ပွင့်ဖြူမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပွင့်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများနှင့် မိတ်ဆက်တွေ့ဆုံ

 

ပွင့်ဖြူ၊ အောက်တိုဘာ ၆

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီအုပ်စု၊ အင်းကုန်း (အနောက်) ကျေးရွာနှင့် ထူးပေါက်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ပွင့်ဖြူမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်မည့် လွှတ်တော် ကိုယ်စား လှယ်လောင်းများဖြစ်သည့် တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ မောင်မောင်ဌေး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သူဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော် ခိုင်ဦးတို့ မိတ်ဆက်တွေ့ဆုံပွဲအား ယမန္ေန ့နံနက် ၁၁ : ၃၀ အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

Read more

တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကံပေးကြီးကျေးရွာအုပ်စုမှ ပြည်သူများနှင့် တွေ့ဆုံ

 

တောင်တွင်းကြီး၊ အောက်တိုဘာ

တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းဝင်း၊ တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောဝင်းမောင်နှင့် ချင်းတိုင်းရင်းသား ကိုယ်စားလှယ်  ဦးသန်းဌေး (ခ) ဦးဂါပီတို့သည် ကန်ပေးကြီးကျေးရွာအုပ်စုမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ စည်းရုံးဟောပြောခြင်းများ ​ဆောင်ရွက်ခဲ့သည်။

Read more

နိုင်ငံ့စီးပွားတိုးတက်လာစေရေး ရက် ၈၀ စီမံချက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ချမှတ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက်  နိုင်ငံတစ်ဝန်းစီးပွားရေးမြှင့်တင်မှု စီမံချက်ကို  အကောင်အထည်ဖော်ပြီး  တိုးတက်မှုများကို  ဇန်နဝါရီလ တွင် ကျင်းပမည့်  ပါတီညီလာခံအမီ  မြင်တွေ့လိုသည်ဟု  ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပိုင်မီဒီယာတွင် ဖော်ပြသည်။

မြောက်ကိုရီးယားအနေဖြင့် နျူကလီးယား စီမံကိန်းနှင့်  တာဝေးပစ် ဒုံးကျည်ထုတ်လုပ်ရေး အရှိန်မြှင့်တင် ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သဖြင့်    နိုင်ငံတကာမှ    စီးပွားရေးပိတ်ဆို့မှုများခံခဲ့ရကာ   နိုင်ငံ့ စီးပွားရေး ကျဆင်းလာသလို  ကိုဗစ်-၁၉   ရောဂါဖြစ်ပွားမှုနှင့်အတူ ရေကြီးရေလျှံမှုကြောင့်  စီးပွားရေးပိုမိုကျဆင်း လာသည့် အတွက် ယခုဆုံးဖြတ်ချက်ကို  ပါတီ အစည်းအဝေးအတွင်း ချမှတ်ခဲ့ခြင်းဖြစ်သည်။

Read more

စိန်ခေါ်သူဒီရစ်ဒါနဲ့ အောက်တိုဘာ ၃၀ မှာ ထိုးသတ်သွားတော့မယ့် အောင်လအန်ဆန်

ONE ဝိတ်တန်းနှစ်ခုချန်ပီယံ မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကို အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ ONE Championship သည် အောက်တိုဘာ ၃၀ ရက်တွင် Inside The Matrix အမည်ဖြင့် ကျင်းပမည့်ပြိုင်ပွဲတွင် ပါဝင်မည့် ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ လေးပွဲကို ထုတ်ပြန်ခဲ့ရာ အောင်လအန်ဆန်၏ တွဲဆိုင်းလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

Read more

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ COVID -19 ရောဂါ ကာကွယ်တားဆီး တိုက်ဖျက်ကုသရေးတာဝန် ထမ်းဆောင်နေသော ဆေးရုံ၊ဆေးတပ်ရင်းများအတွက် ငွေကျပ်သိန်း (၅၀၀) တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ လှူဒါန်း

 

မင်္ဂလာဒုံ အောက်တိုဘာ

ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ COVID -19 ရောဂါ ကာကွယ်တားဆီး တိုက်ဖျက်ကုသရေးတာဝန် ထမ်းဆောင်နေသော ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဆေးရုံဆေးတပ်ရင်းများအတွက် အလှူငွေ ကျပ်သိန်း (၅၀၀) တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၁၀:၃၀) အချိန်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ် (၁) တပ်မတော်ဆေးရုံကြီး ကုတင်(၁၀၀၀) ခန်းမ တွင်ကျင်းပခဲ့သည်။

Read more

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအောင်နိုင်ရေး ဗီနိုင်းပိုးစတာများ စိုက်ထူ

 

မိုးကောင်း။ အောက်တိုဘာ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီအောင်နိုင်ရေး ဗီနိုင်းပိုစတာ ဆိုင်းဘုတ်ကို ယမန်နေ့ နံနက်ပိုင်းက မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာအုပ်စု မန်ရွက်ကျေးရွာ မီးသွေးကုန်း ကျေးရွာ ရှစ်မိုင်ရွာကဝါးယံ မြို့ဟောင်းများကို ပါတီအောင်နိုင်ရေး ဗီနိုင်းပိုစတာများကို လွှတ်တော်ကိုယ်စားလှယ် လောင်းများမှ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်ကို အောင်သပြေ အမွေးနံ့သာများ ပက်ဖျန်း၍ အောင်မြင်စွာ စိုက်ထူခဲ့ကြောင်း သတင်းရရှိ ပါသည်။

Read more

မိုးကောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဌေးကုန်းကျေးရွာ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူ

 

မိုးကောင်း အောက်တိုဘာ  ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဌေးကုန်းကျေးရွာ ယမန်နေ့ နံနက် ၉ နာရီ အချိန်က  ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်ကို အောင်သပြေ အမွေး နံ့သာများ ပက်ဖျန်း၍ အောင်မြင်စွာ စိုက်ထူ ခဲ့ကြကြောင်း သတင်းရရှိသည်။ ကိုစိုး (မိုးကောင်း)


Read more

ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်သူများ၏ စုပေါင်းလှုဒါန်းမှု တစ်ခုအဖြစ် မြို့နယ်အတွင်း ဘုန်းတော်ကြီး ကျောင်းတိုက်များ ဆက်လက်လှုဒါန်း”

 

Read more

မြိတ်မြို့ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး ဗွီနှိုင်းပိုစတာများ စိုက်ထူ

 

မြိတ်၊ အောက်တိုဘာ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအဖွဲ့မှ အောက်တိုဘာ  ၅ ရက်တွင် မြိတ်မြို့နယ် ကဟန်းကျေးရွာအုပ်စု၊ စလွန်းကျေးရွာအုပ်စု၊ မင်းသန်းကျေးရွာအုပ်စုတို့၌ ပါတီအောင်နိုင်ရေး ကိုယ်စားလှယ်လောင်း ဗွီနှိုင်းဆိုင်းဘုတ်များကို စိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။  ထိုသို့ ဆောင်ရွက်ရာတွင် ပါတီအောင်နိုင်ရေးအဖွဲ့ဝင်များနှင့်အတူ ပြည်ခိုင်ဖြိုးပါတီ လွတ်တော်ကိုယ်စားလှယ်လောင်း ဦးမိုး​မြင့်၊ ဦးဇော်လှိုင်ဝင်းနှင့် ဦးကျော်ကျော်ဦးနှင့်အတူ ရပ်ကွက်နှင့်ကျေးရွာ ပါတီခေါင်းဆောင်များနှင့် ပါတီ ဝန်းရံသူများက ကျန်းမာရေးဌာန သတ်မှတ်ချက်နှင့်အညီ လိုက်ပါဆောင် ရွက်ခဲ့ကြပြီး လွတ်တော်ကိုယ်စားလှယ် လောင်းများက ဆိုင်းဘုတ်အား အမွေးနံ့သာရေများဖြင့် ပစ်ဖျန်းခြင်းတို့ကို ဆောင်ရွက်​ပေးခဲ့ကြကြောင်း သိရှိ ရသည်။  ပြည်ခိုင်ဖြိုးပါတီ (မြိတ်)

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းအား ကြိုဆို

 

ဝေါ အောက်တိုဘာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ဝေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှသိန်းကို မဲဆန္ဒရှင်ပြည်သူများထံသို့ သွားရောက်တွေ့ဆုံစဉ် ဝေါမြို့နယ် ရှမ်းကိုင်းကျေးရွာမှ ကျေးလက်နေပြည်သူများနှင့် ပါတီဝန်းရံသူများက လှိုက်လှဲစွာ ကြိုဆိုကြကြောင်း သိရသည်။


Read more