ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးဆိုင်းဘုတ်များ စိုက်ထူ

 

ကျိုက်ထို၊ အောက်တိုဘာ

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲအောင်နိုင် ရေးဗီနိုင်း ဆိုင်းဘုတ်များကို ယမန်နေ့ နံနက် ၉ နာရီတွင် သိမ်ဇရပ်မြို့ အတွင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Read more

စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေး ဗီနိုင်းစိုက်ထူ

 

စစ်တွေ၊ အောက်တိုဘာ ၁

လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ကြမည့် စစ်တွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ဗီနိုင်းပိုစတာအား စိုက်ထူခဲ့ကြသည်။

Read more

“ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှ မိဘပြည်သူများကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန် ပိုးသတ်ဆေးများ ပက်ဖြန်းလျှက်ရှိ”

 

အောက်တိုဘာ ၂၀၂၀ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်မှုအဖြစ် ရပ်ကွက်အသီးသီးသို့ နေ့စဉ်ပိုးသတ်ဆေးများ ပက်ဖြန်း ပေးလျှက်ရှိရာ ယမန်နေ့တွင် အမှတ် (၂၂) ရပ်ကွက်မှ ရပ်ကွက်အပိုင်ရာအိမ်မှုးများ မိဘပြည်သူများ၏ တောင်းဆိုမှုအရ ကိုရိုနာဗိုင်းရပ် ကူးစက်လူနာများ နေထိုင်ခဲ့ရာလမ်းနှင့် အနီးပတ်ဝန်းကျင် လမ်းများဖြစ်သော မြတ်လေးလမ်းမ၊ မြတ်လေး(၃) (၄) (၅) (၆) (၇) (၈) လမ်းများ ၊ နွယ်နီပတ်လမ်း ၊ ရတနာပုံလမ်းမ တို့ကို ပိုးသတ်ဆေးများပက်ဖြန်းပေးခဲ့ရာ ပါတီဝင်များ အမောပန်းပြေစေရေး သောက်သုံးနိုင်ရန်အတွက် ရပ်ကွက်နေ ပြည်သူများမှ အချိုရည်ဗူးများ နှင့် ရေသန့်ဘူးများပြန်လည်လှုဒါန်းပေးခဲ့ပါသည်။

Read more

ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှ ပိုးတွေ့လူနာအိမ်များသို့ ပိုးသတ်ဆေးများ ပက်ဖြန်းခြင်းနှင့် အခြေခံ စားသောက်ကုန်များ ထောက်ပံ့

 

အောက်တိုဘာ၊ရန်ကုန်

Read more

ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို လီဝမ်ဒေါစကီး ဆွတ်ခူး

ပြီးခဲ့တဲ့ရာသီက ဆုဖလား(၅)လုံး ဆွတ်ခူးခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် (၄၆)ပွဲ ကစားရာမှာ (၅၅)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ဥရောပတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီဟာ လီဝမ်ဒေါစကီးရဲ့ ကစားသမားဘဝတစ်လျှောက်မှာ အကောင်းဆုံးရာသီဖြစ်ခဲ့ပြီး Ballon d’Or ဆု ရမယ်လို့ ထင်ကြေးပေးခံခဲ့ရပေမဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြောင့် တချို့ပြိုင်ပွဲတွေကို ဖျက်သိမ်းခဲ့ရလို့ ၂၀၂၀ ပြည့်နှစ်အတွက် Ballon d’Or ဆု မချီးမြှင့်တာကြောင့် နစ်နာခဲ့ရပါတယ်။

Read more

ချန်ပီယံလိဂ်၌ ဘာစီလိုနာနှင့် ဂျူဗင်တပ် တအုပ်စုတည်း တွေ့ဆုံ

ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲပွဲကို အောက်တိုဘာ ၁ ရက်က ကျင်းပခဲ့ရာမှာ ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့ တအုပ်စုတည်း တွေ့ဆုံခဲ့ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုတို့ ပြန်လည်တွေ့ဆုံ ကြမှာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်ရှိ ရော်နယ်ဒိုက ချန်ပီယံလိဂ်မှာ ဂိုး ၁၃၀ နဲ့ စံချိန်တင်ထားပြီး အသက် ၃၃ နှစ်ရှိ မက်ဆီက ၁၁၅ ဂိုး နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။  

Read more

ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် ကိုယ်စားလှယ်လောင်း ဗီနိုင်းဆိုင်းဘုတ် စိုက်ထူခြင်းသို့ တက်ရောက်

 

ကော့ကရိတ်၊ အောက်တိုဘာ

ပြည်ထောင်စုကြ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်သည် ကော့ကရိတ်မြို့နယ်ရှိ တောင်ဘက်ခြမ်း ကိုယ်စားလှယ်များလိုက်ပါ၍ ယမန်နေ့ နံနက် ၉ နာရီက ကော့ကရိတ် မြို့နယ် တံတားဦးကျေး ရွာတွင်လည်းကောင်း၊ နံနက် ၁၁ နာရီတွင် ကညင်ကတိုက်ကျေးရွာ၊ မွန်းလွဲ ၁၂ နာရီ တွင် ပိုင်ရပ်ကျေးရွာတို့၌ ကိုယ်စားလှယ်လောင်း ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူခြင်းသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read more

Covid-19 ဥပဒေနှင့်အညီ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ မဲဆွယ်စည်းရုံး

 

ညောင်လေးပင်၊ စက်တင်ဘာ ၃၀

ညောင်လေးပင်မြို့နယ် အတွင်းရှိ ကျေးရွာများသို့ ယနေ့မနက် ၈ နာရီချိန်မှ စတင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို ကိုဗစ်-19 ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံး ခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျပန်း၊ အုပ္ပလင်၊ ဇလုပ်ကုန်း၊ ချင်းစု၊ ဇီးဖြူခင်၊ ကြိုးကြာကွင်းများသို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် လက်ကမ်း စာစောင်များဝေငှ၍ စည်းရုံးရေးဆင်းခဲ့ကြသည်။

Read more

ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီမှ Covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

 

ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၂၄) ရပ်ကွက်၊ဇီးကုန်းကျေးရွာအတွင်း Covid-19 ရောဂါကြိုတင် ကာကွယ်နိုင်ရန်အတွက် ပိုးသတ်ဆေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက် ခဲ့ကြပါသည်။ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများအား ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း) ၏ စီစဉ်ပံ့ပိုးပေးမူဖြင့်၊ ရွှေပြည်သာပြည်ခိုင်ဖြိုး ပါတီနာယက ဦးရဲဆွေလှိူင် (ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း)၊ ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင် (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ် အမှတ် ၁)၊ မြောက်ပိုင်းခရိုင် ကော်မတီဝင် ဒေါ်ချမ်းမြအေး (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ် ၂၊ တို့နှင့် မြို့နယ်ကော်မတီဝင်များ အမှတ် (၂၄) ရပ်ကွက် ပါတီကော်မတီဝင်များနှင့်အတူ ရပ်ကွက်နေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မူ့ လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပါသည်။ဘိုတေ(ရွှေပြည်သာ)

Read more

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီက မြို့နယ်အတွင်း သီလရှင်စာသင်တိုက်များအား အခြေခံ စားသောက်ကုန်လေးမျိုး လှူဒါန်း

 

ရန်ကုန် အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက စက်တင်ဘာ ၃ဝ ရက် နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ သီလရှင်စာသင်တိုက် လေးတိုက်အား အခြေခံစားသောက်ကုန် လေးမျိုးကို ကိုဗစ်ကာလအတွင်း ဆွမ်းဝေယျာဝစ္စ အဆင်ပြေနိုင်စေရန် သွားရောက် လှူဒါန်းခဲ့ကြသည်။

Read more