ချန်ပီယံဆုပြန်ရရန် ဂျော့ရှူအာ ရည်မှန်းထား

ဗြိတိန်လက်ဝှေ့သမား ဂျော့ရှူအာနဲ့ ယူကရိန်းလက်ဝှေ့သမား အူဆက်ခ်တို့ရဲ့ မကျေပွဲအတွက် သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ရာမှာ ဂျော့ရှူအာက ချန်ပီယံဆုတွေကို ပြန်လည်ရယူဖို့အတွက် အကောင်းဆုံး ပြင်ဆင်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။ ဂျော့ရှုအာနဲ့ အူဆက်ခ်တို့ရဲ့ ပထမအကြိမ်ဆုံတွေ့မှုအဖြစ် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ထိုးသတ်ခဲ့ရာမှာ အူဆက်ခ်အနိုင်ရခဲ့ပြီး ဂျော့ရှူအာရဲ့ ဟဲဗီးဝိတ်တန်း ချန်ပီယံဆုတွေကို ရယူသွားခဲ့တာဖြစ်ပါတယ်။ အခုမကျေပွဲကိုတော့ လာမယ့်ဩဂုတ် ၂၀ ရက် ဆော်ဒီနိုင်ငံ ဂျက်ဒက်မြို့မှာ ထိုးသတ်မှာဖြစ်ပါတယ်။ အူဆက်ခ်ရဲ့ အားနည်းချက်တွေကို အကောင်းဆုံးလေ့လာထားပြီးဖြစ်လို့ အခွင့်အရေးရတာနဲ့ အလဲထိုးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဂျော့ရှူအာက ပြောခဲ့ပါတယ်။ ယူကရိန်းနိုင်ငံသား အူဆက်ခ်ကတော့ စစ်ဘေးဒဏ်ခံနေရတဲ့ ယူကရိန်းပြည်သူတွေကို နိုင်ပွဲနဲ့အတူ ပျော်ရွှင်မှုတွေ ယူဆောင် ပေးသွားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Read more

နျူကလီးယားလက်နက်မပြန့်ပွားရေး ဆွေးနွေးရန် ရုရှားက တံခါးဖွင့်ထားကြောင်း ပူတင် ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန် ၃၀ ရက် ကြာသပတေးနေ့၌ ၎င်း၏မွေးရပ်မြေ စိန့်ပီတာစ်ဘတ်မှာ ပြုလုပ်သော ဥပဒေရေးရာ ဆွေးနွေးပွဲတွင် ရုရှားသည် မဟာဗျူဟာမြောက် တည်ငြိမ်မှု ရှိစေရေး၊ အဖျက်စွမ်းအားကြီး လက်နက်များ မပြန့်ပွားရေး အတွက် ချမှတ်ထားသည့် စနစ်များအား ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် လက်နက်ထိန်းချုပ် အခြေအနေများ ပိုမိုတိုးတက်လာစေရေးအတွက် ဆွေးနွေးမှုများပြုလုပ်ရန် တံခါးဖွင့်ထားကြောင်း  ပြောကြားခဲ့သည်။ မော်စကိုနှင့် ဝါရှင်တန်တို့သည် နျူကလီးယားလက်နက်ကိစ္စနှင့် ပတ်သက်၍ အဆက်အသွယ်မပျက် ဆွေးနွေးပြောဆိုရန် အရေးကြီးကြောင်း အလေးပေးပြောကြားထားသည်။

Read more

ဥရောပတဝန်းမှာ အမေရိကန်ရဲ့စစ်အင်အားတိုးမြှင့်ချထားမယ်

ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ပတ်သက်ပြီး နေတိုးအဖွဲ့က စစ်ရေးအရ တုန့်ပြန်ပုံပြောင်းလဲဖို့ သဘော တူလိုက်တဲ့ နောက်ပိုင်း အမေရိကန်ကလည်း ဥရောပတဝန်းမှာ စစ်အင်အား တိုးချဲ့ချထားဖို့ ဆုံးဖြတ်လိုက်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။  အထူးသဖြင့် အမေရိကန်အစိုးရဟာ ပိုလန်မှာ အမြဲတမ်း စစ်အခြေစိုက် စခန်းတစ်ခုတည်ဆောက်ထားရှိမှာဖြစ်ပြီး စပိန်ကိုလည်း စစ်သင်္ဘောအုပ်စုတွေ စေလွှတ်မယ်လို့သိရပါတယ်။ ဒါ့အပြင် ရိုမေးနီးယားကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး တိုက်လေယာဉ်အုပ်စုကို ဗြိတိန်လေတပ်နဲ့ပူးပေါင်းစေမယ်လို့ သိရပါတယ်။ နေတိုးအဖွဲ့ကတော့ ဥရောပမှာ လက်ရှိတပ်ဖွဲ့ဝင်အင်အား ၄၀၀၀၀ ခန့်ကနေ ၃ သိန်းကျော်အထိ အသင့်ချထားမှာဖြစ်ပြီး ဒါဟာ စစ်အေးခေတ်နောက်ပိုင်း နေတိုးရဲ့အကြီးမားဆုံးအပြောင်းအလဲဖြစ်လာမှာပါ။ (BBC)

Read more

ရထားလက်မှတ်ခ ဈေးနှုန်းများ ၅၀ ရာခိုင်နှုန်းတက်

လက်ရှိပြေးဆွဲနေတဲ့ အဝေးပြေးရထားလက်မှတ်ခတွေရဲ့ဈေးနှုန်းတွေကို ဇူလိုင် ၁ ရက်ကစပြီး ၅၀ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်တယ်လို့ ရန်ကုန်ဘူတာကြီးက ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်ကပြောပါတယ်။ ဇူလိုင် ၁ ရက်ထွက်မယ့် ရထားလက်မှတ်တွေကို ဇွန် ၃၀ ရက် ရက်ကြိုရောင်းကတည်းက တိုးမြှင့်နှုန်းထား အသစ်နဲ့ စတင်ရောင်းချနေပြီဖြစ်တယ်လို့လည်း ပြောပါတယ်။

Read more

နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းအား ကျန်းမာရေးဝန်ကြီးဌာနမှ ဖြေလျော့ပေးခဲ့

မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုနှင့်သေ ဆုံးမှုနှုန်း လျော့နည်းကျဆင်းလာသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းအား ဖြေလျော့ပေးခဲ့ကာ မဖြစ်မနေတပ်ဆင်ရမည့်နေရာများအား ဇွန် ၃၀ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

နှာခေါင်းစည်း(Mask)အား အခန်းတွင်း၌ လူတစ်ဦးနှင့်တစ်ဦးနီးကပ်စွာရှိနေချိန်နှင့်အများပြည်သူအသုံးပြုသည့် ကား၊မီးရထား၊သင်္ဘော၊လေယာဉ်အစရှိသည့် ယာဉ်များဖြင့် ခရီးသွားလာရာ၌ မဖြစ်မနေတပ်ဆင်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးခဲ့သည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၃) ဦး တွေ့ရှိ

(၂၉-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၅၅၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၃) ရာခိုင်နှုန်း ရှိပါသည်။

Read more

လပတ်ပုံမှန်အစည်းအဝေးပြုလုပ်

မိုးမိတ် ဇွန် ၃၀

ယနေ့နံနက် (၁၀)နာရီတွင်မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌မြို့နယ်ကော်မတီဝင်များ ပုံမှန်လပတ်အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ အရန်ဗဟိုကော်မတီဝင် ဒေါက်တာမောင်တီနှင့်ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးမြင့်တို့ တက်ရောက်ခဲ့ကြပြီး အရန်ဗဟိုကော်မတီဝင် ဒေါက်တာမောင်သီ မှ ဆဌမအကြိမ်​ဗဟိုကော်မတီအစည်းအဝေးမှ ချမှတ်ခဲ့သော ရှေ့လုပ်ငန့်းစဉ်များအား ရှင်းလင်းခဲ့ပါသည်။


Read more

လမ်းပြုပြင်ရန်အတွက် အလှူငွေထောက်ပံ့လှူဒါန်း

လားရှိုး ဇွန် ၃၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိူးမြို့ ရပ်ကွက် ၁ နယ်မြေ ၈ နေ ပြည်သူများ၏ တင်ပြလာချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ်ကော်မတီဝင် ဦးကျော်ဇော်ဝင်း၊ ခရိုင်ပါတီဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူးနှင့် မြို့နယ်ပါတီဥက္ကဋ္ဌအဖွဲ့များသည် လားရှိုးမြို့ ရပ်ကွက် ၁ နယ်မြေ ၈ အတွင်း လမ်းများပြုပြင်ရန်လိုအပ်သော နေရာများကို လှည့်လည်ကြည့်ရှု့ပြီး အလှူငွေများပေးအပ်ခဲ့ပါသည်။

Read more

ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေး

လားရှိုး ဇွန် ၂၉

လားရှိုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကျေးပါတီ ဥက္ကဌများ တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်းသိရပါသည်။

 


Read more

YBS ယာဉ်စီးခအား QR Code ဖြင့်ပေးချေနိုင်ရန် ဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာပြေးဆွဲနေတဲ့ YBS ယာဉ်တွေအားလုံးရဲ့ ယာဉ်စီးခပေးချေတာတွေကို YPS ကတ် ငွေပေးချေစနစ်အပြင် QR Code System နဲ့ ပေးချေနိုင်ဖို့အထိ ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ အခုလို ဆောင်ရွက်တာဟာ ယာဉ်စီးခ ပိုမိုကောက်ခံတာတွေ၊ ငွေအကြွေပြဿနာတွေနဲ့ မလိုလားအပ်တဲ့ပြဿနာတွေ ပြေလျော့စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

Read more