မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်းလောင်းလှူ

မန္တလေး၊ ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်ရှိ မဟာဝိဇယကျောင်းတိုက်တွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ ဦးသိန်းထွန်းဦး၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း ခရိုင်ကော်မတီဝင် ဦးဝင်းလှိုင်ငြိမ်း၊ ဦးစံရနှင့် မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ကြည်ညိုခဲ့ကြပြီး ဆရာတော် သံဃာတော်များအား လှူဖွယ် ပစ္စည်းများ လောင်းလှူခဲ့ကြပါသည်။

Read more

ဗဟိုကော်မတီအစည်းအဝေး၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ထပ်ဆင့်ရှင်းလင်းပွဲပြုလုပ်

မတ္တရာ ဇွန် ၂၀

(၂၀-၆-၂၀၂၂ )ရက် နံနက် (၁၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမတွင် ဆဌမအကြိမ် ဗဟိုကော်မတီအစည်းအဝေး၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

မလေးရှားနိုင်ငံသို့ တရားမဝင်ဝင်ရောက်ရန်ပြင် ဆင်နေသည့် မြန်မာနိုင်ငံသား ၄၇ ဦးဖမ်းဆီးခံရ

ထိုင်း-မလေးရှားနယ်စပ်တွင် မလေးရှားနိုင်ငံသို့ တရားမဝင်ဝင်ရောက်ရန်ပြင်ဆင်နေသည့် မြန် မာနိုင်ငံသား ၄၇ ဦးအား ဇွန် ၁၈ ရက်ညပိုင်းက  မလေးရှားနိုင်ငံတာဝန်ရှိသူများက ဖမ်းဆီးခဲ့သည်ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ထိုင်း-မလေးရှားနယ်စပ်ရှိ ရော်ဘာခြံတစ်ခုအတွင်း၌ ပုန်းအောင်းနေကာ ပွဲစားလာခေါ်မည့်အချိန်အား စောင့်ဆိုင်းနေစဉ် မလေးရှားနိုင်ငံတပ်မ တော်မှ သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Read more

ရုရှားက မြန်မာနိုင်ငံနှင့် စွမ်းအင်ဆိုင်ရာ လုပ်ငန်းများ ပိုမိုပူးပေါင်း လုပ်ကိုင်မည်

ရုရှား – မြန်မာ နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင်ကျင်းပသည့် (၂၅) ကြိမ်မြောက် နိုင်ငံတကာ စီးပွားရေးဖိုရမ် (25th St. Petersburg International Economic Forum- SPIEF’ 22 )ကာလအတွင်း မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု မြန်မာအစိုးရဖက်မှ ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Read more

မိုးကုတ်မြို့နယ်တွင် ငါးနှစ်နှင့်အထက် ကျောင်းနေရွယ်ကလေး ၂၀၀၀ အား ကိုဗစ်ကာကွယ်ဆေး ထိုးပေးပြီး အစိုးရကျောင်းများနှင့်ဘကကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား ဆက်လက်ထိုးပေးနေ

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၄) ဦး တွေ့ရှိ

(၁၉-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၁၄၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၄) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၈) ရာခိုင်နှုန်း ရှိပါသည်။

Read more

ဒူတာတေး၏သမီး ဆာရာဒူတာတေး ဖိလစ်ပိုင် ဒုသမ္မတအဖြစ်ကျမ်းသစ္စာကျိမ်ဆို

မနီလာ၊ဇွန် ၁၉

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး၏သမီးဖြစ်သူ ဆာရာဒူတာတေးကာပီရိုသည်နိုင်ငံ၏ ၁၅ ဦးမြောက် ဒုတိယသမ္မတအဖြစ် ဇွန်လ ၁၉ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး သဘောထားကွဲလွဲမှုများရှိခဲ့သော ရွေးကောက်ပွဲ မဲဆွယ်မှုများအပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်မှုရရှိရန်တောင်းဆိုခဲ့သည်။

“ရှေ့ဆက်ရမဲ့ခရီးမှာ စိန်ခေါ်မှုတွေပြည့်နှက်နေမှာမို့ နိုင်ငံသား‌ချင်းစည်းလုံးဖို့လိုအပ်ပါတယ်” ဟုသူမရဲ့ဇာတိမြို့ Davao ၌မိဘများနဲ့အတူ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင်ပြောကြားခဲ့သည်။

Read more

မကာအိုတွင် ကိုဗစ်ဖြစ်နေသော်လည်း ကာစီနိုများအား ဆက်ဖွင့်ထား

ဟောင်ကောင်၊ ဇွန် ၂၀

ကမ္ဘာ့အကြီးဆုံးလောင်းကစားစင်တာ မကာအိုသည် ပြီးခဲ့သည့်အပတ် ပြည်တွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု များစွာတွေ့ရှိပြီးနောက် ဇွန်လ ၂၀ ရက် တနင်္လာနေ့တွင် ၎င်း၏ ဒုတိယမြောက်ရက်အနေဖြင့် လူပေါင်းများစွာအား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုစတင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းအများစုကိုလည်း ပိတ်ထားကြောင်း သိရသည်။ သို့ရာတွင် ၎င်း၏ ကာစီနိုလုပ်ငန်းများကိုမူ ဆက်လက်ဖွင့်ထားဆဲရှိကြောင်း သိရသည်။

Read more

ONE မစ်ဒယ်ဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲအဖြစ် ဒီရစ်ဒါနှင့် ဘစ်ဒက်ရှ်တို့၏ ပွဲကို ဇူလိုင်(၂၂) ရက်၌ ကျင်းပမည်

ONE Championship အဖွဲ့အစည်းသည် မြန်မာ MMA ကစားသမား အောင်လအန်ဆန် ထိုးသတ်နေသည့် ONE မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ် လက်ရှိချန်ပီယံ ဒီရစ်ဒါနှင့် စိန်ခေါ်သူ ဗစ်တာလီဘစ်ဒက်ရှ်တို့၏ ပွဲကို ဇူလိုင်(၂၂) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။

Read more

အူဆိုက်နှင့် ဂျိုရှူအာ သြဂုတ် (၂၀)တွင် ဆော်ဒီနိုင်ငံ၌ မကျေပွဲထိုးသတ်မည်ဟု အတည်ပြု

WBA (Super)၊ IBF၊ WBO၊ IBO ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်နှင့် ချန်ပီယံဟောင်း ဖြစ်သည့် ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာတို့ သြဂုတ် (၂၀)တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ မကျေပွဲပြန်လည်ထိုးသတ်မည်ဟု တနင်္ဂနွေနေ့ က အတည်ပြုထုတ်ပြန်ခဲ့သည်။

မူလက ၎င်းတို့နှစ်ဦး၏မကျေပွဲကို နွေရာသီအစောပိုင်းကာလတွင် ကျင်းပရန် စီစဉ်ထားသော်လည်း လက်ရှိချန်ပီယံ အူဆိုက်အနေဖြင့် ရုရှား၏ ကျူးကျော်စစ်အတွက် မိခင်နိုင်ငံကိုကာကွယ်ရန် ကာကွယ်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သောကြောင့် ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။

Read more