဒိုက်တို့ကို ကျော်ဖြတ်ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့အစည်းက ချီးမြှင့်တဲ့ PFA အကောင်းဆုံးကစားသမားဆု ရယူနိုင်ခဲ့တာပါ။

ပရီးမီးယားလိဂ်မှာ ၁၃ ဂိုးသွင်းပြီး အကြိမ် ၂၀ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ ဒီဘရိုင်းဟာ တရာသီအတွင်းမှာ ဂိုးဖန်တီးမှု အများဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့ သီယာရီအွန်နရီရဲ့ စံချိန်ကိုလည်း လိုက်မီနိုင်ခဲ့တာပါ။

Read more

တစ်ဦးတစ်ယောက်တည်းကောင်း၍ တိုင်းပြည်တိုးတက်မည်မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌပြော

ကျောက်ပန်းတောင်း စက်တင်ဘာ ၈
တစ်ဦးတစ်ယောက်တည်းကောင်း၍ တိုင်းပြည်တိုးတက်မည်မဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းကပြောကြားလိုက်သည်။
စက်တင်ဘာ ၇ ရက် ကျောက်ပန်းတောင်းမြို့နယ် သံဘိုရွာသစ်ကျေးရွာမှ ပြည်သူလူထုနှင့်တွေ့ဆုံရာတွင် ဦးလှထွန်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ တိုင်းပြည်မှာ တစ်ယောက်တည်းကောင်းလို့မရဘူး။ကျွန်တော်တို့က ဘုရင်အုပ်ချုပ်တဲ့စနစ်မဟုတ်တော့ဘူး။ အများစုပေါင်းပြီးလုပ်ရမှာဖြစ်တယ်။ ဒါမှသာတိုးတက်မှာ” ဟု ဦးလှထွန်းကပြောကြားလိုက်သည်။
ထို့ပြင် ပြည်သူလူထုများအနေဖြင့်လည်း ခေါင်းဆောင်ရွေးချယ်ရာတွင် အရွေးမမှားကြရန်၊ မှန်မှန်ကန်ကန်ရွေးချယ်ဆုံးဖြတ်ကြရန် တိုက်တွန်းပြောဆိုခဲ့သည်။
“ပြည်သူတွေကလည်း တိုင်းပြည်ကို ဦးဆောင်တဲ့သူကိုရွေးချယ်မယ်ဆိုရင် မှန်မှန်ကန်ကန်နဲ့ အရွေးမမှားကြဖို့လိုတယ်။ဒါမှသာ တိုးတက်ကောင်းမွန်မှာဖြစ်တယ်” ဟု ဦးလှထွန်းကပြောသည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၂) ဦးဝင်မြင့်တို့မှ မဟာဓမ္မပါရာ မိကနဝရတ်ပရိယတ္တိကျောင်းတိုက် ဆရာတော်အား ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

 

Read more

ပြည်ခိုင်ဖြိုးပါတီ စေတနာ့ဝန်ထမ်းအဖွဲ့များမှ နေပြည်တော် မြို့မဈေးအတွင်း နှာခေါင်းစည်းများ လှူဒါန်း

 

နေပြည်တော်၊ စက်တင်ဘာ ၆။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် စေတနာ့ဝန်ထမ်းအဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် ပါဝင်လှုပ်ရှား ဆောင်ရွက်လျက်ရှိပြီး ယနေ့ညနေ၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူအများအပြား ဝင်ထွက်သွားလာလျက်ရှိသည့် မြို့မဈေးအတွင်း ဆေးဘက်သုံး နှာခေါင်းစည်း (၄၀၀၀)ကို ဖြန့်ဝေလှူဒါန်း ခဲ့သည်။


Read more

ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် ကော့ကရိတ်မြိုကပပေါ်ရှိ ဆရာတော်များအား ဖူးမြော် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်

 

ကော့ကရိတ် စက်တင်ဘာ

ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယမန်နေ့နံနက် ၇ နာရီခွဲတွင် ပြည်နယ်ပါတီ ကော်မတီဝင် ဦးအောင်မြင့်သိန်း၊ ဦးအောင်သိန်းဝင်း၊ ကော့ကရိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးစောစောရွှေနှင့် ကော့ကရိတ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းဇော်ဇော်လတ်တို့ လိုက်ပါ၍ အမှတ် (၆) ရပ်ကွက်ရှိ မြို့မကျောင်းကြီးဆရာ တော်အား ဖူးမြော်၍ ဝါဆိုသင်္ကန်းနှင့်လှူ ဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ သံယာတော်များအား ဝါဆိုသင်္ကန်းနှင်ပ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

ရန်ကုန် စက်တင်ဘာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်းရှိ ကျောင်းတိုက် ၁၆ ကျောင်းမှ သံယာတော် ၁၆ပါးအား ယမန်နေ့ နံနက် ၁ဝနာရီ တွင် ဆိပ်ကြီး ခနောင်တိုမြို့နယ် ပါတီရုံး၌ဝါဆိုသင်္ကန်းနှင့် နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

Read more

ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး စားသောက်ကုန်ရိက္ခာ ငါးမျိုးထောက်ပံ့

 

မြစ်ကြီးနား စက်တင်ဘာ

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစိုးသိန်းသည် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကချင်ပြည်နယ်ပါတီ ရုံးဝင်းအတွင်း၌ ပြည်နယ်ပါတီရုံး ဦးစီးအဖွဲ့ဝင်များကို စားသောက်ကုန် ရိက္ခာငါးမျိုး ဖြစ်သော ဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်ဥနှင့် ကြက်သွန်နီများ ထောက်ပံ့ပေးအပ်ခဲ့ရာ ပြည်နယ်ပါတီရုံး ဦးစီးအဖွဲ့ဝင် များက အသီးသီးလက်ခံရယူ ခဲ့ကြောင်း သိရသည်။

Read more

မန်စီးတီးကစားသမား ၂ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

တိုက်စစ်မှူး ရီယာ့ဒ်မာရတ်ဇ်နဲ့ နောက်ခံလူ အမရစ်လာပေါ့ထ်တို့မှာ ကိုဗစ်-၁၉ ကူးစက်ခံနေရတယ်လို့ မန်စီးတီးအသင်းဘက်က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

ပရီးမီးယားလိဂ်ရာသီသစ်ကို လာမယ့် စက်တင်ဘာ ၁၂ ရက်မှာ စတင်တော့မှာဖြစ်ပေမဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကစားခဲ့ရတဲ့ ဂွါဒီယိုလာရဲ့အသင်းကတော့ တခြားအသင်းတွေထက်ပိုပြီး အနားရမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဝုဗ်အသင်းနဲ့ စက်တင်ဘာ ၂၁ ရက်မှာ ကစားရမှာပါ။

Read more

အိန္ဒိယက ဘရာဇီးကို ကျော်ပြီး ကမ္ဘာမှာ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာ

အိန္ဒိယနိုင်ငံ၏ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု အရေအတွက်မှာ  ၄ ဒသမ ၂ သန်း ကျော်သို့   ရောက်ရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွင်  ဘရာဇီးနိုင်ငံကို ကျော်၍ ကမ္ဘာ့ဒုတိယနေရာသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း  အင်န်အိတ်ခ်ျကေ သတင်းဌာနက  ယနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါအရေအတွက်သည်  အမေရိကန် ပြည်ထောင်စုပြီးနောက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွင်  ကမ္ဘာ့ဒုတိယအများဆုံး အရေအတွက် လည်းဖြစ်သည်။  အိန္ဒိယသည် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု တွင်လည်း  ခုနစ်သောင်းကျော်ရှိခဲ့ရာ  အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးတို့ ပြီးနောက် ကမ္ဘာ့တတိယနေရာတွင် ရှိနေသည်။

Read more