တိမ်းရှောင်မိသားစုများထဲမှ ကျောင်းသား/ ကျောင်းသူများအတွက် အလှူငွေများ၊ လုံချည်အဝတ်အစားများနှင့် ဗလာစာအုပ်များလှူဒါန်း

ဇွန် ၂၄၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် အကြမ်းဖက်သမားများ၏ရန်မှ တိမ်းရှောင်နေသော မိသားစုများထဲမှ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ (၃၆)ဦးအတွက် အလှူရှင်များက အလှူငွေများ၊ လုံချည်အဝတ်အစားများနှင့် ဗလာစာအုပ်များ လှူဒါန်းထောက်ပံ့ခြင်း အခမ်းအနားကို ၂၃-၆-၂၀၂၂ ရက်နေ့ ညနေ ၁၆:၀၀ နာရီ  အချိန်တွင် ပါတီဌာနချုပ် သင်တန်းကျောင်း၌ ပြုလုပ်ခဲ့ပါသည်။

Read more

ပါတီရှေ့လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းပွဲပြုလုပ်

လှည်းကူး၊ ဇွန်၂၃

(၂၃-၆-၂၀၂၂)ရက် နေ့လည်၁၁:၃၀နာရီမှ၁၃:၀၀ )အချိန်ထိလှည်းကူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဆဌမအကြိမ်ဗဟိုကော်မတီအစည်းအဝေး(၂၀၂၂)မှ ချမှတ်ခဲ့သော ပါတီရှေ့လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။

အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟိုအရံပါတီကော်မတီဝင်၊မြောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးမင်းသူထွန်း၊ ခရိုင်ပါတီအတွင်းရေးမှူးဒေါ်ချမ်းမြအေး၊ ခရိုင်ပါတီကော်မတီဝင်၊ စည်းရုံးရေးရာတာဝန်ခံ ဦးထွန်းထွန်းဦး၊ ခရိုင်လူငယ်တွဲဖက်တာဝန်ခံ ဦးဇင်မင်းဗိုလ်၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်မျိုးနိုင်၊ အတွင်းရေးမှုး၊ ဘဏ္ဍာရေးမှုး၊ မြို့နယ်ကော်မတီဝင်များနှင့် လှည်းကူးမြို့နယ်(၅၇) အုပ်စုရှိ ရပ်ကျေးပါတီဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။

Read more

ကွတ်ခို်င်မြို့နယ်အတွင်းရှိ စာသင်ကျောင်းခြောက်ကျောင်း သတိပေးစာများ ပေးပို့ခံရ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းခြောက် ကျောင်း ဇွန် ၂၁ ရက်က သတိပေးစာများပေးပို့ခံရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

Read more

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၇၀ ဦး ရှိပြီဖြစ်ဟု နစက ထုတ်ပြန်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်ဦးရေမှာ ဇွန် ၂၂ ရက်အထိ ၇၀ ဦးရှိပြီဖြစ်ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၁) ဦး တွေ့ရှိ

(၂၂-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၃-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (5,542) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂) ရာခိုင်နှုန်း ရှိပါသည်။

Read more

ယခုနှစ်တွင် ထိုင်းနိုင်ငံသို့ဧည့်အဝင် ၄၅သန်းရှိမည်

ဘန်ကောက် ၊ဇွန်၂၃

ထိုင်းလေဆိပ်အာဏာပိုင် (AOT) မှ ၂၀၂၂ခုနှစ်တွင် လေကြောင်းခရီးသည် ၄၅သန်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာမည်ဟု ကြာသပတေးနေ့တွင် ခန့်မှန်းထားသည်။

 ယခုနှစ်ကုန်တွင် လေကြောင်းခရီးစဉ်ပေါင်း ​လေးသိန်း (ကိုဗစ်မတိုင်မီ၏ ၃၃ မှ ၄၅ ရာခိုင်နှုန်းအထိ) ရှိလာမည်ဟု AOT မှ ပြောကြားခဲ့သည်။

Read more

ရုရှားကျူးကျော်စစ်ကို နာဇီဂျာမနီတို့ရဲ့လုပ်ရပ်နဲ့ ဇီလန်စကီး နှိုင်းယှဉ်ဝေဖန်

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ရုရှားအစိုးရရဲ့လုပ်ရပ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက် ယူနီယံကို ကျူးကျော်တိုက်ခဲ့တဲ့ နာဇီဂျာမနီတို့ရဲ့လုပ်ရပ်နဲ့ ထပ်တူထပ်မျှဖြစ်ပြီး အလွန်ဆိုးဝါးကြောင်း ယူကရိန်း သမ္မတ ဇီလန်စကီး က နှိုင်းယှဉ်ဝေဖန်လိုက်ပါတယ်။

ဂျာမနီအာဏာရှင်ဟစ်တလာရဲ့ နာဇီတပ်တွေဟာ ၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်က ဆိုဗီယက်ကို ကျူးကျော် တိုက်ခိုက်ခဲ့ပြီး ယမန်နေ့က ၈၁ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

Read more

ဒေါ်လာ ၃၄ ဘီလီယံတန် မြို့တော်သစ်ကို ဩဂုတ်တွင် တည်မည့်အင်ဒိုနီးရှား

ဂျာကာတာ၊ဇွန် ၂၃

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို သည် ဒေါ်လာ ၃၄ ဘီလီယံ ကုန်ကျမည်ဖြစ်သော မြို့တော်သစ်အား အမြန်တည်ဆောက်ရန် တွန်းအားပေးနေသောကြောင့် ဩဂုတ်လ၌ ၎င်းမြို့တော်သစ်တွင် အစိုးရ အဆောက်အအုံများ   စတင်ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါမြို့တော်သစ်အား နူစန်တာရာ ၌ ဆောက်လုပ်သွားမည်ဖြစ်ကာ သမ္မတ သည် ယင်းနေရာသို့ သွားရောက် ကြည့်ရှုခဲ့ပြီးဖြစ်သည်။

Read more

ဂါရတ်ဘေးလ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ကာဒစ်ဖ်အသင်း ဆွေးနွေးညှိနှိုင်းနေ

ဝေးလ်ကလပ်ကာဒစ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကနေ အလွတ်ထွက်ခွာခဲ့တဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ် ကို ခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းနေကြောင်း ဘေးလ်ရဲ့ကိုယ်စားလှယ်တွေက BBC ကို အတည်ပြုခဲ့ပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဘေးလ်ဟာ ရီးရဲလ်နဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် အသင်းဟောင်းစပါးကို ပြန်ကစားမယ်လို့သတင်းထွက်နေသလို အမေရိကန်မေဂျာလိဂ်ကိုသွားရောက်ကစားဖို့ စဉ်းစားနေကြောင်းလည်း သိရပါတယ်။ ဒါပေမဲ့ ကာဒစ်ဖ်အသင်းရဲ့ဥက္ကဌ မီမက်ဒယ်လန် က ဘေးလ်ရဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းခဲ့တာပါ။ ဘေးလ်ဟာ ကာဒစ်ဖ်မြို့မှာ မွေးဖွားကြီးပြင်းခဲ့သူလည်း ဖြစ်ပါတယ်။ BBC Sports

Read more

သင့်တော်တဲ့ကမ်းလှမ်းမှုရှိလာရင် နေမာကို PSG အသင်း ရောင်းချသွားဖွယ်ရှိ

တိုက်စစ်မှူးနေမာအတွက် တခြားကလပ်အသင်းတစ်ခုခုက သင့်တော်တဲ့ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာခဲ့ရင် PSG အသင်းဘက်က ရောင်းချသွားဖွယ်ရှိကြောင်း Goal.com ဝက်ဆိုက်က ဖော်ပြခဲ့ပါတယ်။

နေမာဟာ ၂၀၁၈ ခုနှစ်က ဘာစီလိုနာကနေ PSG  ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ရောက်လာခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ လတ်တလောမှာ PSG ဟာ နေမာရဲ့ လစာငွေအမြောက်အမြားကို ပေးချေနေရတဲ့အပြင် တိုက်စစ်မှူးဘက်ပီကို ဆက်ထိန်းထားဖို့ဆုံးဖြတ်လိုက်တာကြောင့် ကုန်ကျစရိတ်တွေ များပြားလာခဲ့ပါတယ်။

Read more