မြန်မာအလုပ်သမား ၁၅၀ ဦးတောင်ကိုရီးယားနိုင်ငံသို့ ထပ်မံရောက်ရှိ

မြန်မာနိုင်ငံသား တရားဝင်အလုပ်သမား ၁၅၀ ဦးသည် တောင်ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ဇွန် ၂၈ ရက်တွင် ရန်ကုန်လေဆိပ်မှတဆင့် အင်ချွန်းလေဆိပ်သို့ ထွက်ခွာရောက်ရှိခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာအလုပ်သမားများမှာ Re-entry လုပ် သားအဖြစ် ပြန်လည် ဝင်ရောက်လာသည့် ကုန်ထုတ်လုပ်သား ၁၃၃ ဦးနှင့်စိုက်ပျိုးရေးလုပ်သား ၁၇ ဦး(စုစုပေါင်း ၁၅၀ ဦး)ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက် နာသင့်သည့် အချက်များအားမှာကြားကာ လိုအပ်သည်များကူညီပံ့ပိုးပေးခဲ့သည်။ တောင်ကိုရီးယားနိုင်ငံအစိုးရသည် မြန်မာနိုင်ငံမှ တရားဝင်အလုပ်သမားများ အား ပြန်လည်လက်ခံလျက်ရှိသည်။

Read more

ဆိုင်ငံ့ငွေပေးချေမှုဖြင့် စက်သုံးဆီတင်သွင်းနိုင်ရေးစီစဉ်

ပြည်တွင်း စက်သုံးဆီ ဝယ်ယူတင်သွင်းရာမှာ ဆိုင်းငံ့ငွေပေးချေမှုစနစ်နဲ့ တင်သွင်းနိုင်ဖို့အတွက် ညှိနှိုင်းစီစဉ် နေတယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၊ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။ ဆိုင်းငံ့စနစ်နဲ့ စက်သုံးဆီ တင်သွင်းနိုင်ဖို့အတွက် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အဆိုပြု ဖိတ်ခေါ်ထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ လတ်တလောမှာတော့ စက်သုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ ညှိနှိုင်း စီစဉ်နေတုန်း ဖြစ်တယ်လို့ ဦးဝင်းမြင့်ကပြောပါတယ်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၉) ဦး တွေ့ရှိ

(၂၇-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၁၁၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၅) ရာခိုင်နှုန်း ရှိပါသည်။

Read more

နေတိုးကခရိုင်မီးယားသို့ ကျူးကျော်လာပါက တတိယကမ္ဘာစစ်ဖြစ်လာနိုင်သည်ဟု ရုရှားသမ္မတဟောင်း မက်ဗီဒက် ပြောကြား

နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ခရိုင်မီးယားကျွန်းဆွယ်သို့ ကျူးကျော်ဝင်ရောက်မည်ဆိုပါက ရုရှားအား စစ်ကြေညာလိုက်ခြင်းဟုယူဆမည်ဖြစ်ကာ တတိယကမ္ဘာစစ်သို့ ဦးတည်သွားနိုင်ကြောင်း ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က ဇွန် ၂၇ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့အတွက် ခရိုင်မီးယားဟာ ထာဝရ ရုရှားပိုင်နယ်မြေဖြစ်ပါတယ်။ ဒါကြောင့် ခရိုင်မီးယားကို ချဉ်းကပ်လာတဲ့ ဘယ်လိုကျူးကျော်မှုမျိုးမဆို ကျွန်တော်တို့နိုင်ငံကို စစ်ကြေညာတာနဲ့အတူတူပါပဲ”ဟု မက်ဗီဒက်က  Argumenty i Fakty သတင်းဌာန သို့ပြောကြားခဲ့သည်။

Read more

အမေရိကန်မှာ စွန့်ပစ်လော်ရီကားပေါ်မှ လူ ၄၀ ကျော် သေဆုံးလျက်တွေ့ရှိ

အမေရိကန်နိုင်ငံ ၊ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့ပြင်ပမှာ စွန့်ပစ်ထားခဲ့တဲ့ လော်ရီကားပေါ်မှာ ရွှေ့ပြောင်းနေထိုင်သူတွေလို့ ယုံကြည်ရတဲ့ လူပေါင်း အနည်းဆုံး ၄၆ ဦးကို သေဆုံးလျက် တွေ့ရှိခဲ့ရပါတယ်။

Read more

အသင်းဟောင်းနှင့် ဖာနန်ဒင်ဟို ပြန်လည်ပူးပေါင်း

ဘရာဇီးကွင်းလယ်လူ ဖာနန်ဒင်ဟိုဟာ မွေးရပ်မြေကလပ်ဖြစ်တဲ့ အသင်းဟောင်း အက်သလက်တီကို ပါရာနန်စီနဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ဖာနန်ဒင်ဟိုအနေနဲ့ ၉ နှစ်ကြာကစားခဲ့တဲ့ မန်စီးတီး အသင်းနဲ့ ဒီနှစ်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ခဲ့တာပါ။ ဒါကြောင့် ကမ်းလှမ်းမှုတွေ အများအပြားရှိခဲ့ပေမယ့် အသင်းဟောင်းနဲ့ ပြန်လက်တွဲဖို့သာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးကစားသမားဘဝ ၃၈၃ ပွဲအထိကစားပြီး ၂၆ ဂိုးသွင်းယူခဲ့တဲ့ ဖာနန်ဒင်ဟိုဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု ၅ ကြိမ် အပါအဝင် ဆုဖလား ၁၃ လုံးအထိ ရယူနိုင်ခဲ့တာပါ။ ၁၇ နှစ်အကြာမှာ အသင်းဟောင်းဆီ တစ်ကျော့ပြန်ရောက်ရှိလာခဲ့တဲ့ ဖာနန်ဒင်ဟိုအနေနဲ့ ချဲလ်ဆီးနည်းပြဟောင်း ဘရာဇီးလူမျိုး စကိုလာရီနဲ့ လက်တွဲရမှာ ဖြစ်ပါတယ်။

Read more

အမျိုးသမီး ပီဂျီအေချန်ပီယံရှစ် မေဂျာဂေါ့ဖ်ပြိုင်ပွဲတွင် အင်ဂီးချွန် အနိုင်ရဗိုလ်စွဲပြီး တတိယမြောက် မေဂျာ အောင်မြင်မှုရရှိ

၂၀၂၂  LPGA Tour ဂေါ့ဖ်ပြိုင်ပွဲရာသီအတွက် တတိယမြောက် မေဂျာပြိုင်ပွဲဖြစ်သည့် အမျိုးသမီးပီဂျီအေ ချန်ပီယံရှစ်(KPMG Women’s PGA Championship) ပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသူ အင်ဂီးချွန် အနိုင်ရဗိုလ်စွဲပြီး ကစားသမားဘဝတစ်လျှောက် တတိယမြောက် မေဂျာချန်ပီယံအောင်မြင်မှု ရရှိခဲ့ကြောင်း သိရသည်။ ၆၇ ကြိမ်မြောက် အမျိုးသမီးပီဂျီအေချန်ပီယံရှစ်ပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဘီသက်စ်ဒါမြို့   Congressional Country Club ဂေါ့ဖ်ကွင်း၌ ဇွန် ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

Read more

ဘက်ထရီပြတ်လပ်မှုကြောင့် တက်စ်လာ ကားစက်ရုံသစ်များ ဒေါ်လာဘီလီယံများစွာ အရှုံးပေါ်နေ

တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ဘက်ထရီတွေ ရှားပါးပြတ်လပ်မှု ကြောင့် အမေရိကန်နဲ့ ဂျာမနီမှာရှိတဲ့ တက်စ်လာ လျှပ်စစ်ကားစက်ရုံ သစ်တွေဟာ ဒေါ်လာဘီလီယံများစွာ အရှုံးပေါ်နေကြောင်း ကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ အီလွန်မာ့ခ်က ထုတ်ဖော်ပြောဆိုပါတယ်။

ဒါ့အပြင် တက်စ်လာစက်ရုံကြီးတစ်ရုံရှိတဲ့ ရှန်ဟိုင်းအပါအဝင် တရုတ်နိုင်ငံမှာ ယခုနှစ်အတွင်း ချမှတ်ခဲ့တဲ့ ကိုဗစ်(၁၉)ဆိုင်ရာ ကန့် သတ်ချက်တွေကြောင့် အဲဒီစက်ရုံရဲ့ လုပ်ငန်းလည်ပတ်မှုတွေဟာလည်း ခက်ခဲလာတယ်လို့ အီလွန် မာ့ခ်က ပြောပါတယ်။

Read more

စွမ်းဆောင်ရည်မြင့် 3nm Chips များ အမြောက်အမြား ဆမ်ဆောင်း ထုတ်လုပ်တော့မည်

တောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်း ကုမ္ပဏီဟာ နည်းပညာမြင့် 3nm Chips တွေကို လာမယ့်သီတင်းပတ်က စပြီး အမြောက်အမြား ထုတ်လုပ်တော့မယ်လို့ ယွန်ဟတ်သတင်းဌာန က ဖော်ပြထားပါတယ်။

ဒီနှစ် ဒုတိယနှစ်ဝက်အတွင်း 3nm Chips တွေထုတ်လုပ်ဖို့ရည်မှန်းထားတဲ့ TSMC ထက်ခြေတစ်လှမ်းအသာနဲ့ ဆမ်ဆောင်းက အခုလိုထုတ်လုပ်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ ဒီအမျိုးအစားဟာ 5nm Chips တွေထက် စွမ်းဆောင်ရည် ၃၀ ရာခိုင်နှုန်း ပိုမိုမြင့်မားပြီး ပါဝါသုံးစွဲမှုကတော့ ၅၀ ရာခိုင်နှုန်း လျော့နည်းပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ ထောက်ပံ့မှုဖြင့် ဖာပွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဖာပွန်၊ ကမမောင်း တိုက်ပွဲရှောင်အိမ်ထောင်စုများအား ဆန်နှင့်ဆီများ သွားရောက်ထောက်ပံလှူဒါန်းခြင်း

ကမမောင်း  ဇွန်  ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၏ ထောက်ပံ့ပေးမှု၊ ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဖာပွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ နှင့် ကော်မတီ၀င်များသည် ၂၆-၆-၂၀၂၂ နေ့ နေ့လည် ၁၂:၀၀ အချိန် ကမမောင်းမြို့ ကိုးန၀င်းဘုန်တော်ကြီးကျောင်းရှိ ဓမ္မာရုံတွင် တိုက်ပွဲရှောင်အိမ်ထောင်စု (၂၀၀)စုနှင့် ၂၇-၆-၂၀၂၂ နေ့ နံနက် ၁၀:၃၀ အချိန် ကမမောင်းမြို့ အုန်းတောဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် တိုက်ပွဲရှောင် အိမ်ထောင်စု (၄၈၈)စု၊ စုစုပေါင်း တိုက်ပွဲရှောင် အိမ်ထောင်စု(၆၈၈)စုအတွက် တစ်အိမ်ထောင်လျှင် ဆန် ၁အိတ်နှင့် ဆီ၁ ဗူးစီ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

Read more