ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ covid ရောဂါကာကွယ်ရေးအတွက် အလှူငွေများလှူဒါန်း

ဇူလိုင် ၅၊ ကန်ကြီးထောင့်

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရေးမှူး ဦးသန်ထွန်းနှင့် ကော်မတီဝင်များသည် ဇူလိုင်လ ၅ရက် နေ့လည် ၂နာရီအချိန်တွင် တကုန်းကြီးရွာတွင် ဖွင့်လှစ်ထားသော ကိုဗစ်ရောဂါကြီးကြပ်ထိန်းချုပ်ရေး နှင့် ကုသရေးကော်မတီရုံးသို့သွားရောက်ပြီး လိုအပ်သော ကာကွယ်ရေး ကုသရေးပစ္စည်းများ ဝယ်ယူနိုင်ရန် အလှူငွေ တစ်သိန်းကျပ်အား ပေးလှူခဲ့မှုအား ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဒေါ်သက်မာမြင့်နှင့် ကိုဗစ်ကြီးကြပ်ကုသရေး ကော်မတီဝင်များက လက်ခံခဲ့ကြောင်း သတင်းရရှိပါသည်။

Read more

မင်းလှမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပိုးသတ်ဆေးဖြန်းခြင်းများပြုလုပ်

ဇူလိုင် ၄၊ မင်းလှ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင် ဦးမျိုးဇော်ဝင်း ဦးဆောင်၍ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းတွင်ဘွတ်စိန်ပုကျေးရွာအုပ်စု အ.မ.က (ဘွတ်စိန်ပု)နှင့် မူလွန် (သင်္ဃန်းချောင်း) ကျောင်းများနှင့် မဟာမြိုင်ဘုန်းတော်ကြီးကျောင်း(ကျောက်တံခါးအောက်ကျောင်း) တို့၌ COVID (19) ရောဂါမဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းအား ဆောင်ရွက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Read more

မင်းလှမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပိုးသတ်ဆေးဖြန်းခြင်းများပြုလုပ်

ဇူလိုင် ၃၊ မင်းလှ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင် ဦးကျော်လွင်ဦး ဦးဆောင်၍ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် စိန်ပုကျေးရွာအုပ်စု စိန်ပုရွာ အလယ်တန်းကျာင်းနှင့် ရွာသစ်ကျေးရွာ ဇေယျာဓိပတိ ဘုန်းတော်ကြီးကျောင်းတို့တွင် COVID (19) ရောဂါမဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းအား ဆောင်ရွက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးနှင့် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များ အရံပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး ပါတီ၏ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ နိုင်ငံအတွင်းဖြစ်ပေါ်နေသော လတ်တလောအခြေအနေများနှင့်ပတ်သက်ပြီး အားပေးစကားများပြောကြားကာ မြို့နယ်ကော်မတီဝင်များမှ လက်ရှိကြုံတွေ့နေရသောအခြေအနေများအား ပြန်လည်တင်ပြခဲ့မှုများအား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Read more

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဗဟိုအလှုပ်မှုဆောင် မကွေးတိုင်းဒေသကြီးပါတီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေးနှင့်အတူ မကွေးမြို့နယ် ရပ်ကျေးပါတီဥက္ကဌများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဗဟိုအလှုပ်မှုဆောင် မကွေးတိုင်းဒေသကြီးပါတီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေးနှင့်အတူ ယနေ့ ၁၀ နာရီ အချိန်က တိုင်းဒေသကြီးပါတီအစည်းအဝေးခန်းမ၌ မကွေးမြို့နယ်ပါတီဥက္ကဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများနှင့် တွေ့ဆုံခဲ့ကြပါသည်။

Read more

ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ပါတီရုံးသို့ သွားရောက်ကာ ပါတီရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့် တွေ့ဆုံပြီး ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးကိစ္စများ ၊ နိုင်ငံတွင်းလတ်တလောဖြစ်ပေါ်နေသော အခြေအနေများ၊ ပါတီ၏ ​ရှေ့လုပ်ငန်းစဉ်များအား တွေဆုံဆွေးနွေးခဲ့ပါသည်။

ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်တွေ့ဆုံဆွေးနွေးပွဲသို့ ဗဟိုအလုပ်မှူဆောင် မကွေးတိုင်းဒေသကြီးပါတီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်သည့် ဦးဟန်မောင်၊ ဦးကျော်သူဦး၊ ဦးစောဝင်းမောင်၊ ဦးအောင်နိုင်၊ ဦးသန်းဝင်းတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(more…)


Read more

ဇလွန်မြို့ ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်၊ ရပ်/ကျေး အစည်းအဝေးကျင်းပပြုလုပ်

 

 

 

၃၀-၆-၂၀၂၁ ရက် နေ့လည် ၁ နာရီအချိန်တွင် ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးကော်မတီဝင်များ တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ​ရှေ့ဆက်ဆောင်ရွက်ရမည့် ပါတီ၏အဓိကလုပ်ငန်းများဖြစ်သည့် အင်အားတိုးပွားစေရေး ၊ တိုက်နယ်အလိုက် စုဖွဲနိုင်ရေးစသော ကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။

Read more

မြောင်းမြမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဆေးရုံတက်ရောက်ကုသမှုခံယူနေရသော ရပ်ကျေးပါတီဥက္ကဋ္ဌအား ကူညီထောက်ပံ့

၂၈.၆.၂၀၂၁ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင် ဦးဟန်ချစ်သည် ဆေးရုံတွင် ဆေးကုသမှုတက်ရောက်ခံယူနေသာ ပြင်ရွာတိုက်နယ် ကျားကွင်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမြင့်သိန်းထံသို့သွားရောက်ပြီး အားပေးစကားများပြောကြားကာ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Read more

ဓနုဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဆေးရုံတက်ရောက်ကုသမှုခံယူနေရသော ရပ်ကျေးပါတီဥက္ကဋ္ဌအား ကူညီထောက်ပံ့

၂၈.၆.၂၀၂၁ရက်နေ့ နံနက်(၁၀:၄၅)နာရီအချိန်တွင် ဓနုဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကျန်းမာရေးမကောင်းသဖြင့် ဆေးကုသမှုခံယူမည့် ပါတီဝင် ဦးခင်မောင်ဦး ထံသို့သွားရောက်ပြီး အားပေးစကားများပြောကြားကာ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Read more

ဇေယျာသီရိမြို့နယ် ခေတ်အေးအုပ်စုမှ ပါတီဝင်များနှင့် တွေ့ဆုံ

 

ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ဥက္ကဌ ဦးနိုင်ဦးသည် ၂၈-၆-၂၀၂၁ ရက်နေ့တွင် ခေတ်အေးအုပ်စု ပါတီဝင်များနှင့် တွေ့ဆုံ၍
နယ်မြေအခြေအနေများနှင့် ပန်းခင်းစီမံချက် တွင် မိမိပါတီအဖွဲ့များမှ ကျေးရွာနေ ပြည်သူများ၏လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်တိုင်ပင်ဆွေးနွေးကြသည်။


Read more