ပြင်ဦးလွင်ပြည်ခိုင်ဖြိုးက ကျောင်းသုံးဗလာစာအုပ်လှူဒါန်း

ပြင်ဦးလွင် ဇွန် ၂၇

ပြင်ဦးလွင် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည်   ကံကြီးကုန်းရွာ အလယ်တန်းကျောင်းနှင့် စည်သာကျေးရွာ အ.မ.က ကျောင်းများသို့ ကျောင်းသုံး ဗလာစာအုပ်များ လှူဒါန်းခဲ့သည်။


Read more

ပါတီရှေ့လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းပွဲပြုလုပ်

ရွှေပြည်သာ၊ ဇွန်၂၇

(၂၇-၆-၂၀၂၂)ရက် နေ့လည်၁၂:၀၀ နာရီမှ၁၄:၀၀ )အချိန်ထိ ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဆဌမအကြိမ် ဗဟိုကော်မတီအစည်းအဝေး(၂၀၂၂)မှချမှတ်ခဲ့သော ပါတီရှေ့လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။

အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟိုအရံပါတီကော်မတီဝင်၊ မြောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးမင်းသူထွန်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ချမ်းမြအေး၊ ခရိုင်ပါတီကော်မတီဝင်၊ စည်းရုံးရေးရာတာဝန်ခံ ဦးထွန်းထွန်းဦး၊ မြို့နယ်ပါတီဥက္ကဌ ဦးလင်းအောင်အောင်၊ အတွင်းရေးမှူး ဒေါ်မာမာမင်း၊ ဘဏ္ဍာရေးမှူး ဒေါ်သိဂီ်၊ မြို့နယ်ကော်မတီဝင်များနှင့် ရွှေပြည်သာမြို့နယ်(၂၇) ရပ်ကွက်ရှိ ရပ်ကျေးပါတီဥက္ကဌများတက်ရောက်ခဲ့ကြပါသည်။

Read more

ဘတ်၊ ကျပ်နှင့်ယွမ်၊ ကျပ် သုံးစွဲရေး တိုးချဲ့ဆောင်ရွက်မည်

မြန်မာ-ထိုင်းနဲ့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတို့မှာ ဘတ်/ကျပ်တိုက်ရိုက်ပေးချေမှုစနစ် အသုံးပြုမှုနဲ့ ယွမ်/ကျပ်တိုက်ရိုက်ပေးချေမှုစနစ် အသုံးပြုမှုတွေကို တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို တိုးချဲ့အသုံးပြုနိုင်ဖို့အတွက် အစည်းအဝေးကို ဇွန် ၂၆ ရက်က နေပြည်တော်မှာ သက်ဆိုင်ရာဌာနတွေ၊ ပြည်တွင်း ဘဏ်တွေ၊ ထိုင်းနဲ့ တရုတ်ဘဏ်တွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

Read more

ဗိုလ်လောင်းဝင်ခွင့်အတွက် အသက်တိုးမြှင့်ခေါ်ယူ

စစ်တက္ကသိုလ် သုံးခုအတွက် ဗိုလ်လောင်း ခေါ်ယူရာမှာ အရင်နှစ်ထက် အသက်တိုးမြှင့် ခေါ်ယူထားတယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြော ပါတယ်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၂) ဦး တွေ့ရှိ

(၂၆-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၉၂၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၄) ရာခိုင်နှုန်း ရှိပါသည်။

Read more

ယူကရိန်းနှင့်စစ်ဖြစ်ချိန်မှစ၍ ရုရှားသမ္မတ၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်

ရုရှားနိုင်ငံ၏သမ္မတ ဗလာဒီမာပူတင်သည် အာရှအလယ်ပိုင်းရှိယခင် ဆိုဗီယက်နိုင်ငံငယ်နှစ်ခုသို့ ယခုအပတ်အတွင်း သွားရောက်မည်ဖြစ်ကြောင်း ရုရှားရုပ်သံမီဒီယာများက တနင်္ဂနွေနေ့တွင်ကြေငြာခဲ့သည်။ယခုခရီးစဉ်သည် ရုရှား – ယူကရိန်းစစ်စတင်ချိန်မှစ၍ ပထမဆုံးတရားဝင်ကြေငြာကာသွားရောက်သောခရီးစဉ်ဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တာဂျစ်ကစ္စတန်နှင့် တာခ့်မင်နစ္စတန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကာ ထိုမှတစ်ဆင့် အင်ဒိုသမ္မတနှင့်မော်စကိုတွင်တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်ဟုသတင်း​များကဆိုသည်။

 ရုရှား၏မဟာမိတ်တစ်ဦးဖြစ်ပြီး ယခင်ဆိုဗီယက်နိုင်ငံတစ်ခု၏ သက်တမ်းအရှည်ဆုံးအုပ်ချုပ်သူဖြစ်သည့် တာဂျစ်သမ္မတမစ္စတာ Imomali Rakhmon နှင့်တာဂျစ်ကစ္စတန်၏မြို့တော် ဒူရှန်ဘဲတွင် သမ္မတပူတင်က သွား​ရောက် တွေ့ဆုံမည်ဖြစ်သည်။

Read more

ဘင်္ဂလားဒေ့ရှ်၏ အရှည်ဆုံးတံတား စတင်ဖွင့်လှစ်

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ နိုင်ငံရဲ့ အရှည်ဆုံး တံတားကြီးကို စနေနေ့မှာ အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့ပါတယ်။ နိုင်ငံရေးအားပြိုင်မှုတွေနဲ့ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေကြောင့် နှောင့်နှေးဆုတ် ယုတ်မှုတွေရှိနေတဲ့ကြားက အချိန် ရှစ်နှစ်ကြာတည်ဆောက်ခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အရှည်ဆုံးတံတားကြီးလည်း ဖြစ်ပါတယ်။

Read more

အယ်လ်ခီလိုင်ဖီကို စိတ်ခုနေတဲ့ တိုက်စစ်မှူး နေမာ ပီအက်စ်ဂျီ က ထွက်ခွာဖွယ်ရှိ

ဘရာဇီးတိုက်စစ်မှူး နေမာ က ပီအက်စ်ဂျီအသင်း ဥက္ကဌ အယ်လ် ခီလိုင်ဖီကို စိတ်ခုနေပြီး အသင်းကနေ ထွက်ခွာဖွယ်ရှိကြောင်း ပြင်သစ် က သတင်းတွေက ဖော်ပြကြပါတယ်။ ဇူလိုင် ၁ ရက်မှာ သူ့ရဲ့ ပီအက်စ်ဂျီ စာချုပ်က ၂၀၂၇ ခုနှစ် အထိ အလိုအလျောက် သက်တမ်း တိုးသွားမှာ ဖြစ်ပေမယ့် ၂၀၁၇ တုန်းက ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ယူရို ၂၂၂ သန်းနဲ့ပြောင်းရွှေ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံးသမားဖြစ်ခဲ့တဲ့ နေမာ က အသင်းပြောင်းဖို့ မျှော်မှန်းနေတယ်လို့ ဆိုပါတယ်။

Read more

ဒဏ်ရာရရှိထားခြင်းကြောင့် ပွဲမထိုးသတ်နိုင်ဖြင်းအပေါ်ပရိသတ်များကို ထီရီယ်လ်ထန် တောင်းပန်

မြန်မာ MMA ကစားသမားဖြစ်သူ ချင်းတိုင်းရင်းသား ထီရယ်လ်ထန်က လတ်တလောတွင် ဒဏ်ရာရရှိထားခြင်း ကြောင့် ပွဲမထိုးသတ်နိုင်ခြင်းအတွက် ပရိသတ်များကို တောင်းပန်ကြောင်း သူ၏ Facebook လူမှု ကွန်ယက်စာမျက်နှာမှ တောင်းပန်စကား ပြောကြားခဲ့သည်။

Read more

ကမ္ဘာ့ ပမာဏအများဆုံး 1.5TB microSD Card ကို မိတ်ဆက်လိုက်တဲ့ Micron

စမတ်ဖုန်းတွေ စထွက်ပေါ်လာတဲ့အချိန်မှာ Memory Card တွေဟာ Megabytes ပမာဏပဲ ပါလာပါသေးတယ်။ အခုတော့ Terabyte ပမာဏ ဝင်ဆန့်တဲ့ microSD Card တွေ ထွက်လာပါပြီ။ အခုလည်း Micron က စံချိန်သစ်တင်လိုက်ပြန်ပါပြီ။

Read more