ကယ်လီဖိုးနီးယားမှာ ဒရုန်းတွေနဲ့ ကုန်ပစ္စည်း စတင် ပို့ဆောင်ပေးတော့မယ့် Amazon

Amazon က ကယ်လီဖိုးနီးယား မြို့ ၁ ခုမှာ ဒရုန်းတွေနဲ့ ကုန်ပစ္စည်း စတင် ပို့ဆောင်ပေးတော့မယ်လို့ ကြေညာလိုက်ပါတယ်။ မြောက်ကယ်လီဖိုးနီးယားက Lockeford မြို့ခံတွေဟာ Amazon ရဲ့ “Prime Air” ဒရုန်းတွေနဲ့ ကုန်ပစ္စည်း ပို့ပေးတဲ့ ဝန်ဆောင်မှုကို အခမဲ့ အသုံးပြုနိုင်ဖို့ စာရင်းပေးသွင်းနိုင်မှာပါ။

Read more

ပါတီဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေး ဗဟိုကော်မတီအစည်းအဝေးအတွေ့အကြုံရှင်းလင်း

ပျော်ဘွယ် ဇွန် ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေးသည် ရမည်းသင်းမြို့နယ်ရှိ ခရိုင်၊မြို့နယ်၊ရပ်ကျေးပါတီခေါင်းဆောင်များအား ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေးနှင့်ပတ်သက်ပြီး အတွေ့အကြုံရှင်းလင်းခဲ့သည်။

အခမ်းအနားအား ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင်က ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေးတွင် ချမှတ်ခဲ့သော ပါတီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။


Read more

ဆီးဂိမ်းတွင် ရွှေတံဆိပ်ရရှိသူများကို လူစီးမော်တော်ယာဉ်ဝယ်ယူခွင့် ချထားပေးမည်

ဆီးဂိမ်းတွင် ရွှေတံဆိပ်ရရှိသူများကို လူစီးမော်တော်ယာဉ် ဝယ်ယူခွင့်ချထားပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရွှေတံဆိပ်ရရှိသူများအား အထူးကိစ္စရပ်အနေဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ရွှေတံဆိပ်ဆုရ အားကစားသမား များအား ပြည်တွင်းရှိ မော်တော်ယာဉ် Showroom နှင့် Sale Center များမှ စက်စွမ်းအား ၂၀၀၀ စီစီနှင့်အောက်၊ CIF တန်ဖိုး(ဆိပ်ကမ်းရောက်တန်ဖိုး) ကျပ်သိန်း ၃၀၀ နှင့်အောက် လူစီးမော်တော် ယာဉ်တစ်စီးစီ ဝယ်ယူခွင့် ပြုမည်ဖြစ်ပြီး ၎င်းမော်တော်ယာဉ်နှင့်စပ်လျဉ်း၍ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ အား ကင်းလွတ်ခွင့်ပြုမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

Read more

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် စာရင်းထုတ်ပြန်

၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်များကို ဇွန် ၁၇ ရက် နံနက် ၆ နာရီတွင် တစ်နိုင်ငံလုံးတွင် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

အဆိုပါ စာမေးပွဲ၏ တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်းသည် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း၊ ဖြေဆိုသူစုစုပေါင်း ၂၈၁၇၅၁ ဦးရှိပြီး အောင်မြင်သူ ၁၃၂၀၇၇ ဦးရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၃) ဦး တွေ့ရှိ

၁၅-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၆-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၂၇၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၆) ရာခိုင်နှုန်း ရှိပါသည်။

Read more

ဥရောပ ခေါင်းဆောင် ၄ ဦး ကိယက်ဗ် သို့ သွားရောက်

ယူကရိန်း၊ ဇွန် ၁၆

ဥရောပ၏ စီးပွားရေးနယ်ပယ်တွင် အင်အားကြီး ၃ နိုင်ငံဖြစ်သည့် ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ရိုမေးနီးယားနိုင်ငံမှ ခေါင်းဆောင်များသည် ရုရှား-ယူကရိန်းအရေးအခင်း၌ ယူကရိန်းဘက်မှ ဥရောပနိုင်ငံများ စုပေါင်းထောက်ခံနေသည် ကို ပြသသည့်အနေဖြင့် ဇွန်လ ၁၆ ရက် ကြာသပတေးနေ့တွင် ကိယက်ဗ်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

Read more

ဆီးရီးယားမြေပြင်စစ်ဆင်ရေးမှာ IS ထိပ်သီးခေါင်းဆောင်တစ်ဦးကို ဖမ်းမိကြောင်း အမေရိကန်ကြေညာ

ယနေ့မနက်အစောပိုင်းက ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့ မြေပြင်စစ်ဆင်ရေးတစ်ရပ်ပြုလုပ်ခဲ့ရာမှာ အရေးပါတဲ့ IS ခေါင်းဆောင်တစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ အဆိုပါ IS ခေါင်းဆောင်ဟာ ဖောက်ခွဲရေးကျွမ်းကျင်သူ၊ ဗုံးထုတ်လုပ်ဖန်တီးသူဖြစ်ပြီး ဆီးရီးယားအခြေစိုက် ထိပ်တန်း IS ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

Read more

ယူကရိန်းကို ဒေါ်လာ ၁ ဘီလီယံ ထပ်မံပံ့ပိုးမည်ဟု အမေရိကန် အတည်ပြု

ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ပေးအပ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဩစတင်က အတည်ပြုလိုက်ပါတယ်။  ဘရပ်ဆဲလ်မြို့မှာ ကျင်းပနေတဲ့ နေတိုးအဖွဲ့ ကာကွယ်ရေးဝန့်ကြီးများ အစည်းအဝေးမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးက အခုလို အတည်ပြု ပြောဆိုသွား တာပါ။ ဒီအကူအညီထဲမှာ သင်္ဘောဖျက် ဒုံးကျည် ၊ ဟောင်ဝစ်ဇာ အမြောက်နဲ့  လက်နက်ကြီးတွေ ပါဝင်မှာဖြစ် တယ်လို့ ပြောပါတယ်။ အဲဒီလက်နက်စာရင်းတွေထဲမှာ ယူကရိန်းသမ္မတ ဇယ်လန်စကီး အရေးပေါ် တောင်းခံ နေတဲ့ လက်နက်တွေလည်း ပါဝင်နေပါတယ်။ အစည်းအဝေးမှာ လွိုက်ဩစတင်က အနောက်အုပ်စုအနေနဲ့ ယူကရိန်းကို စစ်လက်နက်တွေ အမြန်ပံ့ပိုးပြီး ရုရှားနဲ့ စစ်မက်ရင်ဆိုင်နေတဲ့ ယူကရိန်းကိုကူညီရာမှာ ကတိကဝတ် တွေကို သက်သေပြဖို့လည်း သတိပေး တိုက်တွန်းသွားခဲ့ပါတယ်။ -Ref:AFP

Read more

ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ စပါး၊ နယူးကာဆယ်နဲ့ ဗီလာတို့ အပြိုင်စိတ်ဝင်စားနေ

ဝေးလ်တောင်ပံကစားသမားဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ အသင်းဟောင်းစပါးအပြင် နယူးကာဆယ်နဲ့ ဗီလာအသင်း တို့ကပါ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက်(၃၂)နှစ်အရွယ်ဘေးလ်ဟာ အခုရာသီအကုန်မှာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်ပြီဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ကို ချန်ပီယံရှစ်ကလပ် ကာဒစ်ဖ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဂါရတ်ဘေးလ်ဟာ ၂၀၀၇ ခုနှစ်မှာ စပါးအသင်းကို ရောက်ရှိလာခဲ့ပြီး စပါးမှာ (၆)နှစ်ကြာကစားခဲ့စဉ်အတွင်း ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၃ မှာ အဲဒီအချိန်တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ တောင်ပံကစားသမားဘေးလ်ဟာ ၂၀၂၀ မှာ စပါးကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ဒုတိယအကြိမ် ရောက်ရှိခဲ့ပါတယ်။ ဘီဘီစီရဲ့ဖော်ပြချက်အရ စပါးအသင်းဟာ ဘေးလ်ကို တတိယအကြိမ်ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘောလုံးဒါရိုက်တာ ပါရာတစ်စီဟာ ဘေးလ်ရဲ့အခြေအနေကို စောင့်ကြည့်နေပါတယ်။ ဂါရတ်ဘေးလ်ကတော့ နောက်ရာသီ သူပြောင်းရွှေ့ကစားမယ့်အသင်းကို အတည်ပြုထုတ်ပြန်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Read more