တစ်ကမ္ဘာလုံးမှာ နျူးကလီးယားလက်နက်တွေများလာလိမ့်မယ်လို့ ပညာရှင်အဖွဲ့ ပြောကြား

စစ်အေးခေတ်နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ တစ်ကမ္ဘာလုံးမှာ နျူးကလီးယားလက်နက်တွေ တိုးတက်များပြား လာနိုင်ကြောင်းနဲ့ နျူလက်နက်တွေ အသုံးပြုနိုင်တဲ့အန္တရာယ်လည်း ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးဖြစ်နေကြောင်း ပဋိပက္ခနဲ့လက်နက်တပ်ဆင်ရေးကို စောင့်ကြည်လေ့လာနေတဲ့ ပညာရှင်အဖွဲ့ တစ်ဖွဲ့ကပြောပါတယ်။

ရုရှားက ယူကရိန်းကိုကျူးကျော်တာနဲ့ အနောက်တိုင်းက ယူကရိန်းကိုထောက်ခံနေတာတွေက ကမ္ဘာ့နျူးကလီးယားအင်အားကြီးနိုင်ငံ ကိုးနိုင်ငံကြားက တင်းမာမှုတွေကို မြင့်တက်လာစေခဲ့တယ်လို့ စတော့ဟုမ်းမြို့ အခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအဖွဲ့ (SIPRI) ရဲ့စာတမ်းသစ်မှာ ဖော်ပြထားပါတယ်။

Read more

မန်စီးတီးမှာ မိမိဘဝတစ်လျှောက်လုံး အားပေးခဲ့သည့်အသင်းဟု ဟော်လန်း ဆို

မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ အပြောင်းအရွှေ့စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်သည့် နော်ဝေတိုက်စစ်မှူး ဟော်လန်းက မန်စီးတီးအသင်းမှာ မိမိဘဝတစ်လျှောက်လုံး အားပေးခဲ့သည့်အသင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဟော်လန်းကို ဒေါ့မွန်အသင်းထံမှ လျော်ကြေးစာချုပ်ပေါင် (၅၁)သန်းဖြင့် ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်ပြီး တနင်္လာနေ့က တရားဝင်စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ဇူ လိုင်(၁)ရက်တွင် စတင်လက်တွဲမည်ဖြစ်သည်။

Read more

ဘင်ဖီကာတိုက်စစ်မှူး နူနက်ဇ်ကို လီဗာပူးခေါ်ယူ

 

တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ကနဦးပေးချေမှု ယူရို ၇၅ သန်းနဲ့ရောင်းချဖို့ကို လီဗာပူးနဲ့သဘောတူညီမှုရပြီလို့ ဘင်ဖီကာအသင်းကကြေညာခဲ့ပါတယ်။

ထပ်ဆောင်းကြေး ယူရိုသန်း ၂၀ လည်းပါဝင်တဲ့ သဘောတူညီမှုက နူနက်ဇ်တစ်ယောက် လီဗာပူးနဲ့ အလုပ်ခန့်အပ်ကြောင်း စာချုပ်လက်မှတ်ထိုးမှ အတည်ဖြစ်မယ်လို့ ဘင်ဖီကာ ထုတ်ပြန်ချက်က ဆက်လက်ဖော်ပြပါတယ်။

Read more

Squid Game ဒုတိယရာသီကို Netflix ကြေညာ

တစ်ကမ္ဘာလုံးမှာ လူကြိုက်များခဲ့တဲ့ Squid Game ကိုရီးယားဒရာမာကို ဒုတိယရာသီမှာ ထပ်မံထုတ်လွှင့်မယ့် အကြောင်းကို အွန်လိုင်းရုပ်ရှင်လုပ်ငန်း Netflix ကကြေညာခဲ့ပြီး ဒုတိယရာသီမှာ ဘာတွေပါဝင်လာနိုင်သလဲ ဆိုတာကို သဲလွန်စတွေပေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက ထုတ်လွှင့်ပြီးတဲ့နောက်မှာ Squid Game က Netflix ပေါ်မှာ လူကြည့်အများဆုံး အစီအစဉ်ဖြစ်လာခဲ့ပါတယ်။ အဲဒီဇာတ်လမ်းက ငွေကြေးလိုအပ်နေတဲ့ပါဝင်သူတွေက ဘဝပြောင်းသွားစေမယ့် ငွေကြေးအတွက် ကလေးဘဝဂိမ်းတွေကစားကြတာကို ပြောပြတာဖြစ်ပြီး လူကြိုက်များပါတယ်။

Read more

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပါတီဝင်ကြေးနှင့် ပါတီနှစ်စဉ်ကြေးစုပေါင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ မြို့ပါတီရုံးခန်းမ၌  ၁၂.၆.၂၀၂၂ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပါတီဝင်ကြေးနှင့် ပါတီနှစ်စဉ်ကြေးစုပေါင်းပေးအပ်ပွဲအခမ်းအနားကို နိုင်ငံတော်အလံအလေးပြုပြီး နိုင်ငံတော်သီချင်း သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။

‌အဆိုပါအခမ်းအနားတွင်အကြမ်းဖက်သမားများကြောင့် သေဆုံးရသော ပြည်ခိုင်ဖြိုး ပါတီဝင် (၁၆၀၀)ကျော်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် တစ်မိနစ်ငြိမ်သက်စွာနေကြပါသည်။ သဘာပတိ တိုင်းပါတီအတွင်းရေးမှူး ဒေါ်ခင်စောမူက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုသိမ်ခရိုင်ဥက္ကဌ ဦးစိုးဝင်းက အမှာစကားပြောကြားပါသည်။ တစ်ဆက်တည်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသက်နိုင်ဦးက အခမ်းအနားကျင်းပရခြင်းအကြောင်းကိုရှင်းလင်းကာ ပါတီဝင်ခွင့်လျှောက်လွှာပေးအပ်ခြင်း၊ ပါတီဝင်ကြေး ပါတီနှစ်စဉ်ကြေး ပေးအပ်ပါသည်။

Read more

PUBG ကစားခွင့် မပေးလို့ မိခင်ကို သေနတ်နဲ့ ပစ်သတ်လိုက်တဲ့ ဆယ်ကျော်သက် လူငယ်

အိန္ဒိယက ဆယ်ကျော်သက် လူငယ် ၁ ယောက်ဟာ PUBG ကစားခွင့် မပေးတဲ့ မိခင်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ် လူငယ်ဟာ သူ့ ဖခင်ရဲ့ ပစ်စတို သေနတ်နဲ့ မိခင်ကို ပစ်သတ်ခဲ့တာ ဖြစ်ပြီး အလောင်းကို ၃ ရက်ကြာ နေအိမ်မှာ ဖွက်ထားခဲ့ပါတယ်။ သူ့ကို ရဲတွေက ခေါ်ယူ စစ်ဆေးပြီးနောက်မှာ သူက ပြစ်မှုကို ဝန်ခံခဲ့ပါတယ်။

Read more

ကွင်းလယ်လူဒီဂျောင်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ မန်ယူ ဆွေးနွေး

မန်ယူအသင်းဟာ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို ပေါင်(၆၅)သန်းနဲ့ခေါ်ယူဖို့ ဘာစီလိုနာနဲ့ ဆွေးနွေးလျက်ရှိပါ တယ်။ အသက်(၂၅)နှစ်အရွယ် နယ်သာလန်ကစားသမားကလည်း အခုနွေရာသီမှာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ မန်ယူအသင်းဟာ ဒီဂျောင်အတွက် ကနဦးကမ်းလှမ်းမှု တောင်လုပ်ခဲ့ပြီးပြီဖြစ်ပြီး ကလပ်အသင်းနှစ်သင်းကြား သဘောတူညီမှုမရသေးပါဘူး။ ဘာစီလိုနာအသင်းအတွက် ကွင်းလယ်လူဒီဂျောင်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၆၅)သန်းရရှိဖို့ ဆန္ဒရှိနေပါ တယ်။ မန်ယူနည်းပြသစ် တန်ဟတ်ဟာ ပြီးခဲ့တဲ့ရာသီက ရုန်းကန်ခဲ့ရတဲ့အသင်းကို ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေပြီး ဒီဂျောင်ဟာ အခုနွေရာသီမှာ မန်ယူအသင်းရဲ့နံပါတ်(၁)ပစ်မှတ်ဖြစ်ပါတယ်။ လာမယ့်ရာသီသစ်မတိုင်မီ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သဘောတူညီမှုရဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီဂျောင်နဲ့ တန်ဟတ်တို့ဟာ အေဂျက်ဇ်အသင်းမှာ အတူလက်တွဲခဲ့တဲ့အချိန်ကတည်းကစလို့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ ပေါ့ဘာနဲ့ မာတစ်တို့ ထွက်ခွာသွားတာကြောင့် လစ်လပ်နေတဲ့ ကွင်းလယ်ဗဟိုနေရာကို အစားထိုးဖို့ မန်ယူအသင်းစီစဉ်နေတယ်လို့ သိရပါတယ်။

Read more

ယခုနှစ်ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲမှာ ဆုကြေးငွေ စံချိန်တင် ပေးအပ်မည်

ယခုနှစ်ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတစ်ရပ်လုံးမှာ ဆုကြေးငွေ စံချိန်တင်ပေါင်(၄၀.၃)သန်း ပေးအပ်သွားမယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်တဲ့သူတွေက ဆုကြေးပေါင်(၂)သန်းစီသာ ရရှိမှာဖြစ်ပါတယ်။ ဒါဟာ ပရိသတ်တွေကွင်းလုံးပြည့် ကြည့်ခွင့်ရခဲ့တဲ့ ၂၀၁၉ခုနှစ်ကပေးအပ်ခဲ့တဲ့ ဆုကြေးပေါင်(၂.၃၅)သန်းထက် အနည်းငယ်လျှော့နည်းနေပါတယ်။ ပြိုင်ပွဲတစ်ရပ်လုံးမှာတော့ ဆုကြေးငွေ ပေါင်(၃၈)သန်းပေးအပ်ခဲ့တဲ့ ၂၀၁၉ နဲ့နှိုှုင်းယှဉ်ရင် (၅.၄)ရာခိုင်နှုန်းနဲ့ ၂၀၂၁ ကထက် ၁၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပါတယ်။ ၂၀၂၀ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲကို ကိုဗစ်ကပ်ရောဂါကြောင့် ဖျက်သိမ်းခဲ့ရပြီး  ပြီးခဲ့တဲ့နှစ်ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ပွဲကြည့်ပရိသတ် လျှော့ချပြီး ကျင်းပခဲ့ရပါတယ်။ အခုနှစ်ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲကို ဇွန်လ(၂၇)ရက်မှာကျင်းပမှာဖြစ်ပြီး ပရိသတ်အပြည့်အဝကြည့်ရှုခွင့်ပေးဖို့ စီစဉ်ထားပါတယ်။

Read more

အိန္ဒိယနိုင်ငံ ရန်ချီမြို့တွင် ဘာသာရေးအဓိကရုဏ်းဖြစ်ပြီး ဆယ်ကျော်သက် ၂ ဦးသေဆုံး

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ဂျာခန်ပြည်နယ်၊ ရန်ချီမြို့မှာ ဟိန္ဒူဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင် တွေ ဇွန် ၁၀ ရက်က ရုန်းရင်းဆန်ခတ်ဖြစ်လို့ ဆယ်ကျော်သက် နှစ်ယောက် သေဆုံးခဲ့ပါတယ်။

လက်ရှိ အာဏာရပါတီ အရာရှိ နှစ်ယောက်က တမန်တော် မိုဟာမတ်နဲ့ ပတ်သက်ပြီး ရိုင်းရိုင်းစိုင်းစိုင်း မှတ်ချက်ပေးခဲ့ပြီးတဲ့နောက် ခုလိုဖြစ်တာလို့ ရဲက ဇွန် ၁၁ ရက်မှာ ပြောပါတယ်။

Read more