မေဝယ်သာနှင့် ယခုနှစ်အတွင်း မကျေပွဲထိုးသတ်ရန် ပက်ကီယောင်းဆန္ဒရှိနေပြီး သရုပ်ပြပွဲသာ ဖြစ်လိမ့်မည်ဟု မန်နေဂျာ ဖြစ်သူ ဖွင့်ဟ

ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော် ပက်ကီယောင်းသည် မဟာပြိုင်ဘက် ဖလွိုက်မေဝယ်သာနှင့် ယခုနှစ်အတွင်း မကျေပွဲထိုးသတ်သွားရန် ဆန္ဒရှိနေကြောင်း သူ၏မန်နေဂျာဖြစ်သူ ရှောင်ဂစ်ဘွန်းစ်က ပြောကြားခဲ့သည်။

သို့သော် လက်ဝှေ့ကစားသမား နှစ်ဦးစလုံးမှာ အနားယူထားပြီးဖြစ်သောကြောင့် သရုပ်ပြပွဲအဖြစ်သာ ထိုးသတ်နိုင်မည်ဟု MP Promotions ၏အကြီးအကဲဖြစ်သူ ဂစ်ဘွန်းစ်က ဝန်ခံခဲ့သည်။ ပက်ကီယောင်းနှင့် မေဝယ်သာသည် ၂၀၁၅ ခုနှစ်က လက်စ်ဗီးဂတ်စ်မြို့ရှိ MGM Grand တွင် ထိုးသတ်ခဲ့ပြီး မေဝယ်သာက အငြင်းပွားဖွယ်မရှိ အမှတ်ဖြင့်အနိုင်ယူကာ ရာစုနှစ်၏အကြီးကျယ်ဆုံး လက်ဝှေ့ပွဲ (Fight of the Centure)အဖြစ် တင်စားခြင်းခံခဲ့ရသည်။

Read more

ယူကရိန်းအတွက် ရန်ပုံငွေသစ် တစ်ဘီလီယံခွဲကို ကမ္ဘာ့ဘဏ်အတည်ပြု

အစိုးရအဖွဲ့နဲ့လူမူရေးဝန်ထမ်းတွေရဲ့ လစာတွေပေးအပ်နိုင်ဖို့ ယူကရိန်းအတွက် နောက်ထပ်ကန်ဒေါ်လာ  ၁ ဒသမ ၄၉ ဘီလီယံကို ကမ္ဘာ့ဘဏ်ရဲ့အမှုဆောင်ဘုတ်အဖွဲ့က အတည်ပြုပေးခဲ့ပြီး စုစုပေါင်းအကူအညီ ကန်ဒေါ်လာ လေးဘီလီယံကျော်ရှိလာခဲ့ပါတယ်။

ဗြိတိန်၊ နယ်သာလန်၊ လစ်သူယေးနီးယားနဲ့ လတ်ဗီးယားတို့ထံမှ ဘဏ္ဏာရေးအာမခံချက်များရရှိခဲ့ပြီးနောက် ယူကရိန်းအတွက် အကူအညီကိုအတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ချက်က ဖော်ပြခဲ့ပါတယ်။ အီတလီနဲ့ အခြားအလှူရှင်အများအပြားပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကလည်း အားပေး ထောက်ခံခဲ့ကြောင်း ကမ္ဘာ့ဘဏ်ကပြောပါတယ်။

Read more

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဧပြီ လကုန်ပိုင်းမှစတင်၍ မြန်မာအလုပ်သမား ၉၀၀ နီးပါးခန့် ရောက်ရှိလာပြီးဖြစ်

တောင်ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် မြန် မာအလုပ်သမား ၈၈၀ ဦးသည် ဧပြီ ၂၈ ရက်မှ ဇွန် ၇ ရက်အတွင်း ရောက်ရှိလာခဲ့ပြီးဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တောင်ကိုရီးယားနိုင်ငံအစိုးရမှ နိုင်ငံအတွင်း ကိုဗစ်(၁၉)ရောဂါပြန့်ပွားခြင်းအား ကာကွယ်ထိန်း ချုပ်နိုင်ရန် ၂၀၂၀ ပြည့်နှစ်၊ဇွန် ၁ ရက်မှစတင်၍ ပြည်ဝင်ခွင့်အား ပိတ်ပင်ထားခဲ့သည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၈) ဦး တွေ့ရှိ

(၇-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၈-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၄၈၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၈) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၅) ရာခိုင်နှုန်း ရှိပါသည်။

Read more

လက်ရွေးစင်ပွဲ(၁၀၀)ပြည့်တွင် အသင်းခေါင်းဆောင် ဆွန်ဟောင်မင် ဖရီးကစ်မှ ဂိုးသွင်းယူ

စပါးအသင်းမှတောင်ကိုရီးယားတိုက်စစ်ကစားသမားဆွန်ဟောင်မင်သည် တနင်္လာနေ့ကချီလီအသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် လက်ရွေးစင် ကစားသမားဘဝ ပွဲ(၁၀၀)ပြည့်ခဲ့ပြီး အဆိုပါရာပြည့်ပွဲ၌ ဖရီးကစ်မှ ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

ဆွန်ဟောင်မင်သည်တောင်ကိုရီးယားလက်ရွေးစင်အဖြစ် ၂၀၁၀ ခုနှစ်တွင် စတင်ရွေးချယ်ခံခဲ့ရပြီး (၁၂)နှစ်အကြာ၌ ပွဲ(၁၀၀)ပြည့် မြောက်ခဲ့ ခြင်းဖြစ်သည်။လက်ရှိအချိန်၌ တောင်ကိုရီးယားလက်ရွေးစင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေရပြီဖြစ်သည့်ဆွန်ဟောင်မင်သည် အသင်း အတွက် ပွဲ(၁၀၀)ပြည့်ကစားနိုင်သည့် (၁၆)ဦးမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ထို့ပြင် မကြာမီ ပွဲအများဆုံးကစားသမား (၁၀)ဦးစာရင်းထဲ ပါဝင်လာရန် နီးစပ်နေပြီဖြစ်သည်။

Read more

မျောက်ကျောက်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၇၈၀ ဦးရှိဟု WHO ထုတ်ပြန်

ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ကူးစက်နိုင်မှုနှုန်းအဆင့်ကိုအသင့်အတင့်အခြေအနေဖြင့် ဆက်လက်ထိန်းသိမ်းထားစဥ ်ယင်းရောဂါကူးစက်ဖြစ်ပွားလေ့မရှိသော နိုင်ငံပေါင်း ၂၇ နိုင်ငံမှ မျောက်ကျောက်ရောဂါ ဖြစ်ပွားသူဓာတ်ခွဲအတည်ပြုလူနာ ၇၈ဝဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇွန် ၅ ရက်တွင် ပြောကြားခဲ့သည်။

မေ၁၃ရက်မှဇွန်၂ရက်နေ့အထိယင်းရောဂါဖြစ်ပွားသူအရေအတွက်၇၈၀သည်အကန့်အသတ်ရှိသောကူးစက်ရောဂါဆိုင်ရာနှင့်ဓာတ်ခွဲခန်းအချက်အလက်များကြောင့် လျှော့တွက်ချက်မှု ဖြစ်နိုင်ဖွယ်ရှိသည်ဟု WHO က ပြောကြားခဲ့သည်။

Read more

ငြိမ်းခ်မ်းရေး ဆြေးနြေးရေးအဖြဲ့နွင့် NDAA (မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ္စားလွယ်အဖြဲ့တို့ တြေ့ဆုံဆြေးနြေး

 နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အမျိးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် ထားသည်။

ဇွန် ၅ ရက်က နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အမျိးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးစန်းပေ့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် နေပြည်တော်ရှိ အမျိးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်း မတွင် ပထမနေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Read more

ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ဖြစ်ပွားသူ ၇၀၀ ကျော် ရှိလာဟု အမေရိကန် CDC ထုတ်ပြန်

ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ဖြစ်ပွားသူ ၇၀၀ ကျော် ရှိနေပြီး ၎င်းတို့အနက် မှ ၂၁ ဦးသည် အမေရိကန် ပြည်ထောင်စုမှ ဖြစ်ကြောင်း အမေရိကန် ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန CDC က ထုတ်ပြန်ခဲ့ သည်။ အဆိုပါ ရောဂါသည် အမေရိကန် နိုင်ငံ၌ ကူးစက်ပျံ့နှံ့လာနေကြောင်းလည်း လေ့လာမှုများအရ သိရှိရကြောင်း CDC က ဆိုသည်။

Read more