ကမ္ဘာ့အဆင့် ၁ နေရာကို မက်ဗီဒက်ဗ် ရောက်လာ

အမျိုးသားတင်းနစ်အစည်းအရုံး(အေတီပီ)ကထုတ်ပြန်တဲ့ ကမ္ဘာ့အဆင့်ရပ်တည်မှုမှာ ဆားဘီယား နိုင်ငံသား ဂျိုကိုဗစ်ရဲ့အဆင့် ၁ နေရာကို ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်က ရယူသွားနိုင်ခဲ့တာတွေ့ရပါတယ်။ မက်ဗီဒက်ဗ် အနေနဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲမတိုင်ခင် နှစ်ပတ်အလိုမှာ ကမ္ဘာ့အဆင့် ၁ နေရာကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ရုရှား-ယူကရိန်းအရေးကြောင့် ရုရှားနဲ့ဘီလာရုစ် ကစားသမားတွေကို ပြိုင်ပွဲ ဝင်ခွင့်ပိတ်ထားခဲ့လို့ မက်ဗီဒက်ဗ်အနေနဲ့ လန်ဒန်မှာကျင်းပမယ့်ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရမှာ မဟုတ်ပါဘူး။ မက်ဗီဒက်ဗ်အတွက် ကံကောင်းခဲ့တာက ဝင်ဘယ်ဒန်ပြိုင်ပွဲမှာရမယ့် အမှတ်တွေကို ထည့်တွက်မှာ မဟုတ်ဘူးဆိုတဲ့ အေတီပီရဲ့ ဆုံးဖြတ်ချက်ကြောင့် ပြိုင်ပွဲဝင်မပြိုင်ရပေမယ့် ကမ္ဘာ့အဆင့် ၁ နေရာကိုတော့ ဆုံးရှုံးရဖွယ် မရှိဘူးလို့ သိရပါတယ်။ ဂျိုကိုဗစ်ကတော့ ကမ္ဘာ့အဆင့် ၃  အထိ ကျဆင်းသွားခဲ့ပြီး ပြင်သစ်အိုးပင်းမှာ ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့တဲ့ ဂျာမနီနိုင်ငံသား ဗီရက်ဗ်ကတော့ အဆင့် ၂ နေရာကိုရောက်လာခဲ့ပါတယ်။

Read more

ဟွန်ဒိုင်းက တောင်ကိုရီးယားတွင် မောင်းသူမဲ့တက္ကစီများ စတင်ပြေးဆွဲ

တောင်ကိုရီးယားအခြေစိုက် ဟွန်ဒိုင်း ကုမ္ပဏီဟာ အလိုအလျောက် မောင်းနှင်နိုင်မှု အဆင့်လေးရှိတဲ့ Ioniq-5 ကို ထုတ်ဖော် ကြေညာခဲ့ပြီး လက်ရှိမှာတော့ အဲဒီကားအမျိုးအစားနဲ့ မောင်းသူမဲ့ တက္ကစီဝန်ဆောင်မှုကို ဆိုးလ်မြို့မှာ စတင်စမ်းသပ်ပြေးဆွဲနေပြီဖြစ်ပါတယ်။

ဆိုးလ်မြို့တော်ဝန်နဲ့ အခြားတာဝန်ရှိသူတစ်ဦးတို့ဟာ ဂန်နမ်ခရိုင်မှာ ပြေးဆွဲနေတဲ့ အဲဒီဝန်ဆောင်မှုကို ပထမဆုံးလိုက်ပါစီးနှင်းခဲ့ပါတယ်။ လက်ရှိမှာတော့ မော်တော်ယာဉ် ဘေးကင်းလုံခြုံမှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းတစ်ဦးပါရှိပါတယ်။

Read more

ဘန်ကောက်ရောက် အမေရိကန်ကာကွယ်ရေးဝန်ကြီးအား ဆန္ဒပြ

ဘန်ကောက်၊ဇွန် ၁၃

ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ်သည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်​အော်စတင် ကို တနင်္လာနေ့ နေ့လည်ပိုင်းက ဝန်ကြီးဌာနတွင် ကြိုဆိုခဲ့သည်။

ဝန်ကြီးဌာနအပြင်ဘက်တွင် ရှပ်နီဝတ်ပါတီခေါင်းဆောင်ဟောင်း Jatuporn Prompan ဦးဆောင်သည့် ဆန္ဒပြသူများနှင့် လက်ယာယိမ်း အမျိုးသားရေးဝါဒီအချို့က ​အော်စတင် နှင့် USA ကို ရှုတ်ချပြီး ၎င်းတို့သည် ထိုင်းနိုင်ငံအား စစ်ရေးပဋိပက္ခများဖြစ်​နေသည့်အခြားနိုင်ငံများအဖြစ်သို့​​မရောက်​​ရောက်အောင် လုပ်လိမ့်မည် ဖြစ်ကြောင်း ပြောကြားရင်း ဆန္ဒထုတ်​ဖော်ခဲ့ကြသည်။

Read more

မိုးမိတ်မြို့နယ်၊ ခရိုင်ပြည်ခိုင်ဖြိုးပါဆီဥက္ကဋ္ဌမိသားစုမှ အလှူငွေ (၁၆)သိန်းကျပ်လှူဒါန်း

 

မိုးမိတ် ဇွန် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့၊ မြို့ဦးစေတီအနီးရှိ ဘိုးဘွားရိပ်သာတွင် ဆောက်လုပ်နေသော ဘိုးဘွား တစ်ဦးနေ အခန်းတစ်ခန်းအတွက် မိုးမိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးမြင့်မိသားစုမှ အလှူငွေ (၁၆)သိန်းကျပ်တိတိအား ဘိုးဘွာရိပ်သာဦးဆောင်တည်ထောင်သူ ဆရာ​လေးထံ သွားရောက် လှူဒါန်းခဲ့ပါသည်။


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင် ဦးတင်ဦးလွင် အပြည်ပြည်ဆိုင်ရာအာရှနိုင်ငံရေး ပါတီများ ညီလာခံ(ICAPP)မှ ကျင်းပသည့် Asia-Europe Think Tank Summit အား Video Link ဖြင့် တက်ရောက်

ဇွန် ၁၂၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်၊ ICAPP အမြဲတမ်းကော်မတီဝင် ဦးတင်ဦးလွင် သည် အပြည်ပြည်ဆိုင်ရာအာရှနိုင်ငံရေးပါတီများညီလာခံ(ICAPP) မှ ကျင်းပသည့် Asia-Europe Think Tank Summit အား ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင် Video Link ဖြင့် တက်ရောက်ခဲ့ပါသည်။

Read more

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား တစ်နေ့တည်း ၁၃၆ ဦး ဖမ်းဆီးခံရ

                                                                ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းတာဝန်ရှိသူများက စစ်ဆေးမေးမြန်းနေစဉ်

Read more

အဝေးသင်တက္ကသိုလ်တက်ရောက်မည့်သူများ ဇွန် ၁၃ ရက်မှစတင်၍ကျောင်းအပ်နိုင်ပြီဖြစ်

ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်အသီး သီး၌ ၂၀၂၂ ပညာသင်နှစ် အဝေးသင် သင်တန်းအတွက် ဇွန် ၁၃ ရက်မှစတင်ကာ ကျောင်းအပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

၂၀၂၂ ပညာသင်နှစ်၊အဝေးသင် သင်တန်း ပထမနှစ်(၂၀၁၉ အောင်)များ၊ဒုတိယနှစ်၊တတိယနှစ်များအတွက် ကျောင်းအပ်ရန်ကျန်ရှိသူများနှင့်ပ ထမနှစ်(၂၀၂၀ အောင်)သင်တန်းများအား တက်ရောက်သင်ကြားမည့်သူများ အတွက် အဆင့်မြင့်ပညာဦးစီးဌာနမှ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၉) ဦး တွေ့ရှိ

(၁၂-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၃၇၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၂) ရာခိုင်နှုန်း ရှိပါသည်။

Read more

ရန်ကုန်ဓာတ်ဆီဈေး ကျပ် ၂၃၀၀ ကျော်တွင် ဆက်ရှိနေ

ရန်ကုန်စက်သုံးဆီဈေးကွက်မှာတော့ ဇွန် ၁၃ ရက် ပေါက်ဈေးအရ ဓာတ်ဆီအောက်တိန်း 92 တစ်လီတာကို ၂၃၀၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ကျပ်၂၃၇၀ ရှိနေပြီး အမြင့်ဈေးမှာ ဆက်ရှိနေတာဖြစ်ပါတယ်။ ဒီဈေးနှုန်း တွေဟာ ရန်ကုန်စက်သုံးဆီဈေးကွက်မှာ အမြင့်ဆုံးစံချိန် ဈေးနှုန်းတွေလည်း ဖြစ်ပါတယ်။ ရန်ကုန်က ဒီဇယ် ဈေးနှုန်းတွေဟာဆိုရင်လည်း ရိုးရိုးဒီဇယ်တစ်လီတာကို ကျပ်၂၆၁၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကို ကျပ်၂၆၄၀ အထိ ရှိနေတာဖြစ်ပါတယ်။

Read more