အမေရိကန်လေဆိပ်များတွင် မျက်နှာများကို သိမှတ်နိုင်သည့် နည်းပညာအား စတင်အသုံးပြု

မျက်နှာများကို သိမှတ်နိုင်သော နည်းပညာကြောင့် အလွန်အကျွံ စေ့စေ့စပ်စပ်စစ်ဆေးခြင်းများကို ဖြစ်ပေါ်စေနိုင် သော်လည်း ဝါရှင်တန်ရှိ ဒါလပ်စ်လေဆိပ်တွင် စတင်အသုံးပြုနေသော ယင်းစနစ်သစ်မှာမူ ခရီးသွားများ ပြည့်ကျပ်ခြင်းကို လျှော့ချရာတွင် ကူညီပေးနိုင်သည့် အကျိုးပြုသော နည်းလမ်းတစ်ခုဟု အမွှမ်းတင်ခံနေရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး အာဆီယံအလှည့်ကျ ဥက္ကဌ ၏ အထူးကိုယ်စားလှယ် Excellency PARK Sokhonn (Deputy Prime Minister, Minister of foreign Affairs and lnternational Cooperation of the Kingdom ofCambodia and Special Envoy of the ASEAN Chair.) ဦးဆောင်သောအဖွဲ့နှင့် နိုင်ငံရေးပါတီများ တွေဆုံသော အခမ်းအနားသို့ တက်ရောက်

ရန်ကုန်- ဇူလိုင်  ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးတို့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့  Lotte Hotel ၌ ကျင်းပပြုလုပ်သည့် အာဆီယံအလှည့်ကျဥက္ကဌ ၏ အထူးကိုယ်စားလှယ် Excellency PARK Sokhonn နှင့်နိုင်ငံရေးပါတီများတွေ့ဆုံသည့်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အဆင့်ဆင့်တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရန်ကုန် ။ ။ ဇူလှိုင် (၃)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး သည် (၂.၇.၂၀၂၂) နေ့လည်ပိုင်းက သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး ပါတီ တာဝန်ရှိသူအဆင့်ဆင့်နှင့် တွေ့ဆုံခဲ့ပြီး လတ်တလော ဖြစ်ပေါ်နေသောအခြေအနေများနှင့် ပါတီ၏ ​ရှေ့ဆက်ဆောင်ရွက်မာ့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။

Read more

ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် စာရေးကိရိယာများ ထောက်ပံ့

တောင်ဥက္ကလာ ဇူလိုင် ၃

တောင်ဥက္ကလာပမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်မိသားစုအတွင်း တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုဆုကြေးများ ပေးအပ်ချီးမြှင့်ခြင်း၊ ကျောင်းသားကျောင်းသူများအား စာရေးကိရိယာနှင့် ထောက်ပံ့ကြေးများ ပေးအပ်ခြင်းအခမ်းအနား  ပြုလုပ်ကျင်းပခဲ့ပါသည်။


Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၆) ဦး တွေ့ရှိ

(၂-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၀၃၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၆) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၅) ရာခိုင်နှုန်း ရှိပါသည်။

Read more

မြန်မာ-တရုတ် နှစ်နိုင်ငံ ကုလသမဂ္ဂနှင့်အာဆီယံတွင် နှစ်နိုင်ငံကြားပိုမိုနီးကပ်စွာ ပူးပေါင်းဆောင် ရွက်သွားရေးအား ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ အထူးဆွေးနွေးခဲ့

နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ဇူလိုင် ၃ ရက် နံနက် ၁၁ နာရီက ပုဂံမြို့၊ နန်းမြင့်မျှော် စင်၊ဘုရင့်နောင်ခန်းမ၌ တွေ့ဆုံစဥ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံကြား ရှိရင်းစွဲဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးအား ပိုမိုမြှင့်တင်သွားရေး၊ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်သွားရေး၊ တရုတ်နိုင်ငံမှ ဓါတ်မြေဩဇာများ မြန်မာနိုင်ငံသို့ ပိုမိုတင်သွင်းနိုင်ရေး၊မြန်မာနိုင်ငံမှ လယ်ယာနှင့်ရေထွက်ကုန်များအား တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့သွားနိုင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

Read more

မလေးရှားသို့ တရားမဝင်သွားမည့် မြန်မာအလုပ်သမားများ ထိုင်းတွင် ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်မည့် မြန်မာအလုပ်သမား ၂၂ ဦးကို ထိုင်းနိုင်ငံ စွန်ခရာခရိုင်၌ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများတွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက်၊ ညပိုင်းတွင် မလေးရှား-ထိုင်းနယ်စပ်တစ်ခုဖြစ်သည့် စွန်ခရာခရိုင်၌ ထိုင်းအာဏာပိုင်များက ကားလေးစီးကို ဖမ်းဆီးခဲ့ရာ ကားနှစ်စီးကိုသာ ဖမ်းဆီးရမိခဲ့ပြီး ကျန်ကား နှစ်စီးမှာ ထွက်ပြေးခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့်ကားနှစ်စီးအနက် တစ်စီးမှာလမ်းကြောင်းရှင်း လမ်းကြောင်းကြည့် ကားသာဖြစ်ပြီး ကျန်ကားတစ်စီး၏အနောက်ခန်းထဲတွင် တရားမဝင်လိုက်ပါလာသည့် မြန်မာအလုပ်သမား ၂၂ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Read more

ကိုဗစ်ကူးစက်မှု တိုးလာသဖြင့် ပြည်တွင်းလေကြောင်းလိုင်းများတွင် နှာခေါင်းစည်းတပ်ဆင်ရန် ပါကစ္စတန် အမိန့်ထုတ်

နိုင်ငံတစ်ဝန်း ကိုဗစ်ကူးစက်ခံရသူ အရေအတွက် တဖြည်းဖြည်းမြင့်တက်လာခြင်းကြောင့် ပါကစ္စတန်မြို့ပြ လေကြောင်းအာဏာပိုင်အဖွဲ့က ပြည်တွင်း လေကြောင်းလိုင်းများတွင် နှာခေါင်းစည်းများ  မဖြစ်မနေတပ်ဆင် ရမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ပါကစ္စတန်၏အကြီးဆုံးမြို့ ကာရာချီတွင် ကိုဗစ်လူနာတွေ့ရှိမှု အချိုးသည် တစ်နိုင်ငံလုံးရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက ၂၁ ရာခိုင်နှုန်းအထိမြင့်တက်လာကြောင်းအစီရင်ခံပြီး နောက်တစ်ရက်တွင် အဆိုပါအမိန့်ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ယခုအခြေအနေများကြောင့် ပြည်တွင်းလေကြောင်းလိုင်းများတွင် နှာ‌ခေါင်းစည်းမဖြစ်မနေတပ်ဆင်ရန် လိုအပ်လိမ့်မည်” ဟု ပါကစ်စတန်မြို့ပြလေကြောင်းအာဏာပိုင်(PCAA) က တနင်္ဂနွေနေ့ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

Read more