TikTok ကို မဖယ်ရှားပါက ဖြေရှင်းချက်ပေးဖို့ Apple နှင့် Google ကို အက်ဖ်စီစီ တိုက်တွန်း

ဗီဒီယိုမျှဝေတဲ့ TikTok ကို အက်ပလီကေးရှင်းစတိုးတွေကနေ ဖယ်ရှားဖို့ Apple နှင့် Google ကို အမေရိကန် ဖက်ဒရယ်ဆက်သွယ်ရေး ကော်မရှင် (အက်ဖ်စီစီ) က တိုက်တွန်းလိုက်ပါတယ်။

သုံးစွဲသူတွေရဲ့ အချက်အလက်တွေ တရုတ်နိုင်ငံကို ပေါက်ကြားမှာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေကြောင့် TikTok ကိုဖယ်ရှားဖို့အတွက် ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင်နာ ဘရန်ဒန်ကားက Apple နဲ့ Google တို့ရဲ့ စီအီးအိုတွေထံ စာပေးပို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။

Read more

မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးခရိုင်အတွင်းရှိမြို့နယ်များမှ ပါတီဝင်လူငယ်များတွေ့ဆုံပွဲ အခမ်းအနားကို ၄-၇-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် သေဆုံးခဲ့ရသည့် ပါတီဝင်များ၊ ပါတီမိသားစုများ၊ဝန်းရံသူများအား သတိရအောက်မေ့သည့်အနေဖြင့် ၂ မိနစ် ငြိမ်သက်ခဲ့သည်။

အခမ်းအနားအစီအစဉ်အရ တက်ရောက်လာကြသော တိုင်း/ခရိုင်/မြို့နယ်များမှ တစ်ဦးချင်း မိတ်ဆက်ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၁) ဦး တွေ့ရှိ

(၃-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၄-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၄၄၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၅) ရာခိုင်နှုန်း ရှိပါသည်။

Read more

ရေအားလျှပ်စစ်စီမံကိန်းအသစ် (၆)ခုလုပ်ဆောင်မည်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနအနေနဲ့ ရေအားလျှပ်စစ်စီမံကိန်း အသစ်(၆)ခု ကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ဆောင်ဖို့ တင်ဒါခေါ်ယူထားပါတယ်။ အသစ်လုပ်ဆောင်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေကတော့ ဖုန်အင်ခ ရေအားလျှပ်စစ်စီမံကိန်း၊ ကဆန်ရေအားလျှပ်စစ်စီမံကိန်း၊ နမ့်မယ် ဆိုင်ရေအားလျှပ်စစ်စီမံကိန်း၊ နမ့်ကန်ရေအားလျှပ်စစ်စီမံကိန်း၊ နမ့်တဘက်(ကယား)ရေအားလျှပ်စစ်စီမံကိန်းနဲ့ အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

Read more

တရုတ်-မြန်မာ နယ်စပ်ရှိ ပို့ကုန်ပစ္စည်းအားလုံးကို ကန်ဒေါ်လာတစ်မျိုးတည်းဖြင့်သာ အရောင်းအဝယ်ပြုလုပ်မည်

တရုတ်-မြန်မာနယ်စပ်ရှိ ပို့ကုန်ပစ္စည်း အားလုံးကို ယွမ်/ကျပ်အစား အမေရိကန် ဒေါ်လာဖြင့်သာ အရောင်းအဝယ် ပြုလုပ်မည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

ဆန်၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံ အစရှိသည့် ကုန်ပစ္စည်းများကို နယ်စပ်ဂိတ်များမှတစ်ဆင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုခွင့်ပြုထားရာမှ ဇူလိုင်လမှ စတင်ကာ ဒေါ်လာနှင့်သာ ပေးချေရန် နိုင်ငံ ခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Read more

MoU မြန်မာလုပ်သား ၅၁ ဦး ထိုင်းနိုင်ငံသို့ ထပ်မံထွက်ခွာ

ထိုင်းနိုင်ငံသို့ ပွင့်ဖူးအောင်အေဂျင်စီက တာဝန်ယူစေလွှတ်ပေးသည့် MoUမြန်မာလုပ်သား ၅၁ ဦး ဇူလိုင် ၃ ရက်တွင် ထိုင်းနိုင်ငံသို့ ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် ပွင့်ဖူးအောင်အေဂျင်စီက စေလွှတ်သည့် လုပ်သား ၅၁ ဦးသည် ဇူလိုင် ၃ ရက် နံနက်ပိုင်းက ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

Read more

ရေနံကုမ္ပဏီများအား စျေးလျှော့ရောင်းရန် ဘိုင်ဒင်တောင်းဆိုမှု Amazon ကုမ္ပဏီပိုင်ရှင် ပြင်းပြင်းထန်ထန်ဝေဖန်

ပြည်တွင်းလောင်စာဆီစျေးမြင့်တက်မှုနှင့်ပတ်သက်၍ ရေနံကုမ္ပဏီများက စျေးလျှော့ရောင်းကြရန် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၏  တောင်းဆိုမှုအပေါ် Amazon ကုမ္ပဏီပိုင်ရှင်နှင့် တည်ထောင်သူ ဘီလျံနာ Jeff Bezos က ပြင်းထန်စွာဝေဖန်လိုက်သည်။

“ခုချိန်ဟာ စစ်ဖြစ်နေတဲ့အချိန်ဖြစ်တာကြောင့် ကမ္ဘာလုံးဆိုင်ရာအခက်အခဲလဲဖြစ်နေပါတယ်။ ဒါကြောင့် ဆီဆိုင်တွေ ဖွင့်ကြဖို့နဲ့ စျေးကိုပြန်ညှိကြဖို့ ကျွန်တော်က ရေနံကုမ္ပဏီတွေကိုတောင်းဆိုတဲ့ မက်ဆေ့ချ်က ရှင်းပါတယ်”ဟု ဘိုင်ဒင်က သူ၏ တွစ်တာတွင်ရေးသားခဲ့သည်။

Read more

ဆစ်ဒနီတွင် လူပေါင်း ၃ သောင်းကျော် ရေဘေး စရှောင်

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမှာ ဒေသခံ ၃ သောင်းကျော်ဟာ ရေကြီးမှုအန္တရာယ်ကို ရှောင်ရှားဖို့ နေအိမ်တွေကနေ စတင်ရွှေ့ပြောင်းနေကြရပါပြီ။ ဩစတြေးလျရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဆစ်ဒနီဟာ လပေါင်း ၁၈ လအတွင်း အဆိုးဆုံး ရေကြီးရေလျှံမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ တနင်္လာနေ့  သတင်းစာရှင်းလင်းပွဲမှာ နယူးဆောက်ဝေးလ်ပြည်နယ် ဝန်ကြီးချုပ်က ဘေးလွတ်ရာရွှေ့ပြောင်းရေး အမိန့်ညွှန်ကြားချက်အတွင်းမှာ လူပေါင်း ၃ သောင်း ၂ထောင်ကျော် အကျုံးဝင်မှာဖြစ်တယ်လို့ ပြောပါတယ်။  ပြည်သူတွေကို အများပြည်သူ ယာဉ်လိုင်းတွေအပါအဝင် တခြား မလိုအပ်ဘဲ ခရီးသွားတာမျိုးရှောင်ရှားဖို့ အာဏာပိုင်တွေက ညွှန်ကြားထား ပါတယ်။ တချို့လမ်းမကြီးတွေဟာ ရေမြှုပ်နေပြီဖြစ်ပြီး ရုတ်တရက် ရေမြင့်တက်မှုဖြစ်ပေါ်နိုင်ခြေရှိနေတာပါ။ မိုးလေဝသဗျူရိုက ဆစ်ဒနီမှာ တနင်္လာနေ့က မိုးရေချိန်လက်မ ၄.၇၂ လက်မထိ ရွာသွန်းနိုင်တယ်လို့ ကြေညာထားပါတယ်။

Read more

ဗြိတိန်တွင် လောင်စာဆီစျေး စံချိန်တင်မြင့်တက်လာသဖြင့် ယာဉ်မောင်းများကားကိုဖြည်းညှင်းစွာမောင်းနှင်၍ ဆန္ဒပြ

ဗြိတိန်တွင် လောင်စာဆီစျေးနှုန်းများ စံချိန်တင်မြင့်တက်လာပြန်သဖြင့် ယာဉ်မောင်းများ မိမိတို့၏ ကားများကို လမ်းမပေါ်တွင် ဖြည်းညှင်းစွာမောင်းနှင်ခြင်း(Go-Slow)ဖြင့် ဆန္ဒပြခဲ့ကြသည်။ယာဉ်မောင်းများသည် အဓိကအားဖြင့် ၃လမ်းသွား ယာဉ်ကြောများတွင် အဓိကထားပြီး ဖြည်းညှင်းစွာမောင်းကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Read more

SkyNet ရွှေအောင်လံလက်ဝှေ့ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကျင်းပ

ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်၊ SkyNet ရုပ်သံလိုင်းက ကြီးမှူးကျင်းပတဲ့ ရွှေအောင်လံမြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲကို ဇူလိုင် ၃ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့အားကစားရုံမှာကျင်းပ ခဲ့ပါတယ်။

Read more