ယူကရိန်းရဲ့ အင်တာနက်ကို ထိန်းချုပ်ထားတဲ့ ရုရှား

ရုရှားဟာ ဧပြီလ နှောင်းပိုင်းမှာ ယူကရိန်းရဲ့ Kherson မြို့ကို စစ်ရေးအရ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ အဲဒီမြို့ခံလူများစွာက မေလ ၃၀ ရက်နေ့မှာ အင်တာနက် ပြဿနာ ဖြစ်ခဲ့တယ်လို့ ပြောကြပါတယ်။ ၁ နာရီကြာလောက် သူတို့ဟာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ မရခဲ့ကြပါဘူး။ တစ်နည်းပြောရရင် ရုရှားဟာ သူတို့ကို အင်တာနက် ဖြတ်တောက်ကာ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်ခဲ့တာပါ။

Read more

ပါတီရှေ့လုပ်ငန်းစဉ်များထပ်ဆင့်ရှင်းလင်းပွဲပြုလုပ်

 

(၁၇-၆-၂၀၂၂)ရက် နံနက်(၁၀:၀၀) နာရီမှ(၁၃:၀၀)အချိန်ထိ မိတ္ထီလာခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဆဌမအကြိမ် ဗဟိုကော်မတီအစည်းအဝေး(၂၀၂၂)မှချမှတ်ခဲ့သော ပါတီရှေ့လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်ကျော်မိုး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ ဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးရွှေနန်း၊ ဦးမျိုးမြင့်၊ ဒေါ်ဝါဝါလှိုင်၊  မိတ္ထီလာခရိုင်ပါတီဥက္ကဌ ဦးထွန်းထွန်းဦး၊ အတွင်းရေးမှူး ဦးရဲထွန်းနိုင်နှင့်ကော်မတီဝင်များ၊ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း၊ မလှိုင်မြို့နယ်တို့မှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

Read more

ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီတာဝန်၊ ပါတီအလံများ အပ်နှင်းခြင်း အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်

ဇွန် ၁၈၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ကျင်းပပြုလုပ်သော မြို့နယ်/ရပ်ကွက်/ကျေးရွာအဆင့်ပါတီများ စုံညီဖွဲ့စည်းပြီးခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲနှင့် ပါတီတာဝန်၊ ပါတီအလံများ အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

Read more

မြန်မာ-ထိုင်းနယ်စပ် မြဝတီနှင့် ကော့သောင်းမြို့တို့မှ MoU လုပ်သား ထပ်မံစေလွှတ်

မြန်မာ-ထိုင်း နယ်စပ် မြဝတီ-မဲဆောက် လမ်းကြောင်းနှင့် ကော့သောင်း-ရနောင်းလမ်း ကြောင်းတို့မှ ဇွန် ၁၇ ရက်က MoU လုပ်သား ၃၄၈ ဦး ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။ မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၂ )ချစ် ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံသို့ နှစ် နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် မြန်မာ လုပ်သား ၂၉၈ ဦးကို ဇွန် ၁၇ ရက်က ပြည်ပအ လုပ်အကိုင်အကျိုးဆောင် Top 1 အေဂျင်စီ နှင့် ရွှေဝတ်မှုံခအေဂျင်စီတို့က ထပ်မံစေလွှတ် ခဲ့ကြောင်း သိရသည်။

Read more

ဗန်းမော်မြို့၏ မြစ်ရေကြီးမှုအခြေအနေ နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်

ကချင်ပြည်နယ်၊ ဗန်း‌မော်မြို့၏ မြစ်ရေကြီးမှုအခြေအနေသည် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၁၉ ရက် တွင် ထုတ်ပြန်ကြေညာထားသည်။

မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၏ စိုးရိမ်ရေမှတ်အောက်နှစ်ပေခွဲခန့်တွင်ရောက်ရှိနေကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်သဖြင့် ဗန်းမော်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၅) ဦး တွေ့ရှိ

(၁၈-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၁၆၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၅) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၂) ရာခိုင်နှုန်း ရှိပါသည်။

Read more

အမေရိကန်တွင် အသက်ငါးနှစ်အောက် ကလေးများ ကိုဗစ်ကာကွယ်ဆေးထိုးရန် အက်ဖ်ဒီအေခွင့်ပြု

အမေရိကန်တွင် အသက်ငါးနှစ်အောက် ကလေးငယ်များကို ကိုဗစ်(၁၉) ကာကွယ်ဆေးထိုးနှံရန်နှင့် ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ)က ဇွန် ၁၇ ရက်တွင် ခွင့်ပြုလိုက်သည်။

မွေးကင်းစ ကလေးများ၊ အသက်ခြောက်လမှ လေးနှစ်အရွယ်များအတွက် ဖိုင်ဇာကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်နှင့် အသက်ခြောက်လမှ (၁၇) နှစ်ကြားအရွယ်များအတွက် မိုဒါးနားကာကွယ်ဆေး ထိုးနှံခြင်းကို အက်ဖ်ဒီအေက ခွင့်ပြုလိုက်သည်။

Read more

အစိုးရဝန်ထမ်းများ နေအိမ်မှပင် အလုပ်လုပ်ကြရန် သီရိလင်္ကာအစိုးရညွှန်ကြား

လောင်စာဆီရှားပါးပြတ်လပ်လာမှုကြောင့် အစိုးရဝန်ထမ်းများအနေဖြင့် မိမိတို့နေအိမ်များမှပင် သီတင်းနှစ်ပတ်ကြာ အလုပ်လုပ်ပေးကြရန် သီရိလင်္ကာအစိုးရက ဇွန် ၁၇ရက်တွင် ညွှန်ကြားထားကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး နောက်ဆက်တွဲအကျိုးဆက်အဖြစ် နိုင်ငံခြားအရန်ငွေ လက်ဝယ် ထားရှိနိုင်သည့် ပမာဏကျဆင်းခဲ့ရပြီး နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။

Read more

အောက်ခြေသိမ်းဝန်ထမ်းကို ကူညီပြီး ထိုင်ခုံဝိုင်းသယ်ပေးခဲ့တဲ့ ဘက်ခမ်း

ကမ္ဘာကျော်တစ်ယောက် ဖြစ်ပေမဲ့ ပလွှားမှုမရှိဘဲ အောက်ခြေသိမ်း ဝန်ထမ်းထိုင်ခုံရွှေ့ပေးနေတာကအစ ဝိုင်းဝန်းကူညီပေးခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ အပြုအမူကို မလေးစားဘဲ မနေနိုင်အောင် ဖြစ်ရတယ်လို့ စင်ကာပူနိုင်ငံသူ DJ ရာဆစ်က ပြောပါတယ်။အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ဇွန်လ ၁၇ ရက်က စင်ကာပူနိုင်ငံကို ရောက်ရှိလာပြီး Adidas က စီစဉ်ကျင်းပတဲ့ စကားဝိုင်းမှာ (We Got This Talk Show 2.0) ပါဝင်ခဲ့ပါတယ်။

Read more

မန်ယူလူငယ်ကစားသမားများသည် စီရော်နယ်လ်ဒို၏ လွှမ်းမိုးမှုခံနေရသည်ဟု အသင်းပရိသတ်ဖြစ်သူ တိုင်ဆန်ဖျူရီ သုံးသပ်

မန်ယူလူငယ်ကစားသမားများသည် အသင်းတွင် စီရော်နယ်လ်ဒို၏လွှမ်းမိုးမှုခံနေရသည်ဟု အမာခံပရိသတ် တစ်ဦးဖြစ်သူ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖျူရီက သုံးသပ်ခဲ့သည်။

တိုင်ဆန်ဖျူရီသည် စီရော်နယ်လ်ဒို မရောက်ရှိမီ ၂၀၂၀-၂၁ ဘောလုံးရာသီက ဒုတိယရရှိမှုနှင့်  ရောက်ရှိပြီးနောက် ၂၀၂၁-၂၂ ရာသီတွင် အဆင့်(၆)နေရာအထိ ကျဆင်းသွားခဲ့ရမှုကို နှိုင်းယှဉ်ပြောဆိုခဲ့ ခြင်းဖြစ်သည်။

Read more