ကွမ်းခြံကုန်းမြို့နယ်အတွင်း ဆိုင်ကယ်နှင့်ဘက်ထရီစက်ဘီး စီးနင်းခွင့် ပိတ်ပင်

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်အတွင်း ဇွန် ၂၅ ရက် ညပိုင်းက ရက်အကန့်အသတ်မရှိ ဆိုင်ကယ်နှင့် ဘက်ထရီ စက်ဘီး စီးနင်းခွင့်ပိတ်ပင်သည်ဟု အသိပေးကြေညာခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရက်အကန့်အသတ်မရှိ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်သည့်မြို့နယ် ခြောက်မြို့နယ်အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

Read more

ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲနှင့် အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်းများ သြဂုတ်လတွင် စတင်မည်

ကိုရီးယာနိုင်ငံ၌ အလုပ်လုပ်ကိုင်လိုသည့် မြန်မာအလုပ်သမားများအတွက် ဘာသာစကားအရည်အချင်းစစ် စာမေးပွဲနှင့် အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်းစာမေးပွဲများကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှစတင်ကာ လုပ်ငန်း အမျိုးအစားအလိုက် ဖြေဆိုရမည်ဖြစ်ကြောင်း နစက၏ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

ကိုရီးယားသမ္မနိုင်ငံ၏ အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားရာတွင် အလုပ်လုပ်ကိုင်သူ၏ ကျွမ်းကျင်မှု၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှင့်အတွေ့အကြုံများပါ စစ်ဆေးခြင်းဖြစ်ပြီး အထူးသဖြင့် မျက်စိအရောင်ခွဲခြားနိုင်မှုမရှိခြင်းနှင့် ကိုယ်လက်အင်္ဂါချို့ယွင်းချက်ရှိသူများသည် စာမေးပွဲအောင်မြင်ခွင့်ရရှိမည်မဟုတ်ကြောင်းသိရသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၆) ဦး တွေ့ရှိ

(၂၈-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (5,442) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၆) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၁) ရာခိုင်နှုန်း ရှိပါသည်။

Read more

ရုရှားခြိမ်းခြောက်မှုကိုကာကွယ်ရန် နေတိုးအဖွဲ့ အတွင်းစစ်အင်အားတိုးမြှင့်မည်ဟုအမေရိကန် ကြေညာ

စပိန်နိုင်ငံရှိ ရိုတာအခြေစိုက်ရေတပ်စခန်းသို့ နောက်ထပ်ဖျက်သင်္ဘောနှစ်စီး စေလွှတ်မည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အင်္ဂါနေ့တွင် ကြေညာခဲ့ပြီး အဆိုပါနေရာ၌အခြေစိုက်ထားသည့် အမေရိကန်ဖျက်သင်္ဘောပေါင်း ခြောက်စီးအထိ ရှိလာမည်ဖြစ်သည်။

“စစ်ပွဲမစခင်မှာ ကျွန်တော်တို့ပြောခဲ့သလိုပဲ ပူတင်က ယူကရိန်းကို တိုက်ခိုက်ခဲ့မယ်ဆိုရင် အမေရိကန်က ဥရောပမှာ ကျွန်တော်တို့ရဲ့ အင်အား အနေအထားကို မြှင့်တင်ပြီး ဥရောပလုံခြုံရေးနယ်ပယ်အသစ်ရဲ့ လက်တွေ့ကျမှုအတွက် တုံ့ပြန်မှာပါ။” ဟု စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်နှင့်အတူ ပြောကြားခဲ့သည်။

Read more

ဂျပန်နိုင်ငံတွင်လျှပ်စစ်ဓာတ်အားလျော့နည်းချိန် အပူလှိုင်းဖြတ်

ဂျပန်နိုင်ငံတွင် စံချိန်တင်အပူဆုံးနေ့များ​ကျော်ဖြတ်​နေရချိန်  လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ကို စိုးရိမ်​နေကြရသည်။

ထို့​ကြောင့် ဝန်ကြီးချုပ် က နျူကလီးယား စွမ်းအင် သုံးစွဲမှု မြှင့်တင်ရန် တောင်းဆိုခဲ့သည်။

တိုကျိုမြို့အနီးတစ်ဝိုက်တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ရှိ​နေပြီး ဇူလိုင် ၅ ရက်ထိတိုကျိုအပူချိန်သည် ၃၀ ဒီဂရီ စင်တီဂရိတ်​အောက်သို့ ပြန်လည်ကျဆင်းမည်မဟုတ်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီကခန့်မှန်းထားသည်။

Read more

မအိပ်ခင် ဖုန်းသုံးရင် ဘာတွေဖြစ်လာနိုင်မလဲ

ညဆို အိပ်ရာပေါ် ရောက်တာနဲ့ တန်းမအိပ်သေးဘဲ ဖုန်းသုံးဖြစ်ကြတယ်မလား။ မအိပ်ခင် တချို့က ဆိုရှယ်မီဒီယာတွေ သုံးတယ်။ တချို့ကျတော့ ဖုန်းနဲ့ ဇာတ်ကားတွေကြည့်တယ်။ ဂိမ်းဆော့တယ်။ ဒါတွေကို ကျွန်တော်တို့အများစု လုပ်မိနေကြတာပါ။ မအိပ်ခင် ဖုန်းမသုံးဘဲ နေဖို့ ခဲယဉ်းလှပေမဲ့ အဲဒီလိုလုပ်ရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေရှိတာကြောင့် သတိပြုဆင်ခြင်လို့ရအောင် ဖော်ပြပေးလိုက်ရပါတယ်။

သင့်မျက်စိကို ထိခိုက်စေနိုင်တယ်

Read more

ပြည်ခိုင်ဖြိုးပါတီ မိသားစုဝင်များစုပေါင်း၍ အာဟာရဒါန ကျွေးမွေး

မိုးညှင်း ဇွန် ၂၈

မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မိသားစုများစုပေါင်း၍ ယနေ့နံနက် ၁၀:၃၀အချိန် ကာဒူကျေးရွာအုပ်စု အလယ်တန်းကျောင်း(ခွဲ)ကျောင်းသား/သူ ၃၀၀ ကျော် ထွန်းမူကြိုကျောင်းမှ ခလေးများနှင့် ခရစ်ယာန်မူကြိုခလေးများကို ပြည်ခိုင်ဖြိုးပါတီမိသားစုများ စုပေါင်း၍အာဟာရဒါနကျွေးမွေးခဲ့ကြသည်။

စုပေါင်းအာဟာရဒါနကျွေးမွေးပွဲကို ခရိုင်အတွင်းရေးမှူး ဦးခိုင်ဇော်ထွန်း ခရိုင်လူငယ် နိုင်မင်းထွန်း၊ စိုးဟေမာ မြို့နယ်ဥက္ကဌ ဦးထက်အောင် အတွင်းရေးမှူး ဦးဇော်ဝင်း မစန်းစန်းဝင်းနှင့် ကာဒူကျေးရွာ ပါတီဝင် မိသားစုများနှင့်အတူကျွေးမွေး ခဲ့ကြပြီးရွာဦးကျောင်းဆရာတော်အား သွားရောက်ကန်တော့ခဲ့ကြသည်။

Read more

ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးပြန်လည်လွတ်မြောက်လာသူ ၉၆ ဦး အပါအဝင် ၁၈၃ ဦး အား လက်ခံကြိုဆို

Read more