အီတလီအိုးပင်းပြိုင်ပွဲတွင် ရိုမေးနီးယားတင်းနစ်မယ် ဆိုင်မွန်ဟေးလက် ဗိုလ်စွဲ

အီတလီ အိုးပင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရိုမေးနီးယားတင်းနစ်မယ် ဆိုင်မွန်ဟေးလက်က ချက်တင်းနစ်မယ် ပလစ်ကိုဗာကို အနိုင်ယူပြီး ချန်ပီယံဖြစ်သွားပါတယ်။

စက်တင်ဘာ ၂၁ ရက်က ရောမမြို့မှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ဟေးလက်စ်ဟာ ၆-၀ ၊  ၂-၁ နဲ့ အနိုင်ရနေချိန်မှာ ပြိုင်ဘက် ပလစ်ကိုဗာ ဒဏ်ရာရရှိသွားတာကြောင့် ဆက်လက်ယှဉ်ပြိုင်ရခြင်း မရှိဘဲ အနိုင်ရခဲ့တာပါ။

Read more

COVID-19 ကာကွယ်ဆေး တကမ္ဘာလုံး အသုံးပြုနိုင်ရေး WHO အစီအစဉ် နိုင်ငံပေါင်း ၁၅၀ ကျော် ပါဝင်

COVID-19 ကာကွယ်ဆေးကို ကမ္ဘာတလွှား တန်းတူညီမျှ ဖြန့်ဝေပေးနိုင်ဖို့ လုပ်ဆောင်နေတဲ့ WHO က ဦးဆောင်တဲ့ COVAX အစီအစဉ်မှာ ပါဝင်ဆောင်ရွက်မယ့် နိုင်ငံတွေဟာ အခုဆို ၁၅၀ ကျော်သွားပြီလို့ WHO က တနင်္လာနေ့ ဂျနီဗာသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Read more

ကစားသမားဘဝ ပထမဆုံးမေဂျာဆုဖလားကို ဒီချမ်ဘီယူ ရရှိ

အမေရိကန်အိုးပင်းဂေါက်ရိုက်ပြိုင်ပွဲကို နယူးယောက်ပြည်နယ်၊ မာမာရိုးနက်ခ်မြို့က Winged Foot ဂေါကလပ်မှာ စက်တင်ဘာလ ၁၇ ရက်ကနေ ၂၀ ရက်အထိ ကျင်းပခဲ့ရာမှာ အမေရိကန်နိုင်ငံသား ဘရိုင်ဆန်ဒီချမ်ဘူက ၄ ရက် ပေါင်း လျှော့ရိုက်ချက် ၆ ချက်နဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။

Read more

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီအား ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများပုံပါ အောင်နိုင်ရေး ဆိုင်းဘုတ်တင် အခမ်းအနားများ ကျင်းပ

 

မန္တလေး စက်တင်ဘာ

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား ကိုယ်စားပြု၍ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများပုံပါ အောင်နိုင်ရေး ဆိုင်းဘုတ်တင်မင်္ဂလာ အခမ်းအနားများကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲမှ ၁၁ နာရီခွဲအထိ မြို့နယ်အတွင်းရှိ နေရာသုံးခု၌ကျင်းပ ခဲ့သည်။

Read more

ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လဝါးကျေးရွာလမ်းဆုံ၌ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ် စိုက်ထူ

 

ဖားကန့် စက်တင်ဘာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စီမံဆောင်ရွက် မှုဖြင့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့ နံနက်ပိုင်းက လဝါး ကျေးရွာလမ်းဆုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။


Read more

ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်များ သင်တန်းဖွင့်

 

ဖားကန့် စက်တင်ဘာ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စီမံဦးဆောင်မှုဖြင့် မဲရုံကိုယ်စားလှယ်များ သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ဝါရာဇွပ်ကျေးရွာ၌ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးညွနှ်ကြားချက်များနှင့်အညီ ကန့်သတ်အင်အားဖြင့် ဖွင့်လှစ်ရာ သင်တန်းနည်းပြများအဖြစ် ခရိုင်ပါတီ ကော်မတီဝင် ပြည်သူ့လွတှ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းသိန်းထွန်းနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ၊ ပြည်နယ်လွတှ် တော်ကိုယ်စားလှယ်လောင်း ဦးအင်ဖရောင်းဂမ်တို့က တာဝန်ယူ ရှင်းလင်းပို့ချ ပေးခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်အဖွဲ့မှ နှာခေါင်းစည်းများ လာရောက်လှူဒါန်း

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် Coronavirus Disease 2019 (Covid-19) ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဖွင့်လှစ်ထားသော တိုက်ကြီး (အထက) Quarantine Center သို့ ယမန်နေ့ နံနက် ၁၀ နာရီက တိုက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်အဖွဲ့မှ နှာခေါင်းစည်း ၁၅ ဘူးလာ ရောက်လှူဒါန်းရာ Quarantine Center ကြီးကြပ်ရေးအဖွဲ့ဝင် မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းဟန်က အဆိုပါ လှူဒါန်းမှုကို လက်ခံရယူခဲ့သည်။

Read more

ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအလံ လွှတ်တော်ကိုယ်စားလှယ်များ ဆိုင်းဘုတ်တင်စိုက်ထူ

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းရီသည် ဘောလည်ကျွန်းဒေသ ကျူတောကျေး ရွာလမ်းဆုံတွင် ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ် မင်္ဂလာအချိန်တွင် အောင်သပြေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ ဆိုင်းဘုတ်တင်ခြင်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေး ခဲ့ကြောင်းသိရသည်။ အဆိုပါဆိုင်း ဘုတ်တင်အောင်နိုင်ရေးအလံစိုက် ထူသည့်နေရာသို့ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ကျေးရွာရှိ ပါတီ ဥက္ကဋ္ဌများနှင့်ပါတီဝင်များ လာရောက်ပါဝင်ခဲ့ကြကြောင်း သိရသည်။

Read more

ဒဂုံမြို့သစ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးဆိုင်းဘုတ်များ

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက် ပွဲအောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်များကို ယမန်နေ့နံနက် ၉ နာရီမှစတင်ကာ မြို့နယ်အတွင်းရှိ အချက်အချာကျသည့် နေရာများတွင် စိုက်ထူခဲ့ကြသည်။

Read more

ဂါရတ်ဘေးလ်ကို အငှားနဲ့ ပြန်ခေါ်တဲ့ တော့တင်ဟမ်

စပါးအသင်းသည် ရီးရဲလ် မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်အား အငှားခေါ်ယူမှု အပြီးသတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုချက်ထုတ်ပြန်နိုင်ခဲ့ပြီ ဖြစ်သည်။ ဂါရတ်ဘေးလ်အားခေါ် ယူရန်ပြီးခဲ့သည့် ရက်ပိုင်းကတည်းက ကြိုးစားနေခဲ့ခြင်းဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဘက်မှလည်း သဘောတူညီထားပြီးဖြစ်သော်လည်း လ စာကိစ္စညှိနှိုင်းမှုနှင့် ဆေးစစ်မှု အပြီးသတ်နိုင်ရန် အချိန်စောင့်ခဲ့ရ ခြင်းဖြစ်သည်။

Read more