ဆေးခြောက်စိုက်ပျိုးထုတ်လုပ်ခွင့်ရရှိတဲ့ ပထမဆုံးအာရှနိုင်ငံဖြစ်လာတဲ့ ထိုင်းနိုင်ငံ

လွန်ခဲ့တဲ့သီတင်းပတ်ကစပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ ဆေးခြောက်စိုက်ပျိုးထုတ်လုပ်မှုကို တရားဝင်ခွင့်ပြု ပေးလိုက်ပြီဖြစ်ပါတယ်။ ဆေးခြောက်မျိုးစေ့တစ်သန်းခန့်ကို ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွန်မှုနဲ့ စိုက်ပျိုးသွားမယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ တကယ့်ကိုကြီးမားတဲ့ အလှည့်အပြောင်းတစ်ရပ်ပါပဲ။

ထိုင်းနိုင်ငံရဲ့ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့ဟာ ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းကနေ ပယ်ဖျက်လိုက်ပြီး ဆေးဝါးနဲ့စက်မှုကုန်ကြမ်းသီးနှံအဖြစ် သတ်မှတ်ပေးလိုက်တာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးထုတ်လုပ်ခွင့်ရရှိတယ်ဆိုပေမယ့် အပန်းဖြေရည်ရွယ်ချက်နဲ့ အသုံးပြုတာမျိုးကတော့ ထိုင်းအာဏာပိုင် တွေက ခွင့်ပြုမထားကြောင်းလည်း သိရပါတယ်။ ကမ္ဘာပေါ်မှာ ဆေးခြောက်ကို တရားဝင်စိုက်ပျိုးထုတ်လုပ်ခွင့် ပေးထားတဲ့ နိုင်ငံတော်တော်များများရှိပေမယ့် အပန်းဖြေရည်ရွယ်ချက်နဲ့ လွတ်လပ်စွာရှူရှိုက်သောက်သုံးခွင့် ပေးထားတာက ဥရုဂွေးနဲ့ ကနေဒါနိုင်ငံတို့ပဲရှိပါသေးတယ်။

Read more

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၄ မျိုးစာ ရင်းအား ကျန်းမာရေးဝန်ကြီးဌာန အသိပေးထုတ်ပြန်

နစက ၏ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြည်တွင်း၌ ရောင်းချ နေသည့် အလှကုန်များအား စစ်ဆေးပြီးနောက် အလှကုန်ပစ္စည်း ၄ မျိုးသည် သုံး စွဲရန်မသင့်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ဒုတိယနေ့ ကျင်းပ

ဇွန် ၉၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပခဲ့ပါသည်။

ဆဋ္ဌမအကြိမ်ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ဒုတိယနေ့အား နံနက်ပိုင်းအခမ်းအနားအစီအစဉ်(၉)ရပ်၊ မွန်းလွဲပိုင်းအခမ်းအနားအစီအစဉ် (၁၀)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် အစည်းအဝေးအား ကြွေးကြော်သံများ ဟစ်ကြွေး၍ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ပါသည်။

Read more

ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး (၂၀၂၂) တက်ရောက်ကြသည့် ဗဟိုကော်မတီဝင်များမှ အကြမ်းဖက်သမားများ၏ ရန်မှ တိမ်းရှောင်ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား

ဇွန် ၉၊ နေပြည်တော်

ဆဋ္ဌမကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး (၂၀၂၂) သို့ တက်ရောက်လာကြသည့် ပါတီဗဟိုကော်မတီဝင်များမှ အကြမ်းဖက်သမားများ၏ရန်မှ တိမ်းရှောင်နေရသော ပါတီဝင်များ ၊ ပါတီဝန်းရံသူများနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားအား  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ သင်တန်းကျောင်း ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။

Read more

IAEA ရဲ့ စောင့်ကြည့်ရေးကင်မရာများကို အီရန်ဖြုတ်သိမ်း

ယူရေနီယံအသုံးပြုမှုတွေနဲ့ နျူကလီးယားစမ်းသပ်မှုတွေကို အီရန်နိုင်ငံတွင်းမှာ  မူမမှန်တဲ့အနေအထားနဲ့ တွေ့မြင်နေရကြောင်း နိုင်ငံတကာအဏုမြူအေဂျင်စီ IAEA က ဝေဖန်ပြစ်တင်ခဲ့ပြီးနောက် အီရန်အစိုးရဟာ IAEA က တပ်ဆင်ထားတဲ့ စောင့်ကြည့်ကင်မရာတွေကို ဖြုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အီရန်နိုင်ငံအတွင်း သတ်မှတ်ကြေညာထားခြင်းမရှိတဲ့နေရာတွေမှာ ယူရေနီယံအသုံးပြုမှု ရှိနေကြောင်း၊ အီရန်အာဏာပိုင်တွေအနေနဲ့ မူလသဘောထားတဲ့အတိုင်း ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း IAEA ဘက်က အပြစ်တင်ခဲ့ပါတယ်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၀) ဦး တွေ့ရှိ

(၈-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၅၁၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၀) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၈) ရာခိုင်နှုန်း ရှိပါသည်။

Read more

၂၉ နိုင်ငံ၌ ကူးစက်ခံရသူ ၁,၀၀၀ ကျော်ရှိလာချိန်တွင် မျောက်ကျောက်ကူးစက်ရောဂါအန္တရာယ် အမှန်တကယ် ဖြစ်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတိပေး

မျောက်ကျောက်ကူးစက်ရောဂါဖြစ်ပွားခြင်းမရှိသော နိုင်ငံများ၌ ခိုင်ခိုင်မာမာဖြစ်လာသော မျောက်ကျောက် အန္တရာယ်သည်  အမှန်တကယ်ဖြစ်လာခြင်းဖြစ်၍ ယခုအခါ အဆိုပါနိုင်ငံများတွင် အတည်ပြုလူနာ တစ်ထောင်ကျော်ရှိနေသည်ဟု ဇွန်လ ၈ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးခဲ့သည်။

ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ဖြစ်သော WHO အနေဖြင့် မျောက်ကျောက်ဗိုင်းရပ်စ်အတွက် လူအများအပြား ကာကွယ်ဆေးထိုးနှံခြင်းကို အကြံပြုထားခြင်းမရှိဟု WHO အကြီးအကဲ တက်ဒရိုအက်ဟာ နွန်ဂျီဘရီးဆက်က ထုတ်ဖော်ပြောကြားခဲ့သည်။ မျောက်ကျောက်ကူးစက်ရောဂါကြောင့် ယခုထိ သေဆုံးသူမရှိသေးဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ကျင်းပ

ဇွန် ၈၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် စတင်ကျင်းပခဲ့ပါသည်။

အခမ်းအနားအားနိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက်သမားများကြောင့် ကျဆုံးကွယ်လွန်သွားခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများကို သတိရအောက်မေ့ခြင်းအနေဖြင့်     ၂ မိနစ် ငြိမ်သက်ခြင်းတို့အားဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

Read more