ရာသီသစ် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားများ ပေါက်ကြားမှု ဖြစ်ပွားခဲ့

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်သည် လာမည့် ၂၀၂၂-၂၀၂၃ ရာသီ ပွဲစဉ်ဇယားကို ထုတ်ပြန်ကြေညာခြင်း မပြုမီ သုံးရက်အလို၌ မန်စီးတီးသည် ဘုန်းမောက်နှင့် အဖွင့်ပွဲစဉ်အဖြစ် ကစားရမည်ဖြစ်ကြောင်း သတင်း ပေါက်ကြားမှုဖြစ်လာခဲ့သည်။ ပရီးမီးယားလိဂ် အဖွဲ့ချုပ်သည် ရာသီသစ် အတွက် ပွဲစဉ်ဇယားကို လာမည့် ကြာသပတေးနေ့ (၁၆-၆-၂၀၂၂) ရက်မှ တရားဝင်ကြေညာသွားမည်ဖြစ်သော်လည်း မန်စီးတီး၏ တွစ်တာ အကောင့်တွင် ဘုန်းမောက်အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

Read more

အားသွင်းစရာ မလိုဘဲ လနဲ့ချီ မောင်းနှင်နိုင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကား

Lightyear က နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကား Lightyear 0 ကို ပြသလိုက်ပါတယ်။ အဲဒီကားရဲ့ ခေါင်မိုးမှာ ၅ စတုရန်းမီတာ Solar Array တွေ တပ်ဆင်ထားပြီး အားသွင်းစရာ မလိုဘဲ လနဲ့ချီ မောင်းနှင်နိုင်ပါတယ်။

 

Read more

လူသား ဝန်ထမ်းတွေနေရာမှာ စက်ရုပ်တွေနဲ့ လျှင်မြန်စွာ အစားထိုးနေတဲ့ တောင်ကိုရီးယား စက်ရုံများ

တောင်ကိုရီးယားမှာ ဇန်နဝါရီလတုန်းက Serious Disasters Punishment ဥပဒေကို အတည်ပြုလိုက်ပါတယ်။ အဲဒီ ဥပဒေက လုပ်ငန်းခွင်မှာ အလုပ်သမားတွေ သေဆုံး သို့မဟုတ် ဒဏ်ရာပြင်းထန်စွာ ရရင် CEO သို့မဟုတ် အဆင့်မြင့် မန်နေဂျာတွေကို ဒဏ်ငွေရိုက်နိုင်၊ ထောင်ချနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

Read more

ရှေ့လုပ်ငန်းစဉ်များဆွေးနွေးညှိနှိုင်း


လားရှိုး ဇွန် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌  ပါတီ၏ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအစည်းအဝေးသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဒေါက်တာမျိုးထွန်း၊ ပြည်နယ် အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်၊ လားရှိုးခရိုင်/မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ၊ စီမံတာဝန်ခံကော်မတီနှင့် ရုံးဝန်ထမ်းများ  တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဥက္ကဋ္ဌဒေါက်တာမျိုးထွန်းမှ ရုံးဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့ငွေချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

Read more

တောင်ကိုရီးယားကို လုပ်သား ၂၀၀၀ ကျော်စေလွှတ်ပြီးဟုဆို

တောင်ကိုရီးယားနိုင်ငံကို သွားရောက်လုပ်ကိုင်ဖို့ ၁၂ ကြိမ်မြောက်နဲ့ ၁၃ ကြိမ်မြောက် EPS စာမေးပွဲ အောင်မြင် ထားတဲ့ လုပ်သား ၄၀၀၀ ကျော်ထဲက ၂၀၀၀ ကျော် စေလွှတ်ထားပြီးဖြစ်တယ်လို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ(POEA)ကနေ သိရပါတယ်။

Read more

မီတာခတိုးမြှင့်ကောက်ခံမည်ဆိုသည့်သတင်း အမှားသာဖြစ်ဟု YESC ကြေညာ

လာမည့် (ဇူလိုင် ၁ ရက်)မှစတင်၍ မီတာခများတိုးမြှင့်ကောက်ခံမည်ဆိုသော ထွက်ပေါ်နေသည့်သတင်းမှာ အမှားသာဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဇွန် ၁၄ ရက် မွန်းလွဲပိုင်းက အသိပေးထုတ်ပြန်ထားသည်။

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် မီတာခများ တိုးမြှင့်ကောက်ခံမည်ဆိုသည့်ထုတ်ပြန်ချက် မှာ ၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်သာဖြစ်ကြောင်း YESC ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

Read more

လယ်ဝေးမြို့နယ်၌ ကွမ်းယာဆိုင်အနီးတွင် လက်လုပ်မိုင်းပေါက်ကွဲမှုများဖြစ်

လယ်ဝေးမြို့နယ်၊ဗောဓိကုန်းကျေးရွာ၏ ဗောဓိကုန်းမီးပွိုင့်အနီး ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ ကွမ်းယာဆိုင်အနီး တွင် ဇွန် ၁၄ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က လက်လုပ်မိုင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်း၏ အရှေ့ဘက်ခြမ်းတွင် ဗောဓိကုန်းကျေးရွာနေ မငုဝါ(၃၀)နှစ် ရောင်းချသည့် ကွမ်းယာဆိုင်အနီး၌ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၈) ဦး တွေ့ရှိ

(၁၃-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၄-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၄၁၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၈) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၂) ရာခိုင်နှုန်း ရှိပါသည်။

Read more

ဆီဗီရာရို ဒွန်းညက်စ်မြို့အား ရုရှားတပ် ပိတ်ဆို့ဖြတ်တောက်

ယူကရိန်းအရှေ့ပိုင်းဒေသက ဆီဗီရာရို ဒွန်းညက်စ်ကို ရုရှားတပ်တွေက ပိတ်ဆို့ဖြတ်တောက်ပြီး ထိန်းချုပ် ထားလိုက်ပြီဖြစ်ပါတယ်။ ဒီပိတ်ဆို့ဖြတ်တောက်မှုကို ယူကရိန်းခွဲထွက်ရေး သူပုန်တွေနဲ့အတူ ရုရှားတပ်တွေက လုပ်ဆောင်ခဲ့တာပါ။ အဲဒီအတွက် ဆီဗီရာ ဒွန်းညက်စ်မြို့အတွင်း ယူကရိန်းတပ်တွေအတွက် လက်နက်ချဖို့ ကလွဲရင် တခြားရွေးချယ်စရာမရှိတော့ဘူးလို့ ရုရှားတပ် ထိပ်တန်းအရာရှိ တစ်ယောက်ကပြောပါတယ်။  ဆီဗီရာရို ဒွန်းညက်စ်မြို့နဲ့ လိုင်ဆေးချန့်ခ် ဆက်သွယ်ထားတဲ့တံတားကို ဖောက်ခွဲပစ်လိုက်ပြီးနောက် မြို့ကိုပိတ်ဆို့ခံထားခဲ့ရ တာလို့ ဒွန်းညက်စ် ခွဲထွက်ရေး သူပုန်ဖြစ်တဲ့ ဒွန်းညက်စ်ပြည်သူ့စစ်ခေါင်းဆောင်တစ်ယောက် ကပြောပါတယ်။ မြို့တွင်းထဲက ယူကရိန်းတပ်တွေအနေနဲ့ တခြားရွေးစရာမရှိဘဲ အဇော့စတောလ်မြို့ဥပမာကို လိုက်ပြီး လက်နက် ချဖို့ပဲ ကျန်တော့တယ်လို့ သူကဆိုပါတယ်။ ဆီဗီရာရို ဒွန်းညက်စ်ဟာ ယူကရိန်းရှေ့ပိုင်း ဒွန်းဘက်စ်ဒေသ တိုက်ပွဲ တွေရဲ့ အဓိကဗဟိုချက်ဖြစ်ပြီး  မြို့တွင်းမှာ ယူကရိန်းတပ်သား တစ်သောင်းလောက်ကျန်ရှိနေသေးတာဖြစ်ပါ တယ်။

Read more

ရုရှားတွင် လုပ်ငန်းအားလုံးရပ်ဆိုင်းလိုက်သည့် IBM

ရုရှားမှာ IBM ရဲ့ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် Arvind Krishna က ဝန်ထမ်းတွေကို အသိပေးထုတ်ပြန်လိုက်ပါတယ်။

IBM ဟာ မတ်လကတည်းက ရုရှားမှာရှိတဲ့ လုပ်ငန်းတွေကို ဆိုင်းငံ့ထားခဲ့ပေမယ့် အဲဒီကဝန်ထမ်းတွေကိုတော့ လစာ ဆက်လက်ပေးထားပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီရဲ့ ရေရှည်ရွေးချယ်စရာတွေကို အကဲဖြတ်နိုင်ဖို့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာလို့ IBM က ထုတ်ပြန်ထားပါတယ်။

Read more